စိန့်ပီတာစဘာ့ခ်ျ
ဇွန် ၂ဝ
ပြင်သစ် နိုင်ငံလုပ်
Mistral အမျိုးအစား ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းအား ရုရှား နိုင်ငံက
ဝယ်ယူခဲ့ပြီး အဆိုပါ သင်္ဘောသည် အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ သင်္ဘောကျင်းမှ
ထွက်ခွာလာမည်
ဖြစ်ကြောင်း ရုရှားနိုင်ငံ ထိပ်တန်း အရာရှိ တစ်ဦးက ဇွန် ၂ဝ ရက်တွင်ပြော ကြားခဲ့သည်။
ထိုစစ်သင်္ဘော
တည်ဆောက်မှုသည် ပြီးဆုံးပြီဖြစ်ပြီး ရုရှားနိုင်ငံလုပ် စစ်လက်နက် ပစ္စည်းများကို တပ်ဆင်သွား
မည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကို ကွပ်ကဲလျက် ရှိသော ရုရှား ဒုတိယ
ဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင်က ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘော
တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၆ဝဝ နှင့် ၇၅ဝ အကြား တန်ဖိုးရှိပြီး ထိုသင်္ဘောနှစ်စင်း
ဝယ်ယူရန်အတွက် သဘောတူ စာချုပ်အား ရိုဂိုဇင်၏ ၂ဝ၁၁ ခုနှစ် ဇန်န ဝါရီလက သွားရောက်ခဲ့သော
ပြင်သစ် နိုင်ငံခရီးစဉ်တွင် သဘောတူခဲ့ပြီး ဇွန်လတွင် လက်မှတ် ရေးထိုးခဲ့ခြင်း
ဖြစ်သည်။
မြ၀တီ

Post a Comment