0
                    NED က ပေးတဲ့ ဒီမိုကရေစီဆုနဲ့အတူ တွေ့ရတဲ့ ဦးမင်းကိုနိုင်၊ ဓာတ်ပုံ- ဇော်ဝင်း- ၈၈ -အမေရိကန်
 အမေရိကန် ပြည်ထောင်စုရဲ့ ဒီမိုကရေစီအားပေးထောက်ခံသည့် National Endownment for Democracy – NED က ၂၀၁၂ ခုနှစ်အတွက် ပေးအပ်တဲ့ ဒီမိုကရေစီဆုကို မြန်မာနိုင်ငံက ၈၈ မျိုးဆက် 
ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဇွန်လ ၄ ရက်နေ့က လက်ခံရယူခဲ့ပါတယ်။ 


အဆိုပါ ဒီမိုကရေစီဆုကို မြန်မာနိုင်ငံက ဦးခွန်ထွန်းဦး၊ ဒေါက်တာ စင်သီယာမောင်၊ ဦးကျော်သူ၊ ဦးအောင်ဒင်၊ ဦးမင်းကိုနိုင်တို့က ရရှိခဲ့တာဖြစ်ပြီး ယမန်နှစ်က ဆုပေးပွဲ ကျင်းပခဲ့စဉ် ၈၈ မျိုးဆက်
ကျောင်းသားများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွင် ကန့်သတ်ထားသည့်အတွက် ဦးမင်းကိုနိုင်က တက်ရောက်ကာ ဆုလက်ခံရယူနိုင်ခဲ့ခြင်း မရှိပေ။


ဆုပေးပွဲကို အမေရိကန် NED ဥက္ကဋ္ဌ ကားလ် ဂါ့ရှ်မန်းက အဖွင့်အမှာစကားပြောပြီး ညွှန်ကြားရေးမှူး ဘရိုင်ယန် ဂျိုးဆက် ကလည်း ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့နဲ့ ပရိသတ်ကို မိတ်ဆက်ပေးပြီး Examining the Transition to Democracy in Burma ခေါင်းစဉ်နဲ့ အကျဉ်းထောင်တွင်းအတွေ့အကြုံတွေကို အကျဉ်းချုပ် ပြောတဲ့ အစီအစဉ်တခု လုပ်ခဲ့ပါတယ်။ 

အဆိုပါ ဆုပေးပွဲကို အမေရိကန် ထိပ်တန်း နိုင်ငံရေးသမားတွေလည်း တက်ရောက်လာကြပြီး အထက် လွှတ်တော်အမတ် တွေဖြစ်တဲ့ ဂျွန်မက်ကိန်း၊ နန်စီပလိုစီ၊ ကွန်ဂရက်အမတ် ဂျိုးဇက် ခရိုလီ စသူတွေလည်း အားပေးလာခဲ့ကြပါတယ်။ 
  (ဧရာဝတီ)

Post a Comment

 
Top