“မြန်မာလုပ်သား ဂျပန်သို့လွတ်လပ်စွာ စေလွှတ်ခွင့်ရပြီ”
=========================================
ဂျပန်နိုင်ငံသို့ မြန်မာ လုပ်သားများ ကို လွတ်လပ်စွာ စေလွှတ်ခွင့်
ရရှိပြီဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးမျိုးအောင်က ပြောသည်။ ယခင်က ဂျပန်နိုင်ငံသို့ လုပ်သား စေလွှတ်ရာတွင်
ဂျပန်နိုင်ငံ အငြိမ်းစား အစိုးရ ဝန်ထမ်း များဖြင့် ဖွဲ့စည်းထားသည့် JITCO
(Japan International Cooperation Organization) တစ်ခု တည်းနှင့် သာ
လက်မှတ်ထိုး ချိတ်ဆက် ပြီး စေလွှတ်ခြင်းဖြစ်သော်လည်း အကြောင်း
အမျိုးမျိုးကြောင့် စာချုပ်ပျက် ပြယ်၍ လုပ် သား စေလွှတ်ခြင်းကို ၂ နှစ်
ကျော်ကြာ ရပ်နားထားခဲ့သည်။
”JITCO က အရင်ထဲက သူ့ နိုင်ငံထဲကို ဗီဇာတွေ ဘာတွေ ဝင်ရင် သူထောက်ခံပေးမှ
အဆင်ပြေတာ များ တယ်လေ။ ဒို့က အရင်ထဲကိုက သူနဲ့ ထိုး ဖူးတယ်လေ။ ဒါပေမဲ့
ပျက်သွားတယ်” ဟု ဦးမျိုးအောင်က ပြောသည်။ ဂျပန်သို့ လုပ်သားများ စေလွှတ်
ရာတွင် အကျိုးဆောင် ကုမ္ပဏီ များက ဝန်ဆောင်ခ ပိုမိုတောင်းခံခြင်း၊ စက်ရုံ
များမှ လုပ်ခလစာ အပြည့်အဝ မရရှိခြင်း၊ စာချုပ် ချုပ် ဆိုထားသော စက်ရုံတွင်
လစာနည်းသဖြင့် တခြား စက်ရုံများသို့ သွားရောက် အလုပ် လုပ်ကိုင်ခြင်းနှင့်
ထွက်ပြေးခြင်း စသည့် ကိစ္စရပ်များ ကြောင့် လုပ်သား စေလွှတ်မှု ကို ၂ နှစ်
ကျော်ကြာ ရပ်နားထားခဲ့ကာ ယခုနှစ် မေလ ၂ဝ ရက်တွင် JITCO နှင့် နားလည်မှု
စာချွန်လွှာ (MoU) ပြန်လည် ရေးထိုးခဲ့သည်။
JITCO နှင့်ဖြစ်စေ၊ အလုပ်ရှင်နှင့် တိုက်ရိုက် ချိတ်ဆက်၍ ဖြစ်စေ
ပြန်လည်စေလွှတ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ ”အရင်တုန်းက ဗီဇာ အားလုံးကို တော့
JITCO ကိုက နည်းနည်းလေး ထိန်းချုပ်ထားတာပေါ့။ ဒါပေမဲ့ အခုတော့
လွတ်လပ်သွားပြီလေ” ဟု ဦးမျိုးအောင်က ပြောသည်။ လက်ရှိတွင် ဂျပန်သို့ လုပ်သား
စေလွှတ်မှုများလည်း စတင်နေပြီ ဖြစ်ပြီး အလုပ်ခေါ်စာများ စတင်ရောက် ရှိနေပြီ
ဖြစ်ကြောင်း၊ မိန်းကလေး လုပ်သား စေလွှတ်နိုင်ရန် အတွက် လည်းညှိနှိုင်းမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
”စက်ရုံတွေမှာ သူတို့ လူတစ်ရာ ရှိမှ ငါးယောက်လောက်ပဲ ခေါ်ခွင့် ရှိတယ်လေ။
ခုဆို ငါတို့နိုင်ငံက လျှောက်တာ တစ်ရုံဆို သုံးယောက်လောက်ပဲ ရတာလေ။
အမျိုးသမီး က ငါးယောက် လောက်တော့ သတ်မှတ်ထားတာပေါ့။ ကြည့်မှာပေါ့
အခြေအနေကို” ဟု ဦးမျိုး အောင်က ပြောသည်။
ဂျပန်သို့ လုပ်သားစေလွှတ်ခြင်း နှင့် ပတ်သက်၍ မလေးရှားသို့ လုပ်သား အဓိက
စေလွှတ်နေသော မိုးယံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်း
ဒါရိုက်တာ ဦးကျော်ထင်ကျော်က ”စိတ်ဝင်စားတာပေါ့။ ဂျပန်က သိပ်ကောင်းတယ်။
ဥပဒေတွေ က လုံခြုံမှု ရှိတယ်။ ဒါပေမဲ့ တစ်ခုရှိတာ ဒီကလူတွေက စည်းမရှိ
ကမ်းမရှိ ထွက် ပြေးမှာပဲ စိုးရတယ်။ ဟိုဘက်မှာလည်း သေချာတဲ့ ကုမ္ပဏီနဲ့ဆိုရင်
ပို့ဖို့ စီစဉ် သွားမှာပါ” ဟု ပြောသည်။
ဂျပန်တွင် မလေးရှား စက်ရုံများကဲ့ သို့ လုပ်သား အမြောက်အမြား ခေါ်ယူမှု
မရှိခြင်းကြောင့် လုပ်သားစေလွှတ်ရာ တွင် အခက်အခဲ ရှိသော်လည်း လက် ရှိ ဂျပန်
အထည်ချုပ် စက်ရုံများတွင် လုပ်သား လိုအပ်ချက်များ ရှိနေသော ကြောင့်
အလုပ်ခေါ်စာ ရရှိသွားသည်နှင့် တစ်ပြိုင်နက် အရည်အချင်း ပြည့်သော လုပ်သားများ
စတင် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
Credit : yoyarlay
Subscribe to:
Post Comments (Atom)
Post a Comment