0
မန္တလေးတိုင်း ဒေသကြီးအစိုးရက လျှပ်စစ်မီးကို အသေရရ အရှင်ရရ လိုချင်နေပုံပါပဲ။

မနှစ်တုန်းဆီက  မန္တလေး မြို့ခံတွေ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြခဲ့တာကြောင့် လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက်  နည်းလမ်းပေါင်းစုံ သုံးပြီး  ကြိုးစားဆောင်ရွက်နေတာလို့ ယူဆရပါတယ်။


 ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းများတွင် နေထိုင်သူများက ဆိုလာပြားများဖြင့် ၄င်းတို့၏ ဘ၀ကို မြှင့်တင်နေစဉ် (သတင်းနှင့် ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ

အခု နောက်ဆုံး သိရတာကတော့ တိုင်းအစိုးရက ဒေသတွင်း လျှပ်စစ်မီးစီမံကိန်းတွေအတွက် အကျိုးတူ ပူးပေါင်း လုပ်ဆောင်မယ့် ဆိုလာ ကုမ္ပဏီတွေကို မြေနေရာ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားတယ် ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု ACO (Investment Group)နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေပြီ လို့ သိပါတယ်။

လောလောဆယ်တော့ ကျောက်ဆည်ခရိုင်  သီးပင်ကျေးရွာမှာ ဆိုလာစနစ်နဲ့ မီးလင်းစေဖို့အတွက် ဆိုလာပြားတွေ ချပေးထားပါတယ် တဲ့။  

Post a Comment

 
Top