(ရန်ကုန်၊ ဇွန် ၁၉)
မြန်မာ၊ ထိုင်း ၊ လာအို သုံးနိုင်ငံတို့နှင့်
နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ
တာချီလိတ်မြို့ ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ
အအေးဆိုင်တွင် ဇွန်လ ၁၈ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ခန့်က အအေးဆိုင် ထိုင်နေသူ
လေးဦး အနက် နှစ်ဦး သေနတ်ပစ်ခံရ၍ တစ်ဦး သေဆုံးခဲ့ကြောင်း
တာချီလိတ်မြို့နယ် ရဲစခန်း စခန်းမှူးရဲအုပ် တင်ဌေးက ပြောကြားသည်။
အသက်
၃၅ နှစ်အရွယ် ဦးစိုင်းဝန်း ကျောက်နှင့် အသက် ၃၀ အရွယ်ရှိ
ဦးဇော်မင်းထွန်း အပါအဝင် လူလေးဦး အအေးဆိုင် ထိုင်နေရာမှ ၎င်းတို့
နှစ်ဦးကိုသာ အအေးဆိုင် ဘေးလမ်းရှိ မှောင်နေ
သောနေရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေနတ်သုံးချက် ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံ ဦးကျော်မြင့်က ပြောကြားသည်။
သေဆုံးသူ ဦးစိုင်းဝန်းကျောက်သည် နားထင်တွင် သေနတ်ဒဏ်ရာဖြင့်
သေဆုံးခဲ့ပြီး
ကျန်တစ်ဦး ဦးဇော်မင်းထွန်းသည် ဘယ်ဘက် လက်မောင်းနှင့် ညာဘက်ပေါင်တွင်
အရိုးကြေ ဒဏ်ရာရရှိပြီး တာချီလိတ် ဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့
လေယာဉ်ဖြင့် လွှဲပြောင်းတင်ပို့ ကုသလျက် ရှိကြောင်း ၎င်းကို ဇွန်လ ၁၉ ရက်နေ့
နေ့လယ် ၁၂ နာရီတွင် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း အဆိုပါ
ရဲစခန်းထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်သူသည် မည်သည့် ယာဉ်ကိုမှ
အသုံးပြုခြင်း မရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ပြီး ပြန်လည် ထွက်ခွာသွားကြောင်း
တာချီလိတ်မြို့ခံ တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့
ရောက်သွားတော့ ကိုစိုင်းဝန်းကျောက်က အသက်ရှုနေသေးတယ်၊ သွေးတွေတော့
ရွှဲနေတာပဲ”ဟု အဆိုပါ သေနတ်ပစ်ခံရသူများကို သွားရောက် ကူညီခဲ့သည့် မဇ္ဈိမ
လူမှု ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြားသည်။
အဆိုပါ
အမှုနှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်သူများကို ညတွင်းချင်းပင် လမ်းများ
ပိတ်ဆို့ပြီး ရှာဖွေနေပြီး မသင်္ကာသူများကိုလည်း စိစစ်လျက် ရှိကြောင်း
တာချီလိတ်သည် တစ်ဖက်နိုင်ငံနှင့် ချောင်း တစ်ခုသာ ခြားသောကြောင့်
ပြစ်မှုတစ်ခု ကျူးလွန်ပါက အချိန်မရွေး ထွက်ပြေး လွတ်မြောက်နိုင်သည့်အတွက်
ရဲတပ်ဖွဲ့ဝင်များတွင် ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိရန် အခက်အခဲများ
ရှိကြောင်း ယင်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းအပြင်
တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်တွင် မေလ ၆ ရက် ည ၇နာရီ ၁၅
မိနစ်ခန့်က အသက် ၃၂ နှစ် အရွယ် ဆံပင်ညှပ်ဆိုင် ပိုင်ရှင်သည်
ဆံပင်ညှပ်ပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ခဲ့ကြောင်း
တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)

Post a Comment