မလေးရှားရောက် မြန်မာတချို့ အသတ်ခံရတဲ့အတွက် Facebook မှာ ဝမ်းနည်းကြောင်း သင်္ကေတနဲ့ ဖော်ပြနေကြပါတယ်။အဲဒါကတော့ ကိုယ့် Facebook Profile ပုံတွေကို အနက်ရောင် ထင်ထင်ရှားရှားခြယ်လိုက်ကြခြင်းပါပဲ။
Facebook သုံးသူတဦးဖြစ်တဲ့ နတ်ဆရာကြီး အမည်ခံသူက ... "ယခုအချိန်မှစ၍ မဲမဲမြင်သမျှ Like လုပ်ပါမည်" လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တဲ့ ၀မ်းနည်းကြောင်း ဖော်ပြမှုတွေကို ဒီကနေ့အထိ
တွေ့နေရဆဲပါ။ အနက်ရောင် သင်္ကေတ သုံးသူ အရေအတွက် ပိုမို တိုးပွားလာမယ်လို့
ယူဆပါတယ်။
မလေးရှားရောက်
မြန်မာပြည်သားတွေ ပြည်တော်ပြန်လိုတယ်ဆိုရင် အခမဲ့ ပို့ဆောင်ပေးမယ် လို့
ကြေညာတဲ့ မြန်မာ့ လေကြောင်းလိုင်းတချို့တောင် ပေါ်လာပါတယ်။
မကြာခင်ကပေါ်ပေါက်လာတဲ့
သတ်ဖြတ်မှုတွေကြောင့် မလေးရှားရောက် မြန်မာတွေကြားထဲ ထိတ်လန့်နေသူ
အများအပြားရှိမှာ သေချာပါတယ်။ သို့သော်လည်း ချက်ချင်း ပြည်တော်ပြန်ဖို့
အစီအစဉ် ရှိကြ မရှိကြ ဆိုတာကိုတော့ မသိရသေးပါ။
မလေးရှားရောက် မြန်မာပြည်သားများအရေး လေ့လာ လိုတယ် ဆိုရင်တော့ www.facebook.com/mmrinmy က အတော်လေး အထောက်အကူ ပြုပါလိမ့်မယ်။
post By http://www.blogger.com/blogger.g?blogID=5958201485282992063#editor/target=post;postID=7791036496535993394
Subscribe to:
Post Comments (Atom)


Post a Comment