0

စာရေးသူ မဟာသန္တိသုခကျာင်းတော်ကြီးက ခွဲခွါခဲ့တာ ၁၀-နှစ်တာ ကြာပြီမို့ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီက ကျောင်းတော်ကြီးဆီ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။

ဝတ္ထုစာအုပ်တွေထဲတွင် ဖတ်ဖူးသော ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်၊ သစ်ပုတ်ပင်ကြီး၊ ကန်းတော်ကြီးစတဲ့ တက္ကသိုလ်ရဲ့ အမှတ်တရနေရာ ကလေးတွေဟာ အရွယ်ငယ်ငယ်ကြီးကြီး ဘယ်ကျောင်းသူ /သားမဆို ဆွဲဆောင်အားရှိတယ်။ တက္ကသိုလ်ကျောင်းသားတွေကိုပြန်လည် နုပျိုလန်းဆန်းစေတယ်။ စိတ်ခွန်အားတွေ ဖြစ်စေတယ်လို့ ကြားဖူး ဖတ်ဖူးပါတယ်။ သို့သော်လည်း စာရေးသူတို့ ပညာသင်ကြားခဲ့သော မဟာသန္တိသုခ ကျောင်းတော်ကြီးကား စာရေးသူအား စိမ်းစိမ်းကားကား ကြိုဆိုလိုက်ပါတယ်။

စာရေးသူတို့ ရှိစဉ်က ကျောင်းတော်ကြီးမှာ ရဟန်းသံဃာ၊ သီလရှင်များနှင့် သာသနာရောင် လွှမ်းနေသလို့ ၊ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း တက်ရောက်ရန် လာရောက်ကြသော ကျောင်းသားကလေးငယ်ပေါင်း ထောင်ချီ၍ မျိုးဆက်သစ်သာသာနာအတွက် သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

ခုတစ်ခေါက် ကျောင်းတော်ကြီး ပြန်အရောက်မှာတော့ ဖြူ၊နီ၊ဝါ ကာလာစုံ မင်္ဂလာမောင်မယ်များနဲ့ ဟိုတယ်ကြီးများ ပမာ မောင်နှင့်မယ် မင်္ဂလာအခမ်းအနားများ၊ အရွယ်မျိုးစုံ ကျား/မ များနှင့် ကျောင်းတော်ကြီးမှာ ကိလေသာရောင် ဖုံးလွမ်းထားသလိုပါပဲ။

ကျောင်းတော်ကြီးရောက်တော့ တောင်ကြည့်မြောက်ကြည့် ကိုယ့်သိမည်သူများ ရှိမလားလို့ ငေးမော့ကာကြည့်လိုက်တော့
ကျောင်းတော်ကြီးရဲ့ရှေ့ ဧည့်ကြိုဌာန မှာ လှလှပပ ကလေးမ သုံးယောက်က "ဘယ်သွားမှာလဲ"ဆိုတဲ့ မေးခွန်းကို စာရေးသူအား စတင်အကြိုဆို ခံလိုက်ရပါတယ်။

စာရေးသူလည်း မျက်နှာငယ်လေးနဲ့ “ ဘုန်းဘုန်းတို့ ကိုးထပ်ကဘုရားကို ဖူးချင်းလို့ “ ဟုပြောတော့မှ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဓာတ်လှေကားတစ်ဘက်က ပျက်နေလို့ တစ်ဘက်ကိုပဲစောင့်ပြီး အသုံးပြုကာ ကိုးထပ်က ဘုရားခန်းကို ရောက်သွားခဲ့ပါတယ်။

ကိုးထပ်မှာစံမြန်းနေသော ပွင့်တော်မူပြီးသော ဂေါတမ၊ ကဿပ၊ ကကုသန်၊ ကောဏဂုံ ဘုရားလေးဆူတို့လည်း၊ဆွမ်းကပ်မည့်သူမရှိ၊
ပန်းကပ်မည့်သူမရှိ၊ ရေးချမ်းကမ်မည့်သူမရှိခြောက်ခြောက်ကပ်ကပ် မျက်နှာညိုငယ်စွာနဲ့ပဲ စဲမြန်းနေပါတယ်။

စားရေးသူလည်း စိတ်ထဲမှ ဒီတစ်ခေါက်တော့ တပည့်တော် အရှင်ဘုရားတို့အား လပ်အုပ်ချီကာ ကန်တော့ခြင်းမှတစ်ပါး တခြားမတတ်နိုင်ပါဟု သာလျှောက်ထားခဲ့ရပါတယ်။

ကျောင်းတော်ကြီးမှာ မင်္ဂလာခန်းမအတွက်၊ ဧည်ခံ ခန်းမအတွက်အသုံးပြုပြီး သန့်ရှင်းရေးလုပ်မည့်သူမရှိလို့ ညစ်ပတ်နေပါတယ်။ ၉-ထပ်မှ ရေသန့်အိမ်သာကို အသုံးပြုဖို့ ဝင်ကြည့်သောအခါ ပျက်စီးယိုယွင်းနေပြီး သုံးမဖြစ်လို့ အောင့်အီးကာ ပြန်ဆင်းခဲ့ရပါတယ်။

