မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု မှတ်တမ်းများ အရ လူကုန်ကူးမှု ဖြစ်စဉ်များဟာ
တရုတ်နိုင်ငံကို လူကုန်ကူးမှု အများဆုံး ဖြစ်ပွား လျက်ရှိတာ ဖြစ်တယ်လို့
လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ သိရပါတယ်။ အခုလို
လူကုန်ကူးမှုများ အနေနဲ့ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားမှုတွေမှာ တရုတ်နိုင်ငံကို
လူကုန်ကူးမှု အများဆုံး ဖြစ်ပွားတာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ အစရှိတဲ့ နိုင်ငံတွေကို လူကုန်ကူးမှုများ
ဖြစ်ပွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလို လူကုန်ကူးမှု ဖြစ်ပွားရာ
မှာလည်း ယခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ၄ လတာ ကာလ အတွင်း
တရုတ်နိုင်ငံကို လူကုန်ကူးမှု ၁၄ မှု၊ ထိုင်းနိုင်ငံကို လူကုန်ကူး ခံရမှု ၇
မှုနဲ့ ပြည်တွင်း လူကုန်ကူးမှု ၄ မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ဖြစ်ပွားရာမှာလည်း အဓမ္မ လက်ထက် ထိမ်းမြားမှု ၁၅ မှု၊ အဓမ္မခိုင်းစေမှု ၃
မှု၊ ပြည့်တန်ဆာမှု ၆ မှုနဲ့ ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေမှု ၁ မှု အပါအ၀င်
စုစုပေါင်း ၂၅ မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4
Subscribe to:
Post Comments (Atom)
Post a Comment