0

 

မလေးရှားနိုင်ငံရောက် မြန်မာများ တရားမဲ့ သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီကြီးများ နှုတ်ဆိတ်နေများသည် နိုင်ငံရေးတာဝန်ကို လျစ်လျူရှုရာရောက်ခြင်းဖြစ်ကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမျ ဝေဖန်ပြောဆိုလျှက်ရှိသည်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားမဲ့ ပြုကျင့်သတ် ဖြတ်ခံနေခြင်း အပေါ် အာဏာရပါတီဖြစ်သော ပြည့်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် နိုင်ငံသားများအတွက် ပါတီ သဘောထား ရပ်တည်ချက်များကို ထုတ်ပြန်ခြင်း၊ ထုတ်ဖော်ပြောကြားမှုများ မရှိခြင်းသည် နိုင်ငံရေးပါတီတစ်ခု တာဝန်တစ်ခုကို
လျစ်လျူရှုရာ ရောက်သကဲ့သို့ အမျိုးသားရေးတာဝန် မကျေပွန်ရာလည်း ရောက်ကြောင်း ဝေဖန်လျှက်ရှိသည်။


နိုင်ငံရေးသမား ဦးဘတင့်ဆွေ “  အာဏာရပါတီအနေနဲ့ရော၊ လူထုထောက်ခံမှု အများဆုံးရထားတဲ့ အတိုက်အခံ အင်အားကြီးပါတီကြီး အနေနဲ့ရော အခုမလေးရှားကိစ္စမှာ နိုင်ငံသားဘက်က မှန်မှန်ကန်ကန် ရပ်တည်ပေးဖို့ လိုပါတယ်။ မလေးရှားအစိုးရနဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကိုလဲ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုပ်ချမှုတွေကို လုပ်ဖို့လိုပါတယ်။ မဖြစ်သင့်တာတွေ နောက်ထပ်မဖြစ်စေလာဖို့ ကိုယ့်နိုင်ငံသားတွေ အတွက် ပါတီကြီးတွေက ရပ်တည်ပေးဖို့ လိုပါတယ်။ “
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မလေးရှားနိုင်ငံ အရေးကိစ္စနဲ့ ပတ်သက်၍ ပါတီ သဘောထားအား ဗဟိုအလုပ်မှုဆောင်များ သဘောတူညီဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ရမည် ဖြစ်သောကြောင့် ဇွန်လ ၁၇ ရက်တွင် ပြုလုပ်မည့် ဗဟို အလုပ်မှုဆောင်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပြီးမှသာ ပါတီ သဘောထားကို သိရမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက “ ပြစ်မဲ့ နိုင်ငံသားတွေအပေါ် တရားမဲ့ ပြုကျင့်သတ်ဖြတ်နေတဲ့အပေါ် နိုင်ငံရေးပါတီတေါအနေနဲ့ လျစ်လျူရှုလို့ မဖြစ်ပါဘူး။ ဒါဟာ နိုင်ငံရေး တာဝန်တစ်ရပ်ပါ။ ဒီလို လျစ်လျူရှုခြင်းဟာ နိုင်ငံရေးရာဇ၀တ်မှုကျူးလွန်ရာ ရောက်ပါတယ်။
အမျိုးသားရေးအရ ကိုယ့်နိုင်ငံသားတွေ တစ်ဦးချင်းဖြစ်စေ၊ အစုလိုက်ဖြစ်စေ သတ်ဖြတ်ခံရမှုများအား နိုင်ငံေ၇းပါတီတေါမှာ တာဝန်အပြည့်အ၀ရှိပါတယ်” ဟုပြောသည်။ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က “ နိုင်ငံရေးပါတီအနေနဲ့ နိုင်ငံသူ၊ နိုင်ငံသား တွေအတွက် ကာကွယ်ပေးဖို့ တာဝန်ရှိသူရှိတယ်။ နိုင်ငံသားတေါ ဘေးအန္တရာယ် ကျရောက်တယ်လို့ ပြောနေတဲ့ အပေါ်မှာလည်း နိုင်ငံရေးပါတီတွေက ကိုယ်လုပ်နိုင်မှု အပိုင်းကနေ ကာကွယ်စောင့်ရှောက်မှု ပေးရမယ်။ အထူးသဖြင့် သမ္မတလုပ်ချင်တယ်လို့ ပြောနေတဲ့ ပါတီခေါင်းဆောင်ကြီးတွေအနေနဲ့ ပြည့်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေအတွက် ကာကွယ်ပေးရမယ်။ သမ္မတဖြစ်ချင်တဲ့ သူတွေအတွက်တော့ ပြည်သူတွေအတွက် ပိုပြီးကြိုးစားသင့်တာပေါ့ “ ဟုပြောသည်။
အမျိုးသားဒီမိုကရေစီ ပါတီသစ်က ဇွန်လ ၇ ရက်က မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ လုံးခြုံမှုရှိစေရေး၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ဥပဒေပြဌာန်းချက်နဲ့အညီ ထိရောက်စွာ ကာကွယ်ပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ်မှ တိုက်တွန်းထားသည်။

ဝေမာသိမ့်
Yangon Media Group


Post a Comment

 
Top