တစ်နေ့က ဒီဗွီဘီသတင်းကို နားထောင်တော့ မဟာသန္တိသုခကျောင်းတော်ကြီးကို ဦးစီးတည်ထောင်တဲ့ ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပျက်စီး ယိုယွင်းနေတာကို
ပြန်လည်ပြုပြင်လိုကြောင်းနှင့် မူလရည်ရွယ်ချက်အတိုင်းပြည်ပသာသနာပြုလုပ်ငန်း များကို ပြန်လည်အကောင်အထည်ရန် ဆန္ဒရှိကြောင်း ကြားသိရတော့ စာရေးသူ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။

သတင်းအရ ဤကျောင်းတော်ကြီးကို သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော် များမှ သိမ်းပိုက်ထားကြောင်းသိရပါတယ်။

“သမင်မွေးရင်းကျားစားရင်းဆိုသလို” သာသနာရေးဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော်များ ဦးစီးဆောင်ရွက်သောကျောင်းတော်တော်များများမှာ နှစ်တွေကြာသော်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်မှုဖြစ်မလာတာကို တွေ့ရပါတယ်။

စားရေးသူတို့ ပထမပတ် ၁၉၉၉- ၂၀၀၂ နှစ်ကာ သင်တန်းသားများမှာ ပြည်ပနိုင်ငံတော်တော် များများမှာ သာသနာပြုလို့နေပါပြီ။ စာရေးသူတို့နောက် မွေးထုတ်ပေးသော မဟာသန္တိသုခစသင်းတန်းသားများ ဘယ်ဆီဘယ်ဝယ်ရောက်ကုန်းမှန်းမသိပါ။

လက်ရှိမဟာသန္တိသုခကျောင်းတော်ကြီး ဦးဆောင်၍ မင်္ဂလာဧည်ခံပွဲ ခြိမ်းခြိမ့်သဲ နေ့ကောည ပါ ကျင်းပကာ ဝင်ငွေရှာနေတဲ့ကျောင်းတော်ကြီး အကျိုးဆောင်များက ကျောင်းတော်ကြီးမှာ
ကြွေးများဝိုင်းနေ၍ သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော် သံဃနာယကကို ထိုးအပ်းလိုက်ရကြောင်း ၊ အကယ်၍ ကြွေများကို ဆရာတော်ကြီးမှ ပေးဆပ်နိုင်လျှင် ကျောင်းတော်ကြီးကို ဆရာတော်ကြီးဆန္ဒအတိုင်း ပြန်လှူဒါန်းမည်ဖြစ်ကြောင်းလည် ကြားရသေးပါတယ်။

ကြံကြံဖန်ဖန်ဗျာ မကြားစဖူးကြားရသေးတယ်။မြန်မာနိုင်ငံဘုန်းတော်ကြီးကျောင်းမှာ ကြွေးတင်ရတယ်လို့၊
မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ကြွေးတွေဝိုင်းနေတယ်ဆိုတာ မဟာသန္တိသုခ တစ်ကျောင်းပဲ ရှိမယ်ထယ်ပါတယ်။ ကျန်တဲ့ပုဂ္ဂလိကျောင်းတွေမှာဆို တစ်နှစ်နဲ့တစ်နှစ် တိုးတတ်လာတာကိုပဲတွေ့ရပါတယ်။ စားရေးသူရဲ့ မိတ်ဆွေ မန္တလေးက ဓမ္မဓရကျောင်းဆိုရင် သုံးနှစ် အတွင်း ကျောင်းဆောင်ပေါင်း ၃၅-ဆောင်တည်ဆောက်ပြီးသည်ဟုဆိုပါတယ်။ ကျောင်းအသုံးအဆောင်များကလည်း ပြည့်ပြည့်စုံစုံပါပဲ။

အမှန်တကယ်ကြွေးရှိတယ်ဆိုရင်တောင် ကျောင်းတော်ကြီး စတင်ဖွင့်လှစ်တာ ၁၂-နှစ်တောင်ရှိပြီးပဲ၊ မှန်မှန်ကန်ကန် သာသနာပြုလုပ်ငန်း ၊ သာသနာအကျိုးကို
မျှော်ကိုးလုပ်မယ်ဆိုရင် မြန်မာပြည်က ဒကာတွေ လက်မနှေးပါဘူး လှူဒါန်းလို့ ကြွေးကျေလောက်ပါပြီဗျာ။

စာရေးသူ စဉ်းစာမိတာကတော့ သွားလေသူ ရာသက်ပန် မဟာသန္တိသုခကျောင်းတကာကြီး ၊ တမလွန်ဘဝကနေ လာခွင့်ရမယ်ဆိုရင် ခဏလောက် လူပြည်ပြန်လာပြီး သူ့တပည့်တွေကို
“ မောင်းမင်းတို့ သာသနာကို ခုတုံးလုပ်ပြီး မဟုတ်တာမလုပ်နဲ့၊ တစ်ဘဝဆိုတာ ခဏပဲ၊ ခု ငါ့သာကြည့်ပေတော့လို့” တရားလာချပေးစေချင်တယ်ဗျာ။

