အခု ကျွန်တော်
ပြောပြမယ့် နည်းလမ်းလေးကတော့ သိပြီးသားလူတွေ လည်း ရှိကြမှာပါ Mozilla Firefox ဟာ browser
တွေထဲမှာ လူသုံးအများဆုံး browser လေးပဲ ဖြစ်ပါတယ် အဲဒီတော့ အင်တာနက် သုံးကြမယ်ဆို
web browser တွေ အများကြီး ရှိကြတဲ့ အထဲကမှ Mozilla Firefox ကိုပဲ နှစ်သက်စွာ
အသုံးပြုကြပါတယ်
ကျွန်တော် အမြဲ ကြည့်နေကျ Website တွေ Bookmarks တွေ တချို့ website တွေဆို remember
password လုပ်ထာတွေ ရှိတယ် အဲ ကိုယ့် ကွန်ပျူတာကို တစ်ခြားလူလည်း သုံးတယ် ဆိုရင်တော့
remember password မလုပ်ပါနဲ့ တော်ကြာ ကိုယ့် password ကို ယူသွားရင် ဘယ်လိုလုပ်မလဲ
ပြောနေတာတောင် ဘယ်ရောက်သွားပြီလဲ မသိဘူး အော် အဲ့ဒီလို Mozilla Firefox ရဲ့ Setting
တွေ အကုန်လုံးကို Backup လုပ်ထားရင် အဆင်ပြေတာပေါ့ဗျာ ..
အခန့်မသင့်လို့ Windows ပြန်တင်ရင်ပဲ
ဖြစ်ဖြစ် Firefox ကို ပြန် Install လုပ်တာပဲ ဖြစ်ဖြစ် restore လုပ်လိုက်တာနဲ့ ကိုယ့်
အရင်က ထားခဲ့တဲ့ setting အကုန်လုံးကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။
ကဲ စလိုက်ကြရအောင်
ပထမ ဆုံး
Ctrl+R နဲ့ Run box လေးခေါ်လိုက်ပါ ပြီးရင်
%userprofile%\Application
Data\Mozilla\Firefox\Profiles
ကို ရိုက်ထည့်လိုက်ပါ....
အဲဒါဆိုရင်
Firefox ရဲ့ Profile အားလုံးကို မှတ်ထားတဲ့ i1717t02.default ဆိုတဲ့ Folder လေးကို
တွေ့ပါလိမ့်မယ်.. (i1717t02 ဆိုတာ ကွန်ပျူတာရဲ့ Code ပါ.. ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးက
Code တွေ မတူပါဘူး) .. အဲဒီ Folder တစ်ခုလုံးကို D ထဲမှာ ဖြစ်ဖြစ် stick ထဲမှာ ဖြစ်ဖြစ်
save ထားလိုက်ပါ ဒါဆိုရင် ရပါပြီ..
နောင်တစ်ချိန် အကြောင်းကြောင်း ကြောင့်
Firefox ကို Restore ပြန်လုပ်ရင် Run ထဲကနေ ခုနက Command ပြန်ရိုက်လိုက်ပြီး ခုနက သိမ်းထားခဲ့တဲ့
Folder လေးကို ပြန်ကူထည့်လိုက်ရင် မိမိ အရင်က ထားခဲ့တဲ့ Firefox ရဲ့ setting အကုန်လုံးကို
အလွယ်တူ ပြန်ရနိုင်ပြီး အရင်မှတ်ထား တဲ့ အချက်အလက်တွေ အတိုင်း ပုံမှန် ပြန်သုံးနိုင်ပါတယ်
Bookmarks တွေ ပြန်မရှာရတော့ဘူးပေါ့ဗျာ
အားလုံးအဆင်ပြေပါစေ
ဗျာ
==========
အောင်ကျော်ခိုင်(ပုသိမ်) မှပြန်လည်မျှဝေပါသည်

Post a Comment