0
လယ်သမား တစ်ဦးက ၁၀ နှစ်အရွယ် သူ့သားလေးကို ယခုလို ခေါ်ပြီး မေး ပါတယ်။

 "သားလေး။ ဟိုချယ်ရီပင်ကို မင်းခုတ်ခဲ့တာလား"

သားငယ်ကလည်း ဂုဏ်ယူစွာနဲ့ "ဟုတ်တယ် ဖေဖေ၊ သားခုတ်ခဲ့တာပါ။ မလိမ်ပါဘူး" လို့ ဖြေပါတယ်။

ဒီတော့ သားကို ဖအေဖြစ်သူက နားရင်းရိုက်ဆုံးမပါတော့တယ်။ ဒါကြောင့် သားဖြစ်သူက အဖေ့ကို -

 "ဂျော့ဝါရှင်တန် ကလေးဘဝက သစ်ပင်ခုတ်တော့ သူ့အဖေ ခုလို မရိုက်ပါဘူး အဖေ" လို့ ငိုကြီးချက်မနဲ့ ပြောပါတယ်။

ဒီတော့ အဖေဖြစ်သူက အောက်ပါအတိုင်း ပြောပါတယ်။

"အေး ဂျော့ဝါရှင်တန် ချယ်ရီပင်ခုတ် ခုတ်တုန်းက အပင်ပေါ်မှာ သူ့အဖေ ရှိမနေဘူးကွ"

--------------
-------------
သင်ခန်းစာ -

ဘယ်အလုပ်ဖြစ်ဖြစ် ချီးကျူးထောပနာခံရဖို့ ကြိုးစားတဲ့အခါ ကိုယ့် ကြောင့် ထိခိုက်သူ မရှိအောင် အရင်စူးစမ်း လေ့လာ သင့်ပါတယ်။
-
Ref:enterjoke

Aung Kham (TSJ team)

Post a Comment

 
Top