အင်း… ပြောမယ့်သာ ပြောရတာ သွားလေသူ ရာသက်ပန်းကျောင်းဒကာကြီးလည်း ၊ ရောက်ရာဘုံဘဝမှ ဒုက္ခတွေ ပင်လယ်ဝေနေလို့ “ဒု၊သ၊န၊သော” တို့လို တစ်လုံး တစ်ပါဒလောက်တောင် ပြောခွင့်ရမယ်မထင်ပါဘူး။

သမ္မတ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ Clean Government , Good Government ဆိုကြေညာပြီး တက်လာပါတယ်။ ဒါအပြင် ဌာနတိုင်းမှာလည်း ထင်သာ၊မြင်သာရှိရမယ်ဆိုပါတယ်။

အဘယ်ကြောင့် သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃနာယကတို့မှာ ထင်သာမြင်သာမရှိသေးတာလည်းဆိုတာ စဉ်းစားလို့မရပါဘူး။

အမှန်တယ်ဆို သာသနာရေးဦးစီးဌာနမှာတာဝန်တွေများလှပါတယ်။ ရန်ကုန်၊မန္တလေး သာသနာ့တက္ကသိုလ်ကြီးရယ်၊ မင်းဓမ္မကုန်းက ထေရဝါဒ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ရယ်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွေရယ်။ အခြား ဘာသာခြားကိစ္စတွေရယ် များပြာလှပါတယ်။ မိမိတို့ဌာနက ထိထိရောက်ရောက် မဆောင်ရွက်နိုဘူးဆိုရင် ထိရောက်စွာ ဦးစီးဦးဆောင်ရွက်နိုင်တဲ့ ဆရာတော်များကို တာဝန် ခွဲဝေပေး သင့်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကများဆိုလည်း အသက်ကကြီးတာက တကြောင်း၊ ကိစ္စဝိစ္စများတာက တကြောင်းဆိုတာ သာသနာပြုကျောင်းတွေကို လှည့်မကြည့်နိုင်ပါဘူး။

နိုင်ငံခြားတိုင်းပြည်တွေမှာဆို ဌာနတိုင်းကို အစိုးရက မကိုင်တော့ပါဘူး ၊ အချို့ အဆောက်အဦးတွေကိုပုဂ္ဂလိကကုမ္ပဏီများအား ငှားရမ်းထာပြီး ၊ ပညာရေးဆိုင်ရာတက္ကသိုလ်များကိုလည်း ဆိုင်ရာတက္ကသိုလ်အကြီးအကဲများအား လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပါတယ်။

တိတိကျကျပြောရရင်…ဒီကျောင်းတော်ကြီးကို နဝတအစိုးရလက်ထက်က ဗိုလ်ချုပ်မှူကြီးသန်းရွှေ ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို ရေစက်ချလှူထားပြီးဖြစ်ပါတယ်။

သတင်းစာအဟောင်းတွေ ပြန်ကြည့်မယ်ဆိုရင် ဓာတ်ပုံနှင့်တကွ တွေ့နိုင်ပါသေးတယ်။ အဲဒီတုန်းးက ဦးသန်းရွှေက ကျောင်းတော်ကြီးကို သဘောကျလို့ တကယ်လို မြေနေရာ ကျဉ်နေဦးမယ်ဆိုရင် ကပ်လျှက်ရှိတဲ့ နတ်ချောင်းကိုပါ ၊ တိုးချဲ့ပေးလှူဖို့ တောင် လျှောက်ထား သွားပါသေတယ်။

ဒီနတ်ချောင်းလေးကလည်း ငွေကြေအကုန်အကျခံကာ ပြုပြင်မယ်ဆိုရင် သာယာလှပတဲ့ စမ်းချောင်းလေးပါပဲ။

စာရေးသူတို့ ၂-နှစ်တာ သင်တန်းကာလ ဘယ်မဟန၊ ဘယ်သာနာရေးကမှ ဝင်မစွက်ပါဘူး။ ဆရာတော်ကြီးရဲ့ ဩဝါဒကိုပဲ ခံယူကာကျောင်းတော်ကြီးလည်ပတ်ခဲ့ပါတယ်။ စာရေးသူတို့ သင်တန်း ၂-နှစ်တာကာလအပြီးမှာတော့ ဘာတွေဖြစ်ကုန်းသလဲ ဆိုတာကတော့ ......။

မဟာသန္တိသုခ ဘယ်လဲ၊ဘာလဲ အပိုင်း- ၃ ၊ကို မတင်ပြခင် ဦးစွာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်းများကို ရိုသေစွာ ခြေတော်ဦးခိုက်ကန်တော့လိုက်ပါတယ်ဘုရား။ ဆရာတော်ကြီးများဟာ စာရေးသူထက် စာပတ်ပေတတ် ၊အကျော်အမော်များဖြစ်သလို၊ အသက်သိက္ခာ ဂုဏ်အားဖြင့်လည်း ကြီးမြင့်သူများလည်းဖြစ်ပါတယ်။

