၈၈မျိုးဆက်(ငြိမ်းချမ်းရေး
နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှဧရာ ၀တီတိုင်းဒေသကြီး ၀န်ကြီးချုပ် ထံသို့ ဒေသတွင်းဖြစ်ရပ်မှန်ဖြစ်
စဉ်တခုကို အသိပေး/မေတ္တာရပ် ခံစာတစ်စောင်ပေးပို့ထားကြောင်း သိရသည်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ချုပ် ထံအသိပေး မေတ္တာရပ်ခံချက် စာပါအကြောင်းအရာများအရသိ ရှိရသည်မှာ ဧရာဝတီတိုင်းဒေသ ကြီး ကလေးမြို့နယ်ကဒုံကနိ ကျေးရွာ အုပ်စုတွင် ကျေးရွာအုပ် ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်း စဉ်များမှာ ကန့်ကွက်မှု့အချို့ ကြောင့်ရပ်နားထားရသဖြင့်ကျေး ရွာအုပ်ချုပ်ရေးမှုး ကင်းမဲ့လျှက် ရှိနေကြောင်း တရားဥပဒေစိုးမိုး ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို
အချိန်မရွေး ထိခိုက်နိုင်ပါကြောင်း
၈၈မျိုးဆက် ငြိမ်ချမ်း/ပွင့်လင်းမှ ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ထံ အုပ်ချုပ်ရေးမှူးအမြန်ရွေးချယ်
ရန်မေတ္တာရပ်ခံခဲ့သော်လည်း အဖွဲ့တခု၏ကန့်ကွက်မှုရှိနေသော ကြောင့် ရပ်ဆိုင်းထားမည်ဖြစ်
ကြောင်း ပြန်ကြားချက်ကို ကဒုံကနိဒေသခံများထံမှ တဆင့် ကြားသိရပါကြောင်း၈၈မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း၏မေတ္တာရပ်ခံ
စာပါဒုတိယအချက်တွင် ကဒုံ ကနိကျေးရွာ အုပ်စုမရမ်းချောင်း ဒေသတွင် အုပ်ချုပ်ရေးမှူး ဟောင်းဦးဇော်မင်း၊ရာအိမ်မှူး
ဟောင်းဦးဋ္ဌေးတင်အောင်နှင့် ရှေးရိုးဂရံပိုင်ရှင်ဒေါ်စန္ဒာတို့နှင့် ဒေသခံရေလုပ်သားအများစု၏
ပဋိပက္ခ ဖြစ်စဉ်တွင်၂၀၁၂ခုနှစ် သြဂုတ်လနှင့်စက်တင်ဘာလခန့် တွင် ရွာသားတစ်ဦးမှ ရဟန်းတစ်
ပါးအား ပုဇွန်ဆွမ်းကပ်ရာ၌ရှေး ရိုးဂရံပိုင်ရှင်ဒေါ်စန္ဒာမှ “ခေါင်း အရေခွံနွာပြီးဘိနပ်လုပ်စီးပစ်
မည်” ဟုအော်ဟစ်ဆဲဆိုခဲ့သော ကြောင့် ရွာသားများမှကဒုံကနိ ရဲစခန်းသို့ သွားရောက်တိုင်ကြား
ခဲ့ပါကြောင်း သို့သော် ရဲစခန်းမှ အရေးယူဆောင်ရွက်ခဲ့ခြင်းမပြု လုပ်ခဲ့သည်ကို ရွာသားများမှ
ဒေါ သထွက်ပြီး ကျေးရွာရှိအိမ်၎လုံး ကိုဖြိုဖျက်ခဲ့ကြသည်ဟုဆိုကြောင်း ၎င်းအမှု့အရကျေးရွာသား၃၃ဦး
အဖမ်းခံရသည်ဟုဆိုကြောင်း နောက်ပိုင်းတွင် ထိုအဖမ်းခံရသူ (၃၃)ဦးမှာအာမခံဖြင့် ပြန်လည်
လွတ်မြောက်ခဲ့ကြောင်း သို့သော် လွတ်မြောက်လာပြီး၉လခန့်ကြာ မြင့်ခဲ့ပြီးနောက် ၂၇.၅.၂၀၁၃
နေ့တွင် အထက်ပါဒေသမှကျေး ရွာသား ၁၅ဦးကို ရဲတပ်ဖွဲ့မှအင် အားအလုံးအရင်းဖြင့်ဒလမန်း
ကြမ်းဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တရားရုံးမှ ဆင့်ခေါ်စာမရရှိကြ သောရွာသားများကိုအင်အားသုံး
ဖမ်းဆီးမှု့ကြောင့်ရွာသားအချို့မှာ စိုးရိမ်ကြောက်လန့်ထွက်ပြေးမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း
မလိုအပ်ဘဲအင်အားသုံးစွဲခဲ့ခြင်း ကြောင့်နောက်ဆက်တွဲစိုးရိမ်ရ သော အခြေအနေများဖြစ်ပေါ်
နေပါကြောင်း အမှု့ဖြစ်စဉ်များ အရ ကျေးရွာသားများမှအချိန်မှီ ရဲစခန်းသို့တိုင်ကြားချက်ကို
အလေးဂရုမပြုခဲ့ခြင်းနှင့်ဒေါ်နုစန္ဒာ မှကျေးရွာမှ ရဟန်းတစ်ပါးကိုဆဲ ဆိုစော်ကားမှုဖြင့်တရားစွဲဆိုခဲ့
သော်လည်း ၎င်းသည်ရုံးတော် သို့လာရောက်ခဲ့ခြင်းမရှိသည့် အပြင် နောက်ပိုင်း၌အမှု့အား ဆက်လက်စစ်ဆေးခြင်းမရှိတော့
ဘဲအမှုပျောက်ကွယ်ခဲ့ခြင်း၊ရွာ သား(၃၃)ဦးကိုအရေးယူထိုက် သော်လည်း ယခုလိုဒလမာန်း ကြမ်းဝင်ရောက်ဖမ်းဆီးခြင်းမှာ
မလိုလားအပ်သောချဲ့ကားလုပ် ဆောင်မှု့အသွင်ဖြစ်နေခြင်း ရပ် ရွာတုန်လှုပ်ခြောက်ခြားမှု့ဖြစ်ပေါ်
နေခြင်း၊များကိုတိုင်းဒေသကြီးဝန် ကြီးချုပ်အား အခြေအနေမှန်များ ကို တင်ပြအသိပေး၍ မှန်ကန်စွာ
ဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံ ကြောင်းဖြင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ရုံးအဖွဲ့မှူးကိုဇော်မင်း
မှလက်မှတ်ရေးထိုးထားသော တင်ပြ မေတ္တာရပ်ခံစာအရသိရှိ ရပါသည်။၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ချုပ် ထံအသိပေး မေတ္တာရပ်ခံချက် စာပါအကြောင်းအရာများအရသိ ရှိရသည်မှာ ဧရာဝတီတိုင်းဒေသ ကြီး ကလေးမြို့နယ်ကဒုံကနိ ကျေးရွာ အုပ်စုတွင် ကျေးရွာအုပ် ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်း စဉ်များမှာ ကန့်ကွက်မှု့အချို့ ကြောင့်ရပ်နားထားရသဖြင့်ကျေး ရွာအုပ်ချုပ်ရေးမှုး ကင်းမဲ့လျှက် ရှိနေကြောင်း တရားဥပဒေစိုးမိုး ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို
ဥယျာဉ်မှုး

Post a Comment