မြန်မာနိုင်ငံ ပညာရေးကဏ္ဍတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် အမျိုးသားပညာရေး ဥပဒေ တစ်ရပ် ပေါ်ထွက်လာရေးကို နိုင်ငံလုံးဆိုင်ရာ
ပညာရေး ညီလာခံတစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်၏ သတင်းစာရှင်းလင်းပွဲက
သိရှိရသည်။
အဆိုပါ
ညီလာခံကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လာမည့် ဇွန်လ (၈)ရက် နှင့်
(၉)ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (ခ၀ဲခြံ)
ရန်ကုန် မျက်မမြင်ကျောင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့
နိုင်ငံက အာဏရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တာဆိုတော့
အမျိုးသား ပညာရေးမရှိဘဲ အာဏာရှင်တွေရဲ့ စိတ်ကြိုက်ရေးဆွဲဆောင်ရွက်ခဲ့တဲ့
စနစ်အောက်မှာ ပညာရေးက နိမ့်ကျခဲ့ တယ်။ ဒါကြောင့် ခုလို
ပညာရေးမြှင့်တင်နိုင်အောင် အမျိုးသားပညာရေး စနစ်ကို ပေါ်ထွန်းစေမယ့်
ညီလာခံတစ်ရပ် လုပ်သွားမှာဖြစ်တယ်။” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီမှ ဒေါက်တာ ဦးသိန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင်
ပညာရေးမှုဝါဒတစ်ရပ်ရှိပါက အဆိုပါ မူဝါဒအပေါ်အခြေခံ၍ ဥပဒေတစ်ရပ်
ပြဋ္ဌာန်းသွားမည် ဖြစ်ပြီး တစ်စုံတစ်ခု ပြသာနာဖြစ်ပေါ်လာပါ
လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်မှုမရှိဘဲ ပညာရေးကိစ္စ အခန်းကဏ္ဍ အသီးသီးတွင်
ဥပဒေအတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင်
နေထိုင်သည့် မြန်မာလူမျိုး အပါအ၀င် တိုင်ရင်းသားအသီးသီးနှင့် ကိုက်ညီမည့်
ပညာရေး စနစ်ဖြစ်ရန် လိုအပ်ကြောင်း နှင့် အဆိုပါ ပညာရေးစနစ်သည်
နိုင်ငံသားများ ကိုယ်တိုင် လိုအပ်သည့်၊ လိုလားသည့်
ပညာရေးစနစ်တစ်ခုစေဖြစ်ရန်လိုအပ်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာ ကွန်ယက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီညီလာခံ
ဖြစ်မြောက်ဖို့ အတွက် တိုင်းနဲ့ပြည်နယ် (၁၄)ခုလုံးမှာ နိုင်ငံလုံးဆိုင်ရာ
ပညာရေးကွန်ယက်ကို ဒီနှစ် မတ်လက စပြီးလုပ်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံရဲ့
ပညာရေးက နာတာရှည် ရောဂါစွဲကပ်သလိုမျိုး ဖြစ်နေပြီ။ အဲ့ဒါကြောင့်
ဆေးမျိုးစုံ၊ ရောဂါကုထုံးမျိုးစုံနဲ့ ကုမှရတော့မှာ။ နှစ်ပေါင်းများစွာ
ပျက်စီးတဲ့ ပညာရေးစနစ်ကို ပြန်ပြီး နလံထူလာအောင် ပညာရေးစနစ်တစ်ခုကို
စနစ်တကျရေးဆွဲဖို့ လိုအပ်လာတယ်။ ” ဟု (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုးထွန်းက ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ
ပညာရေး ညီလာခံတွင် ပညာရေးနှင့် ပတ်သတ်သည့် အခြေခံမူဝါဒများကို
ခေါင်းစဉ်ကြီး (၁၃)ခု အောက်၌ ထည့်သွင်းကာ ဆွေးနွေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော့်တစ်သက်မှာ
ဒီလို ပညာရေးညီလာခံလုပ်တယ်ဆိုတာ တစ်ခါမှ မမြင်ဖူး မကြားဖူးဘူး ၊ အခုလို
ပညာရေးစနစ်ကို ပြောင်းလဲဖို့ ညီလာခံလုပ်တာ ကောင်းတယ် ကျွန်တော်တို့
ပညာရေးစနစ်မှာလည်း ပြောင်းလဲဖို့ လိုအပ်တာတွေ အများကြီး” ဟု ရန်ကုန်မြို့နေ အသက်(၂၅)နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ
ညီလာခံကျင်းပနိုင်ရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းတွင် ပညာရေးစနစ်
ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်
မတ်လမှ စတင်ကာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဒေသဆိုင်ရာ
ပညာရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကွန်ယက်က သိရသည်။
ရွှေစင်စုလတ် (မြစ်မခ)
Post a Comment