စာရေးသူဟာ ငယ်ငယ်ကတည်းက ၊ မိဘ၊ဆရာသမားများ သွန်သင်ဆုံးမထားလို့ ကိုယ့်ထက်အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို မဝေဖန်ရဲပါဘူး၊ ယုတ်စွ သူများတွေ ဝေဖန်တဲ့စာတွေ့ရင်တောင် စိတ်ထဲမှာ မသာမယာဖြစ်မိပါတယ်။

ယခု စာရေးသူ တင်ပြမည့်အကြောင်းအရာများကလည်း ဝေဖန်တာမဟုတ်ပဲ။သား၊သမီးက မိဘကို ၊ တပည့်မှ ၊ဆရာသမားကို ပွင့်ပွင့်လင်းလင်း အမြင်ကို တင်ပြခြင်းဖြစ်ပါတယ်။

အောက်ပါ နိုင်ငံတော်သဃမဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ရတော့ စာရေးသူ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တကယ်ပဲ ၊ မဟနဆရာတော်ကြီးများ မဟာသန္တိသုခအကြောင်းကို ဖြစ်ကြောင်းကုန်စင်ကို အကုန် မသိတာလား၊ သို့မှမဟုတ် ခုနိုင်ငံရေးလောကမှာ ခေတ်စားနေတဲ့ နိုင်ငံရေးရှုပ်ထွေးအောင် ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့ နောက်က ဆရာတော်များကို သွေးထိုးလှုပ်ဆော်ပေးနေသူများ ရှိနေသလားဆိုတာလည်း သံသယဖြစ်မိပါတယ်။

မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ပြဿနာဖြစ်အောင် နောက်က သွေးထိုး လှုပ်ဆော်ပေးနေသူများကလည်း အများသား။

ဘာသာရေးပဋိပက္ခနေ နိုင်ငံရေးအသွင်ဖန်တီးနေသူများလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။

နိုင်ငံတော် သံဃမဟာနာယကဆရာတော်များဆုံးဖြတ်ချက်ကို ဖတ်ကြည့်ပါဦး။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာကကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်မြေ၊ ရန်ကုန်မြို့
စာအမှတ် ၀၄၅။ ၄၇-၁၂။၃။ သာ-မ ဟ န
ရက်စွဲ၊ ၁၃၇၅-ခု တန်ခူးလပြည့်ကျော် ၁- ရက်
( ၂၀၁၃-ခုနှစ် ဧပြီလ ၁၆ ရက်)

ဆက်ကပ်ပါရန်
ဥက္ကဋ္ဌဆရာတော် တိုင်းသံဃနာယကအဖွဲ့
ကြားတောရလမ်း၊ ဗဟန်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။ ။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စ။

၁။ မဟာသန္တိသုကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဦးပညာဝံသမှ ပြန်လည်တောင်းခံလာခြင်းနှင့် စပ်လျဉ်း၍ ( ၁၇-၃-၂၀၁၃) နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
( ၄၇) ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးက ဖော်ပြလတ္တံ့အတိုင်း ဆုံးဖြတ်ခဲ့ပါသည်ဘုရား -

ဆုံးဖြတ်ချက်

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားသော တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးအား ပြန်လည်ထိန်းသိမ်း လွှဲအပ်စောင့်ရှောက်ခွင့်ပြုပါရန် လျှောက်ထားခြင်းကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်၍ နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးအား ရေစက်ချလှူဒါန်းပြီးဖြစ် ၍ ပေးခွင့်မရှိကြောင်း ဆုံးဖြတ်ရန်။

၂။ သို့ဖြစ်၍ အထက်အပိုဒ် (၁)ပါဆုံးဖြတ်ချက်ကို သိရှိနားလည်ပါရန်နှင့် လိုအပ်သလို ဆက်လက် ညွှန်ကြားဆောင်ရွက်သွားပါရန်အကြောင်းကြား လျှောက်ထားအပ်ပါသည်ဘုရား။

ဘဒ္ဒန္တဂုဏိကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်

မိတ္တူကို ….

နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား ရေစက်ချလှူဒါန်းပြီးဖြစ်လို့ ပီနန်းဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။

လှူဒါန်းသူ နိုင်ငံတော်အကြီးအကဲများလည်းသက်တော်ထင်ရှားရှိပါသေးတယ်ဗျာ။ သူတို့ကိုတောင် သက်သေထူပြီး ပြန်တောင်းရမလိုဖြစ်နေတယ်။

ကျောင်းတော်ကြီး ပေါ်ပေါက်လာပုံ အကျဉ်းပြောရရင် .. ပီနန်ဆရာတော်ကြီး ပြည်ပသာနာပြု နှစ်ပေါင်းလေးဆယ်ကျော်ကြာမှာ နိုင်ငံတော်အစိုးရမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် လှူဒါန်းလို့ မြန်မာပြည် ပြန်လာခိုက် နိုင်ငံတော်အကြိးအကဲများမှ ဆရာတော် သီတင်းသုံးဖို့ ကျောင်းဆောက်လှူ လိုကြောင်းလျှောက်ထားလာပါတယ်။ ထိုအခါ ဆရာတော်ကြီးမှ ငါ့အတွက်ထက် သာသနာအတွက် အကျိုးရှိမယ့် ပြည်ပသာသနာပြုသင်တန်းကျောင်းဆောက်လှူရင်ကောင်းမယ်လို့ အမိန့်ရှိတာကြောင့် ဆရာတော်ဆန္ဒအရ ဒီကျောင်းတော်ကြီးဖြစ်လာတာပါ။

