0

ရန်ကုန်  ဇွန်  ၁၂
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများတွင် အရည်အချင်း ပြည့်ဝသော မျိုးဆက်သစ် မီဒီယာ လုပ်သားကောင်းများ ပေါ် ထွက်လာစေရန်
ပြန်ကြားရေး ဝန်ကြီးဌာန အသိအမှတ်ပြု Myanmar media Development Center (MMDC) ၏ ရုပ်သံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဒီပလိုမာ (Diploma in TV Broad-casting) သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ Sedona Hotel ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဌာနဆိုင်ရာများ၊ Forever Group Co., Ltd.မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ MMDC မှ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များနှင့် ကျောင်းသား မိဘများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ Forever Group Co.,Ltd. မှ CEO ဦးဝင်းမော်နှင့် DW အကယ်ဒမီမှ Mr.Andreas တို့က ဂုဏ်ပြု စကား ပြောကြားပြီး Diploma သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ အဖွဲ့ (၄) ဖွဲ့၏ Final Project Progr-am လေးခုတွင် ပထမဆု ရရှိသော Group-4 မှ Hugs For the innocents Project အားလည်း ကောင်း၊ ဒုတိယဆု ရရှိသော Group-1 မှ ကုန်ပစ္စည်းများ၏ အထူးဈေးနှုန်း အကြောင်းအရာ များကိုပရိ သတ်နှင့် Promotion ပြုလုပ်ခြင်း Project အားလည်းကောင်း၊ တတိယဆု ရရှိသော Group-3 မှ ''ရွှေအိပ် မက်များနှင့် မြန်မာ'' ခေါင်းစဉ်ဖြင့် ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သော ရိုက်ကူးထားသည့် အစီအစဉ်များကို လည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသော Group-2 မှ မြန်မာနိုင်ငံတစ်ဝန်း အထင်ကရ နေရာများသို့  သွားရောက် လေ့ လာနိုင်စေရန် Project အားလည်းကောင်း အသီးသီး ပြသသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် Forver Group မှ ဦးခင်မောင်ဌေးတို့က သင်တန်း ဆင်းအောင်လက် မှတ်များ အသီးသီး ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင် က Project ပထမဆု ရရှိသူများအားလည်းကောင်း၊ လူမှုရေးဝန်ကြီး Dr. မြင့်သိန်းက Project ဒုတိယဆု ရရှိသူများအား လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ရုပ်သံမီဒီယာ Group များမှ တာဝန်ရှိပုဂ္ဂိုလ် များက တတိယဆုနှင့် နှစ်သိမ့်ဆုရ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ယင်းနောက်Forever Group မှ ဦးခင်မောင်ဌေးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်း ဆင်း ကျောင်းသား၊ ကျောင်းသူများကိုယ်စား မောင်ခန့်ကိုကိုဟိန်းနှင့် မနှင်းလဲ့ရွှေရည်တို့က ကျေးဇူးတင် စကား ပြန် လည်ပြောကြား ခဲ့သည်။ အဆိုပါ သင်တန်းတွင် ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာ အဆင့်ဆင့် သင်ခန်းစာများ၊  Journalism, Script writing, Video Editing, Camera Shooting, Communication Skill, Production နှင့် Presentation Skill ဆိုင်ရာ မီဒီယာ သင်ခန်းစာများကို လက်တွေ့သင်ကြား ပို့ချခဲ့သည်။ သင်တန်းကာ လမှာ ၁ဝ လကြာမြင့်ခဲ့ပြီး သင်တန်းသား ဦးရေ ၄၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 Written by 

Post a Comment

 
Top