0
၂၀၁၃ ခုနှစ်၊ဇွန်လ ၁၀ ရက်နေ့တွင် ရန်ကုန်- မော်လမြိုင်- ကော့သောင်း- မော်လမြိုင်-ရန်ကုန် ခရီးစဉ် ပျံသန်းမည့် မြန်မာ့ လေကြောင်းလိုင်း မှ လေယာဉ်မှူး ဦးမောင်မောင်လွင်၊ တွဲဘက် လေယာဉ်မှူး ဦးသောင်းဝင်းထွန်း၊ လေယာဉ်မယ် ဒေါ်လွင်မာအေး၊ လေယာဉ်မောင်း ဦးဇော်လင်းကိုကို တို့ မောင်းနှင်လာသော MA-60 အမျိုးအစား XY-AIP လေယာဉ်သည်
ခရီးစဉ်အမှတ်(၃၀၉)ဖြင့်  မော်လမြိုင် မှ ကော့သောင်းသို့ လိုက်ပါမည့် ခရီးသည် (၅၈) ဦးအား တင်ဆောင်၍ မော်လမြိုင် မှ ထွက်ခွာလာသော လေယာဉ်သည် ကော့သောင်းလေဆိပ် သို့ ၁၂ နာရီ  ၅၅ မိနစ် အချိန်တွင် ဆင်းသက်ရာ ဟိုက်ဒရောလစ် စနစ် ချို့ယွင်းပြီး လေယာဉ်၏ ထိန်းချုပ်မှု စနစ်များ ပျက်စီး၍ လေယာဉ် ဘီးချော်ကာ လေယာဉ်ပြေးလမ်း၏ ဘယ်ဘက် ပေ(၁၈၀)ခန့် အကွာအဝေး သို့ လမ်းချော် သွားခဲ့ပါသည်။
 ပြေးလမ်းချော်မှု ဖြစ်စဉ်တွင် ခရီးသည်နှင့် လေယာဉ် အဖွဲ့သားများ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် လေယာဉ်၏ ဘယ်/ညာ ဒလက်ပန်ကာ(၈)ရွက်မှာ ထိပ်ပိုင်းများ ကျိုးပဲ့ ပျက်စီး သွားခဲ့ပါသည်။
 ဖြစ်စဉ် ဖြစ်ပွားလျှင် ဖြစ်ပွားခြင်း နယ်မြေခံ တပ်မတော်သား များနှင့် ပြည်သူ့ရဲ တပ်ဖွဲ့ များမှ လိုအပ်သည့် ကူညီ ကယ်ဆယ် ဆောင်ရွက်မှု များ ပြုလုပ် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
   
  

Written by 

Post a Comment

 
Top