နောက်ပိုင်းမှာ ဘယ်လို နိုင်ငံတော်သံဃနာယကဆရာတော်များအား ရေစက်ချလှူဒါန်းသလဲဆိုတာ မပြောတတ်တော့ပါဘူး။ နိုင်ငံတော်သံဃနာယကဆရာတော်များ
မှာလည်း သူတို့ စိတ်တိုင်းကျ ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို့ ၊ နောက်ကဖိအားပေးမှုတွေနဲ့ ဆုံးဖြတ်ရတယ်ထင်ပါတယ်။

မြန်မာနိုင်ငံကြီးပြောင်းလဲပြီး ဥပဒေစိုးမိုးပြီဆိုပေမယ့် မျက်နှာကြည့်ဆုံးဖြတ်ရတဲ့ အမှုကိစ္စတွေ ကလည်းတော်တော်များသား။

စာရေးသူဟာ ဝိနည်းဓိုရ်ဆရာတော်မဟုတ်လို၊ ၊ နိုင်ငံတော်သံဃနာယက လုပ်ထုံးလုပ်နည်းများကောင်းကောင်း နားမလည်းပါဘူး။ သို့သော်လည်း ဒီနေရာမှာ ငါသာ မဟန ဆရာတော်ဆိုရင်ဆိုတဲ့ အတွေးလေးဝင်လာပါတယ်။

စာရေးသူတို့ ဗုဒ္ဓဟာ နုစဉ်ဘဝကတည်းက ဒါနပါရမီကို အဓိကထားဖြည့်ခဲ့ပါတယ်။ မျက်လုံးတွေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊အသွေးတွေ၊အသားတွေလည်း ဘဝပေါင်းများစွာလှူးဒါန်းခဲ့ပါတယ်။ သား၊သမီး၊ဇနီးမယာတွေးလည်း ဘဝများစွာ စွန့်လှူခဲ့ဖူးပါတယ်။ မဟနဆရာတော်များနှင့် စာရေးသူတို့ဟာ ဘုရားသားတော်တွေပါ။ ဘုရားလောင်းစိတ်ဓာတ် ၊ဘုရားစိတ်ဓာတ်ကို မွေးမြူရပါမယ်။ ဗုဒ္ဓဟာ တောင်းလာသူရှိရင် ဘယ်တော့မှ လက်တွန့်လေ့မရှိပါဘူး၊ ပေးကမ်း စွန့်ကြဲလေ့ရှိပါတယ်။

ဒါကြောင့် ငါသာ မဟနဆရာတော်ဆိုရင် မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်တောင်းလာသူ ပီနန်ဆရာတော်ကို ဗုဒ္ဓရဲ့ ဒါနဥပဒေသနဲ့အညီ ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်မှာပဲ။ ပီနန်းဆရာတော်ကြီးလည်း ဒီကျောင်းကို ရောင်းစားဖို့ ပြန်တောင်းတာမှမဟုတ်ပဲ၊ သူတတ်စွမ်းသမျှ သာသနာပြုဖို့ ၊ပြန်တောင်းတာပဲလို့ပဲယုံကြည်တယ်လေ။

မဟန ဆရာတော်ကြီးများ ဒီလိုသာဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံ သံဃာလောကမှာ သိက္ခာကျနေတဲ့ မဟနအဖွဲ့အစည်းဟာ ၊ သံဃာတော်များရဲ့ အားကိုးရာ၊အားထားရာဖြစ်လာမှာပါ။

ဒီနေရာမှာ တရားရေးရာ သဘေားထားချင်းတူညီလို့ စာရေးသူနေတဲ့ ကနေဒါနိုင်ငံ တရားသူကြီးဆုံးဖြတ်ချက်ကို အကျဉ်းမျှ တင်ပြပါရစေ..။

ကနေဒါကိုရောက်နေတဲ့ မြန်မာမိသားတစ်စုမှ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ တူနှစ်ယောက်ကို မွေးစားပြီး ကနေဒါကိုခေါ်ဖို့ ကြိုးစာနေပါတယ်။ ရှေးနေများနဲ့လုပ်တာဆိုတာ့ တော်တော်လည်း ခရီးပေါက်နေပါပြီ။

သို့သော်လည်း မွေးစားပုံစည်းကမ်းဥပဒေဟာ အနောက်နိုင်ငံတွေမှာ တော်တော် တင်းကြပ်ပါတယ်။ မြန်မာနိုင်ငံလို့ ပါစပ်နှင့်ပြောကာ မွေးစားလို့မရပါဘူး။ ဒါကြောင့်တရားသူကြီးက ပထမတကြိမ်သူရဲ့ တူနှစ်ယောက် မွေးစားစမွန်စာကို ပယ်ချလိုက်ပါတယ်။

