ငါးလုပ်ငန်းဦးစီးဌာနမှ ငါး ရစ်ငါးသန်ဖမ်းဆီးခြင်းကို ဧပြီလ မှ
ဇွန်လကုန်အထိ ဥကပ်နေသော (သို့) ဥနှင့်ပြည့်ဝနေသောငါးများ ကို
မဖမ်းဆီးရေးအတွက် ဥပဒေ ပုဒ်မ ၄၄/၄၅ အရ ပြဋ္ဌာန်းထား သော်လည်း
အချို့ကျေးလက်နေ ပြည်သူများသည်စည်းက်းမဲ့စွာ ငါးဖမ်းဆီးခြင်းကိုကြောင်း သိရ
သည်။
ကောလင်းမြို့နယ်၊ အုတ်ဆုံ ဂရမ်အင်းအတွင်းရှိ မြင်းဝန်းဆည် အတွင်းတွင်
ငါးဖမ်းနေကြောင်း သတင်းအရ ငါးလုပ်ငန်းဦးစီးဌာန
ဦးစီးမှူးဦးညီညီလင်းထွဋ်နှင့် အဖွဲ့
ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း ၍ မေ (၂၈) ရက်နေ့တွင် အဆိုပါ
နေရာသို့သွားရောက်စစ်ဆေးရာ အောက်သီတရာကျေးရွာမှ ဦးသိန်းထွန်းသည်
ယင်းအစိတ်ခင်း လျက် ငါးဖမ်းနေသည်ကို ငါးပေါက် စမျိုးစုံ (၄)
ပိဿာခန့်နှင့်အတူ စစ်ဆေးတွေ့ရှိရပြီး စစ်ဆေးမေး မြန်းချက်အရ
အင်းသူကြီးဟောင်း ဖြစ်သူ ဦးမောင်ထွေးငါးများဖြစ် ကြောင်းနှင့်
ညီဖြစ်သူအား ကူညီ ၍ ငါးဖမ်းပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
သို့ဖြစ်၍ ငါးလုပ်ငန်းဦးစီး ဌာနမှ ဦးစီးအရာရှိဦးညီညီလင်း ထွဋ်မှ
ဦးသိန်းထွန်း (ဘ) ဦးအုန်းမောင်၊ အသက် (၄၁) နှစ်၊
အောက်သီတရာကျေးရွာတို့အား ကောလင်းရဲစခန်းတွင် ဥပဒေအရ အရေးယူပေးရန်
တိုင်ကြားသဖြင့် ကောလင်းရဲစခန်းမှ (ပ)၁၇၅/ ၂၀၁၃၊ ရေချိုလုပ်ငန်းပုဒ်မ ၄၅
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျေးလက်နေပြည်သူအချို့ သည်နှစ်စဉ်မိုးရာသီရောက်ပါက
စပါးစိုက်ခင်းများအတွင်းနှင့် ချောင်းရိုးမြောင်းရိုးများအတွင်းတွင်
မြုံးထောင်ခြင်း၊ ပိုက်တန်ခြင်း၊ ဘက်ထရီရှော့တိုက်ဖမ်းဆီးသည့် အတွက်
ရေနေသတ္တ၀ါ၊ ငါး၊ ငါးရှဥ့်၊ ဖားတို့သေကြေရသည်မှာ
စိတ်မချမ်းမြေဖွယ်ရာဖြစ်သည်။ စပါးစိုက်ခင်းများအတွင်း ထိုကဲ့သို့
ဘက်ထရီရှော့တိုက်ဖမ်းဆီးသည့် အတွက် လျှပ်စစ်စီးကြောင်းအတွင်း
ကျရောက်သောစပါးပင်များသည် အစိမ်းရောင်မှ ၀ါဖျော့ဖျော့အရောင်
သို့ပြောင်းကာအပင်များနာရ ကြောင်း ကိုယ်တွေ့ကြုံရသူများ က ပြောဆိုသည့်အတွက်
ကျေးလက်နေပြည်သူအချို့အနေ ဖြင့် ငါးသယံဇာတများ မပြုန်းတီး ရေးအတွက်
ထိန်းသိမ်းရန်လိုအပ် သည်ဟု သိရသည်။
စိုင်းလူမ
Subscribe to:
Post Comments (Atom)

Post a Comment