iOS 7 ရဲ့ ပြောင်းလဲတိုးတက်လာမှုများကို Apple က Screen Shot နဲ့ တကွ ပြန်လည် ရှင်းလင်းပြသချက်လေး ဖြစ်ပါတယ်။
ထူးထူးခြားခြား ပြေင်းလဲမှုကတော့ အရောင်နဲ့ဒီဇိုင်းပါ။ ကာလာ ပါးပါး
တောက်တောက် ဖြစ်လာပြီး၊ iCon ဒီဇီုင်း ပြောင်းလဲမှုက အဓိကပါ။ နောက်ထပ်
အခြားပြောင်းလဲမှုများစွာ ရှိပြီး အကြမ်းဖျဉ်း သိစရာလေးတွေကို Screen
shot နဲ့တကွ ဖော်ပြ လိုက်ရပါတယ်။
iPhone 4 နဲ့ နောက်ပိုင်းထွက် ဖုန်းများ, iPad 2 နဲ့
နောက်ထွက်ဖုန်းများ၊ iPad mini, iPod touch generation 5 တို့မှာ
အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ လက်ရှိ Developer Version နဲ့ Beta Version
အနေနဲ့ ဖြန့်ချိပေးထားပြီး နောက်ဆုံး End User အတွက်ကို လာမယ့်
စက်တင်ဘာနဲ့ အောက်တိုဘာလ ဝန်းကျင်မှာ ဖြစ်ပါတယ်။
-
Ref: Little Apple Lay
Aung Kham (TSJ team)
င်မရာ အတွက် iOS7 ထောက်ပံ့မှု ကို ပြသတဲ့ ပုံပါ။ ကာလာ Option ပိုစုံလာပါတယ်။ ရိုက်ပြီးတဲ့ ပုံ၊ဗီဒီယိုတွေကို iCloud , Air Drop တို့နဲ့ အလွယ်တကူ Share လို့ရအောင် UI ပါတယ်လို့ဆိုပါတယ်။
iTune Radio ပါ။ Spotify နဲ့တူပါတယ်။ သီချင်းများကို နားထောင်ဖို့အတွက်
လစဉ်ငွေတော့ သွင်းဖို့လိုပါမယ်။ ၁၉၅၀ ကျော်က သီချင်းကနေ
ယနေ့နောက်ဆုံးထွက်အထိ အကုန် ရှိပါတယ်။ သီချင်းများကို မှတ်သားမယ့်
setting လည်း စုံလင်စွာ ပါရှိပါတယ်။
Message App မှာ ပြန်စာပို့ဖို့၊ဖျက်ဖို့၊ ဖတ်ဖို့၊ ရေးဖို့တို့ကို
အလွယ်ကူဆုံး UI ဖြစ်အောင် ဖန်တီးတယ်လို့ဆိုပါတယ်။ touch slide
တစ်ချက်တည်းနဲ့ ကိုယ်ဒီ Message ကို Trash ထဲပို့မှာလား၊ Read
လုပ်မှာလား၊ Remark လုပ်မှာလား အစရှိသဖြင့် ဘေးကနေ ပေါ်လာပါတယ်။
ကိုယ်တိုင် မြင်တွေ့ရရင် ပိုသိပါလိမ့်မယ်။
Message ကို Reply လုပ်ဖို့ ဘယ်လောက်ထိ လွယ်ကူတယ်၊
ရှင်းလင်းတယ်ဆိုတာကို ပြသတာပါ။ စာတစ်ကြောင်း အစရိုက်ရုံနဲ့တင်
နောက်ဆက်တွဲစာကို အနီးဆုံးခန့်မှန်းပြီး ပေါ်လာစေတဲ့အတွက်
အဆုံးထိမရိုက်ပဲ Choose လုပ်ရုံနဲ့တင် လုံလောက်ကြောင်း ဆိုပါတယ်။
အမြင်လည်း ရှင်းပါတယ်။
ဓာတ်ပုံတွေကို ရိုက်ကူးတဲ့ နေရက်အလိုက်၊နေရာ၊အချိန်၊ ပုံနှင့်တကွ
ဒိုင်ယာရီအားလုံးတို့ကို သိမ်းဆည်းလို့ ထားနိုင်မယ့် Feature
ဖြစ်ပါတယ်။ ပုံကို ပြန်လည် Edit လည်း လုပ်ဖို့လွယ်ကူပြီး Folder
အလိုက်သမ်းဆည်းမှု၊ Sharing လုပ်မှု လွယ်ကူကြောင်း ဆိုပါတယ်။
သတင်းဖက်ရှုဖို့အတွက် Safari Browser ဘယ်လောက်ထိ သပ်ရပ်တယ်ဆိုတာကို
ပြသတာပါ။ စခရင်သေးသေး လေးပေါ်မှာ လည်း Width, Font size တို့ကို
အလိုအလျောက် ကစားပေးပါတယ်။ Bookmark, History အားလုံးကို အလွယ်တကူ
ပြန်ရှာနိုင်ပါတယ်။
Apple Weather App ပါ။ ထူးခြားချက်သိပမရှိပေမယ့် ဒီဇိုင်းမှာ သိသိသာသာ ပြောင်းပါတယ်။











Post a Comment