ထို့နောက် အယူခံဝင်ဖို့ နောက်တစ်ပတ်ရုံးချိန်မှာ သင်မွေးစားပါတယ်ဆိုတာကို သက်သေခိုင်မာစေဖို့ ၊ မြန်မာကွန်မြုနတီမှ ယုံကြည်လေးစားလောက်တဲ့ သူတစ်ယောက်ကို ခေါ်ခဲ့ပါဆိုလို့ စာရေးသူ တရားသူကြီးရုံးကို လိုက်သွားရပါတယ်။

တရားသူကြီးက တရားခံ၊သက်သေများရဲ့ ထွက်ဆိုချက်အားလုံးကိုနားထောင်ပြီး

“ ဆင်းရဲတဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် အဘယ်ကြောင့် ကနေဒါနိုင်ငံ လာခွင့်မရှိရမှာလဲ” လို့ လူသားချင်း စာနာခြင်းဆိုရာ ဥပဒေဖြင့် ကလေးနှစ်ယောက် ကနေဒါလာခွင့်ကို ဆုံးဖြတ်လိုက်ပါတယ်။

အမှန်တကယ် ဒီကလေးနှစ်ယောက်ဟာ ကနေဒါဆိုင်ရာ မွေးစားသာ ဥပဒေနဲ့ဆို ဘယ်လိုနည်းနဲ့မှ ကနေဒါကိုလာလို့ မရပါဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူးပေါ့။ သို့သော်လည်း တရားသူကြီးက ပညာသားပါပါ ဥပဒေကင်းလွှတ်အောင် ၊ အဘယ်ကြောင့် ဆင်းရဲ့တဲ့နိုင်ငံက ကလေးနှစ်ယောက် ကနေဒါကို လာခွင့်မရှိရမှာလဲလို့ ဆုံးဖြတ်လိုက်ပါတယ်။

စာရေးသူဟာ တရားသူးကြီးရဲ့ ဆုံးဖြတ်ချက် သဘောကျလွန်းလို့ သာဓုခေါ်မိပါတယ်။ တူနှစ်ယောက်ကို စပွန်ဆာလုပ်တဲ့ မိသားစုတော့ ဘယ်လောက်ဝမ်းသာမလဲဆိုတာ တွေးတာကြည့်ပါတော့။

ခုလည်း ပီနန်ဆရာတ်ာကြီး မဟာသန္တိသုခကျောင်းတော်ကြီးပြန်တောင်း ဆိုးတဲ့ကိစ္စမှာလည်း နိုင်ငံတော်အကြီး အကဲများမှနိုင်ငံတော်သံဃနာယကဆရာတော်များအား ရေစက်ချလှူဒါန်းသည်ထားဦးတော့ ၊ အဘယ်ကြောင့်သာလျှင် ဗုဒ္ဓ၏ ဒါနဥပဒေသဖြင့် ပီနန်ဆရာတော် ဦးပညာဝံသအား ပြန်လှူဒါန်းခွင့်မရှိသလဲ၊

ပြန်လည်လှူဒါန်းလိုက်မယ်ဆိုရင် လူသာဓုခေါ် ၊နတ်သာဓုခေါ်မှာ အမှန်ပါပဲ။ ထို့ထက် ပိုပြီး ဝမ်းသာသွားမှာက သက်တော်ရှစ်ဆယ်ကျော်သက်တော်ရှည် ကမ္ဘာသာသနာပြု စင်္ကာပူ၊ပီနန်ဆရာတော်ဘုရားကြီးပင်မဟုတ်ပါလားဘုရား။

ပီနန်ဆရာတော်ကြီးနှင့်မဟနဆရာတော်ကြီးများ ကျန်းမာချမ်းသာပါစေ..
ခြေတော်ဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။


နိုင်ငံတော်သမ္မတကြီးဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာမိသားစုများနှင့်
တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ပြည်ပရောက်
မြန်မားများလည်း ပါဝင်ဖို့ဖိတ်ခေါ် နေချိန်မှာ

သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃမဟာနာယက
ဆရာတော်များက မြန်မာနိုင်ငံကြီး ခေတ်မီပြောင်းလဲခြင်းနှင့်အတူ လိုက်ပါသွားရမည့် သာသနာရေးကိစ္စများကို ကမ္ဘာသာသနာပြု ပီနန်ဆရာတော်ကြီးနှင့် အဘယ်ကြောင့် လက်မတွဲချင်ရတာလဲ??
။။။။။။။။။။။။။။။။။။။။။။။
မဟာသန္တိသုခ ဘယ်လဲ ဘာလဲ ? အပိုင်း- ၄ မှာ နိုင်ငံတော်သံဃနယကဆရာတော်များရဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်မြင်သုံးသပ်တင်ပြချင်ပါတယ်။

