0
 
မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပေးအပ် ထားသော ဝနယ် အတွင်း သတ်မှတ် ထားသော စည်းကမ်း ဖောက်ဖျက် သူများ အပါအဝင် တရားမဝင် စီးပွားရေး လုပ်ကိုင် သူများကို ဖမ်းဆီးရ မိပါက သေမိန့် ပေးကြောင်း ဝတိုင်း ဒေသ၏ ပြင်ပ ဆက်ဆံရေး ဌာနမှ
ဦးဆမ်ခွန်းက ပြောကြားသည်။ အထက်ပါ အကြောင်း အရာကို မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ် ခန်းမတွင် မေလ ၃၀ ရက် နေ့က ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အေတို့ ဆွေးနွေးပွဲ တတိယ နေ့တွင် ဦးဆမ်ခွန်းက သတင်း မီဒီယာနှင့် တွေ့ဆုံစဉ် ပြောဆို လိုက်ခြင်း ဖြစ်သည်။ "ဝနယ်ထဲမှာ မူးယစ်ဆေးဝါး တွေ့ရင်တော့ ခေါင်းဖြတ် သတ်တယ်" ဟု ၄င်းက ဆိုသည်။ ဝနယ်အတွင်း တရားမဝင် ခိုးဝင်သူများကို သေဒဏ် ပေးခြင်း နှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်မှ ဝ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဆိုင်း ပေါင်နပ်က သေဒဏ် ပေးခြင်းကို ကြားဖူးခြင်း မရှိကြောင်း The Voice နှင့် သီးသန့် အင်တာဗျူး တွင် ဖြေကြား ထားသည်။
ဝသွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် လက်နက်အင်အား အတောင့်တင်း ဆုံးဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ပေးရန် တောင်းဆို ထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆန်းတွင် အခြေစိုက်သော ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့ပြီး တပ်အင်အား သုံးသောင်းခန့် ရှိသည့် တိုင်းရင်းသားကိုင် အဖွဲ့အစည်း ဖြစ်သည်။
မူရင်းလင့်

Post a Comment

 
Top