0

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများ သို့ ပြောကြားသည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်း ကောက်နုတ်ချက်။
ကျွန်တော့်အနေနဲ့ အမေရိ ကန်သမ္မတကို မေလ ၁၉ ရက်မှ ၂ရက်အထိ အလုပ်သဘော ခရီး တရားဝင်သွားရောက်ခဲ့ကြောင်း၊ ဒီခရီးစဉ်သည် နှစ်ပေါင်း
၄၀ ကျော်အကြာမှာ နိုင်ငံခေါင်း ဆောင်တစ်ဦးအနေနဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ရုံမျှမက အမေရိကန်- မြန်မာနှစ်နိုင်ငံဆက်ဆံရေး ချစ် ကြည်ရေးသမိုင်းမှာ အရေးပါ ကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတကြီး အိုဘားမား အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ အထက်လွှတ်တော် အောက် လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း ကြုံတွေ့ နိုင်ဖွယ်ရှိတဲ့ အခက်အခဲများ၊ စိန် ခေါ်မှုများ၊ အနာဂတ် ပူးပေါင်း ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ ပါကြောင်း၊ ဒါ့အပြင် ကျွန်တော် တို့လုပ်ဆောင်နေတဲ့ အမျိုးသား စီးပွားရေးတစ်ရပ် ဖော်ဆောင် ရေးမှာ အဟန့်အတားဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှား နိုင်ရေးအတွက် ယုံကြည်မှုတည် ဆောက်ရေးကိစ္စတွေကို လုပ် ဆောင်နိုင်ခဲ့ကြောင်း ဂျွန်ဟော့ ကင်းတက္ကသိုလ်ကို သွားရောက် ပြီး ပါမောက္ခများ၊ ကျောင်းသူ ကျောင်းသားများ ရင်းရင်းနှီးနှီး တွေ့ဆုံမိန့်ခွန်းပြောကြားနိုင်ခဲ့ပါ တယ်။ ကျွန်တော့် ခရီးစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာမိသားစု ၀င်များက နွေးထွေးစွာကြိုဆိုမှုကို ၀မ်းသာပီတိဖြစ်ရပါကြောင်း၊ ထို့ အတူ ကျွန်တော်တို့ရဲ့ ပြုပြင် တည်ဆောက်ရေးကိစ်္စတွေမှာ မယုံကြည်နိုင်ကြသေးသူများက သံသယဖြင့် ပြောဆိုဝေဖန်အပြစ် ရှာ ရေးသားခဲ့မှုများကိုလည်း ကြုံ တွေ့ခဲ့ရပါကြောင်း၊ နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှုဖြစ်တိုင်းမှာ ဒီလိုသဘောထားကွဲလွဲမှုတွေ၊ မယုံကြည်မှုတွေ၊ လက်မခံနိုင်မှု တွေ၊ အငြင်းပွားမှုတွေနဲ့ ၀ိဝါဒ ကွဲပြားမှုတွေ ကြုံတွေ့ရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝတစ်ရပ်ဖြစ် ကြောင်း၊ ကျွန်တော့်အနေနဲ့ နိုင်ငံ ရဲ့လက်တွေ့ကျမှုကသာ ပိုအရေး  ကြီးတယ်လို့ အလေးအနက်ခံယူ ထားပါကြောင်း၊ မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ချစ်ချစ်ခင်ခင် နေ ထိုင်နိုင်ဖို့သာ အရေးကြီးကြောင်း။
မေလ ၂၄ ရက်နေ့မှာလည်း မြန်မာနိုင်ငံကို အစဉ်တစိုက် အား ပေးကူညီခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ၃၆နှစ်အတွင်း ပထမဆုံးဝန်ကြီးချုပ် ခရီးစဉ် အဖြစ် လာရောက်ပြီး ကျွန်တော် တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ် ငန်းစဉ်များအပေါ် ဂျပန်က အား ပေးထောက်ခံမှုရရှိခဲ့။ ဂျပန်၏ ပေးအပ်လာတဲ့ ကူညီထောက်ပံ့မှု တွေကိုလည်း လက်ခံများမှာဖြစ် သလို ယင်းထောက်ပံ့မှုများကို လည်း ပြည်သူလူထု ဗဟိုပြုလုပ် ငန်းများမှာ သုံးစွဲသွားမည်ဖြစ် ကြောင်း၊နိုင်ငံရေးနဲ့ တိုက်ရိုက် ဆက်နွယ်နေတဲ့ အမျိုးသား အကျိုးစီးပွားရေး ပြန်လည်ပုံစံချ သတ်မှတ်ဖို့နဲ့ပတ်သက်လို့ လိုအပ်  တဲ့ အစီအမံများ၊ မဟာဗျူဟာ များ၊ စီမံချက်များ ရေးဆွဲနေသလို တစ်တွဲတည်း လိုအပ်လာမယ့် Constitution များကို ပြောင်းလဲ ဖွဲ့စည်းခြင်း၊ အသွင်ကူးပြောင်း ခြင်း၊ အသစ်ရေးဆွဲခြင်းများကို လည်း လုပ်ဆောင်နေပါကြောင်း အသေးစား အလတ်စားချေးငွေ များရရှိရန် ကြိုးပမ်းနေ။