ဒီဆုံးဖြတ်ချက်ကိုလည်း မကျေနပ်လို့ ပီနန်ဆရာတော်ကြီးနှင့်တပည့်သံဃာ၊ဒကာ၊ဒကာမများလည်း
နိုင်ငံတော်သံဃနာယကထံ အယူခံဝင်မယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား
ရေစက်ချလှူဒါန်းပြီးဖြစ်လို၊( မှတ်ချက်.. ဤလှူဒါန်းမှုသည် ကာယကံရှင် ပီနန်ဆရာတ်ာဘုရားကြီး၏ ဆန္ဒမပါပဲ လှူဒါန်းခြင်ဖြစ် ခေတ်စကားနှင့် ပြောရလျှင်
ကျောင်းအကျိုးတော်ဆောင်များ ဆရာတ်ာကြီး တဖက်လှည့် သာသနာရေးမှ ညွှန်ကြားရေးမှုးဟောင်း၊ သာသနာရေး အကြံးပေး ဦးအံ့မောင်းနှင့် ပေါင်း၍ ဂွင်ရိုက်လိုက်ခြင်းဖြစ်)

ပီနန်ဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်”

ဒီဆုံးဖြတ်ချက်ကို ပီနန်ဆရာတော်ကြီးဘက်က ခံစားကြည်မယ်ဆိုရင်.. မဟနဆရာတော်တွေ မတရားဘူး၊ အာဏာကို အလွှဲသုံးစားလုပ်တယ်။ သံဃာမျက်နှာမကြည့်၊ ဘုန်းကြီးချင်းမျက်နှာမှ မထောက်ထား အထက်ကညွှန်ကြားနေတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်နေရတယ်။

ဘယ်မှာလဲ နိုင်ငံတော် သမ္မတကြီးပြောတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ၊ မောင်ပိုင်တွေ၊ ဦးပိုင်းတွေ စိုမိုးနေတုန်းပဲမဟုတ်လား၊ မောင်ပိုင်၊ဦးပိုင်အဖွဲ့က လယ်၊ယာ၊မြေ၊တော၊တောင်ကိုတောင် သိမ်းပိုက်တာ အားမရလို့ ၊ဘုန်းကြီးကျောင်းကိုတောင်သံဃမဟာနာကနဲ့ပေါင်းပြီး သိမ်းပိုက်ပြန်တယ်။ ဘယ်မှာလည်း သာသနာရေးမှာ ထင်းသာမြင်သာရှိတယ်ဆိုလိုလို့ စောကတက်မှာ အမှန်ပါပဲ။

သံဃနာကကဖက်ကလည်း ပြောမှာပေါ့ ဟော ! ကြည့်ပါဆရာတော် ။ အရှင်ဘုရားကျောင်းအမှုဆောင်တွေက အရှင်ဘုရား ပြည်ပရောက်နေတုန်း ၂၀၀၂ နှစ်က နိုင်ငံတော်သံဃနာယကကို လှူထားပြီးပြီပဲ၊ ဒီကျောင်းဟာ သံဃနယဆရာတော်များသာပိုင်တယ်
ပြန်မပေးနိုင်ဘူး၊ တကယ်လို့ တပည့်တော်တို့က အရှင်ဘုရားကို ပြန်ပေးချင်ဦးတော့ ၊ ပြန်ပေးမယ်လို့ ဆုံးဖြတ်လိုက်ရင်တပည့်တော်တို့ စားအိုးကွဲသွားမှာပေါ့။ တပည်တော် ရထားတဲ့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့ရထူးလေးကို မစွန့်လွှတ် ချင်းဘူး။ အရှင်ဘုရားလည်းသိသားပဲ၊ အထက်ရောက်တဲ့သူ
အောက်မဆင်းချင်တော့ဘူးဆိုတာ စသည်ဖြင့် ဆိုင်ဆိုင်ရာ အကြောင်းပြကြမှာပေါ့။

ဒီနေရာမှာ နှစ်ဖက်စလုံး ဘယ်သူကိုမှ လိုသည်၊ပိုသည်၊ လို့မဆုံးဖြတ်လိုပါဘူး၊ နေရာတိုင်းမှာ ကွဲပြားခြားနားမှုတွေကတော့ ရှိနေမှာပေါ့။ ဒီလို အမြင်မတူ တမူကွဲပြားမှုတွေနဲ့ ပတ်သတ်လာလျှင် သမ္မတကြီး ဦးသိန်းစိန် တက်လာတော့  သူပြောလေ့ရှိတဲ့ စကားတခွန်းကို ပြန်ပြောင်းသတိရမိတယ်။

“ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အမြင်မတူတာတွေ သဘောထားကွဲလွဲတာတွေ ဘေးဖယ်ထား” တူညီတဲ့အချက်ကစပြီး နိုင်ငံတော်ကြီး တိုးတက်အောင် လက်တွဲလုပ်ကြရအောင်လို့ ပြောဖူးတယ်။

ဒီစကားဟာ .. မြတ်စွာဘုရား အမြဲပြောလေ့ရှိတဲ့ "သမဂ္ဂါနံ တပေါ သုခေါ"- အချင်းချင်း ညီညွတ်အောင်နေကြဆိုတဲ့ စကားနဲ့ သဘောထား ကိုက်ညီပါနေပါတယ်။

