ပဲခူးတိုင်းဒေသကြီး
ဖြူးမြို့နယ် ၀ဲကြီးကျေးရွာအုပ်စု ၀ဲကြီးမြောက်ကမ်းရွာတွင် မင်္ဂလာဆောင်မည့် နံနက်ပိုင်းတွင်
သတိုးသား၏ခင် ဒဏ်ရာဖြင့် ကြိုးကွင်းစွပ်လျှက်သေဆုံးမှုတစ်ခု
ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ
ဇွန် ၁ ရက်နေ့နံနက် ၄ နာရီခန့်က ဖြူးမြို့နည်း ၀ဲကြီးကျေးရွာအုပ်စု ၀ဲကြီးမြောက်ကမ်းရွာ
နေ ရဲဝင်းအောင် (၂၅) နှစ်၏
မင်္ဂလာဆောင်တွင် ကူညီလုပ်ကိုင်နေသူ
အမျိုးသမီးတစ်ဦးမှာ အိမ်နောက်ဘက်သွားရာမှာ ကြောက်လန့််အော်ဟစ်၍ ပြန်ပြေးလာသဖြင့် မေးမြန်းကြည့်ရာ
၎င်းက လူကြီးတစ်ဦး နွားတင်းကုတ်အတွင်း၌
ကြိုးတန်းလန်းဖြင့် သေဆုံးနေကြောင်း
ပြောပြသဖြင့် မင်္ဂလာဆောင်နေအိမ်ရှိ လူများသွားရောက် ကြည့်ရှုရာ သတို့သား ရဲဝင်းအောင်၏ ဖခင်
ဦးသိန်းလွင်(၅၁) နှစ်မှာ နွားတင်းကုတ်
အတွင်း ထုတ်တန်း၌
အင်္ကျီမပါ၊ ပဆိုးဝတ်ဖြင့် လက်သန်းခန့် နိုင်လွန်ကြိုးစွပ်လျှက်
သေဆုံးနေသည်ကို တွေ့ရှိရပြီး လည်ပင်းရှေး၌ ပြတ်ရှဒဏ်ရာတစ်ခုမှ သွေးထွက်၍ သေဆုံးနေသည်ကိုတွေ့ရသည်။
သေဆုံးမှုနှင့် ပတ်သက်၍ ဖြူးမြို့မ ရဲစခန်းမှ (ပ) ၁၈၆/ ၂၀၀၃၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့်
ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်ဟူ၍ ယနေ့ ဇွန်လ ၈ ရက်နေ့ထုတ်ဝေသော ကြေးမုံသတင်းစားတွင်
ရေးသားဖော်ပြပါရှိသည်။
Mynamar
Daily News
Post a Comment