ကျွန်တော်တို့ အစိုးရအနေ နဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို ရည်သန်ပြီး ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံ ရသူများအားလုံး လွတ်မြောက် ရေးအတွက် အစဉ်အမြဲအာရုံစိုက် လုပ်ဆောင်နေ၊ ကျွန်တော်အနေ နဲ့ အမှန်တကယ် ယုံကြည်ချက် ကြောင့် အကျဉ်းခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသားတစ်ဦးတစ်ယောက် မျှ အကျဉ်းထောင်ထဲ ရှိနေတာ စေလိုခြင်း မရှိပါဘူး။ သို့သော် လည်း ယခင် ခေတ်အဆက် ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇ၀တ်မှု နဲ့ နိုင်ငံရေးမကွဲပြားမှု ကိစ္စရပ်တွေ ကို စိစစ်ဆောင်ရွက်နေတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်၊ အခုအခါမှာ ဒီကိစ္စတွေကို ရှင်း လင်းနိုင်ရေးအတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက် နေပြီဖြစ်လို့ မကြာခင်မှာ အမှန် တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ် မြောက်ကြတော့မည်ဖြစ်။သို့သော် နိုင်ငံရေးနဲ့ ရောယှက်ပြီး အကြမ်း ဖက်မှု၊ မုဒိန်းမှု၊ လူသတ်မှုအစရှိ တဲ့ ရာဇ၀တ်မှုများ ကျူးလွန်သူ များကိုတော့  ပြစ်ဒဏ်ကျခံရမည် ဖြစ်၊ ဒီကိစ္စကို ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို ရှင်းလင်း တင်ပြရာ ကျွန်တော်တို့နဲ့ သဘော ထားချင်း တစ်ထပ်တည်းတူ၊ အချိန်အတိုင်းအတာ တစ်ခုထိ ယူတာကလွဲပြီး အခြားနိုင်ငံရေး အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက် ရှိကြောင်း အလေးအနက်ပြောလို၊ ကျွန်တော်တို့ အစိုးရလက်ထက် မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်အကျဉ်းကျ ခံရသူများနှင့်ပတ်သက်ပြီး ပုဒ်မ ၄၀၁ကို နိုင်ငံရေးလက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အလဲအလှယ် ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း တစ်ပါတည်း ပြောကြားလို၊၊ ပဋိ ပက္ခဖြစ်ခဲ့တဲ့ မိတ်္ထီလာမြို့ ပြန်လည် တည်ငြိမ်အေးချမ်းမှု ဆက်လက် ထိန်းသိမ်းရေးအတွက် နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်အမှတ်(၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာ ချက်ကို လွှတ်တော်က အတည်ပြု ပေးရန် ပထမဆုံးအကြိမ် ပြည် ထောင်စုလွှတ်တော် အထူး အစည်းအဝေး ခေါ်ပေးခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌများနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်အားလုံး ကို ကျေးဇူးတင်။ လွန်ခဲ့တဲ့လက မဟာစင်မုန်တိုင်းဒဏ် ကြိုတင် ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်အင်အားစု၊ ပြည်သူ နှင့်သက်ဆိုင်ရာဌာနများ ပူးပေါင်း ပြီး လူမျိုးဘာသာ မခွဲခြား၊ ကယ် ဆယ်ရေးလုပ်ငန်းစဉ်များကို အား သွန်ခွန်စိုက် ဆောင်ရွက်နိုင်ခဲ့ကြ သည်ကို ၀မ်းမြောက်ဖွယ်ရာ တွေ့ ရှိခဲ့ရ။ မေလ ၃၀ ရက်နေ့မှာ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေးသဘောတူချက် (၇) ချက်ကို ကချင်ပြည်နယ် မြစ်ကြီး နားမှာ လက်မှတ်ရေးထိုးနိုင်။ ယခု လက်မှတ်ရေးထိုးနိုင်မှုမှာ နှစ် ပေါင်း ၆၀ကျော်ခဲ့ပြီးဖြစ်တဲ့ လက် နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အတွက် ကြီးမားသော ခြေလှမ်း တစ်ရပ်ဖြစ်သဖြင့် နိုင်ငံသားများ အားလုံးအတွက် ဂုဏ်သိက္ခာကြီး မားသော ခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း စသည်ဖြင့် ပြောကြား သွားသည်။

 HN

Post a Comment

 
Top