အမုန်း အာဃာတကြီးမားစွားနဲ့ ထောင်ချ၊ သေကြောင်းကြံ၊ အမျိုမျိုးပြစ်ဒဏ်ပေးပြီး ပြဒါးတစ်လမ်း၊ သံတလမ်း လျှောက်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မကြီးဦးသိန်စိန်နဲ့
အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်းဆန်းစုကြည်တို့အောင် အမြင်မတူတာတွေ ဘေးဖယ်ထားပြီး နိုင်ငံတော် အကျိုးအတွက်
နှစ်ဦးသား လက်တွဲဆောင်ရွက်နေကြသေးတာ ..၊အဘယ်ကြောင့်သာလျှင် မြတ်စွာဘုရားသားတော်များဖြစ်ကြတဲ့နိုင်ငံတော်သံမဟာနာကနှင့်သက်တော်ရှည်ပီနန်ဆရာတော် ဘုရားကြီးတို့ သာသနာတွက် လက်တွဲမဆောင်ရွက်နိုင်စရာ အကြောင်းရှိပါမလဲ။

၈၈-ခေါင်းဆောင်များဖြစ်ကြတဲ့ နှစ်ပေါင်းများစွာ ထောင်နန်းစံပြီး အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့နဲ့ သမ္မရုံးဝန်းကြီး ဦးအောင်မင်းတို့ လက်တွဲကာနိုင်ငံတော် ပွင့်လင်းမြင်သာဆိုတဲ့ ဒီမိုကရေစီခေတ် ရေးစီးကြောင်းတဲမှာ မျှောပါသွားနေကြသေးတာ။

အဘယ်ကြောင့် နိုင်ငံတော်သံဃမဟာနာကဆရာတော်ကြီးများက ပွင့်လင်းမြင်သာသော ဗုဒ္ဓအလိုကျ သီတင်းသုံးဖော် သံဃာအချင်းချင်း မညီညွတ်ကြပဲ အာဏာရှင်လက်ထက်ကလို ရှေးရိုးစွဲ စာအုပ်ကြီးအတိုင်းအယူဝါဒကို စွဲကိုင်ကာ အထက်ကညွှန်ကြားသည့်အတိုင်း ဆက်လက် ကျင့်သုံးနေကြတာလဲ။

နှစ်ပေါင်းမြောက်များစွာ မြန်မာ့တပ်မတော်နဲ့ KIO/KIA စသော လက်နက်ကိုင်အဖွဲ့အစည်းများ သဘောထားကွဲလွဲလို့နှစ်ပေါင်းများစွာ အသက်သွေး၊ချွေးတွေပေးဆပ်ပြီး တိုက်ပွဲဝင်လာခဲ့ တာတောင်မှ လူမှုအဖွဲ့အစည်းတွေ ပွင့်လင်းလာတဲ့ခေတ်မှာ မတူတာတွေ ဘေးဖယ်ထားပြီး ၊ လက်နက်နှင့်ငြိမ်းချက်ရေးလဲကြဖို့ လက်မှတ်တွေ ထိုးကာ သမိုင်းမှတ်တိုင် တင်နိုင်ခဲ့ကြသေးတာ

အဘယ်ကြောင့် သူတော်ကောင်းကြီးများဖြစ်ကြတဲ့နိုင်ငံတော်သံဃမဟာနာယက နှင့်ပီနန်းဆရာတော်ဘုရားကြီးတို့တစ်ပါးနှင့်တစ်ပါး မျက်နှာချင်းဆိုင် သာသနာ့ငြိမ်းချမ်းရေးအတွက် လက်မှတ် မထိုးနိုင်းသေတားလဲ စသည်ဖြင့်တွေးတောမိပါတယ်။

ခုဆိုရင် ဆရာတော်ကြီးနဲ့ တပည့်သဃာတော်များဟာ မဟာသန္တိသုခကျောင်းတော်ကြီး ပြန်လည် သတင်းသုံးနေပါပြီ။

ပီနန်ဆရာတော်ဆိုတာ လွန်ခဲ့သော နှစ်ပေါင်း ၅၀-ကျော်ကတည်း အမေရိကန်၊ ကနေဒါ၊ ထိုင်ဝမ်၊ ဩစတေလျ၊၊စက်ာပူ၊ မလေးရှားတို့မှာ မြန်မာဘုန်းတော်ကြီးကျောင်းပေါင် ၂၀-နီးပါကို တည်းထောင် ခဲ့တဲ့ဆရာတော်။ဆရာတော်ရဲ့ တပည့်များဟာလည်းနိုင်ငံတကာမှာ သာသနာပြူနေကြပါပြီ။

သို့အတွင်ကြောင့် မဟနဆရာတော်များ ဘယ်လိုပင် ဆုံးဖြတ်ချ ထားသော်လည်း။ အာဏာရှင် စစ်အစိုးရမဟုတ်တဲ့ ခုအချိန်အခါမှာ သမ္မတကြီးဦးသိန်းစိန်မှ မကြာခဏအမြဲပြောလေ့ရှိတဲ့
ပြည်သူက တင်ထားတဲ့ တာဝန်ရှိသူများ၊ ပြည်သူက တင်မြောက်ထားတဲ့ ပြည့်သူဝန်ထမ်းများ ဘယ်လိုဆက်လက်ဖြေရှင်းမလဲဆိုတာ စာရေးသူနဲ့စာဖတ်ပရိတ်သတ်များစောင့်ကြည့်ရအောင်ပေါ့ဗျာ။

Post a Comment

 
Top