ဇွန် ၁၂
ရက်က နိုင်ငံခြားရေးဒုတိယ၀န်ကြီး ဦးဇင်ယော် မလေးရှားနိုင်ငံရှိ ကပုန်းဘုန်းတော်ကြီးကျောင်းတွင်
ခိုလှုံနေသော မြန်မာအလုပ်သမားများနှင့် တွေ့ဆုံစဉ်
=====================================
နိုင်ငံခြားရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော် ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့
ရောက်ရှိပြီးနောက် နှစ်ရက်အတွင်း မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများ
အကြမ်းဖက် ခံရသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင်
ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ၏ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်
ပတ်သက်ပြီး မြေပြင်ကွင်းဆင်း စုံစမ်းရန်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန်
နိုင်ငံခြားရေး ၀န်ကြီးဌာန ဦးဇင်ယော်နှင့်အတူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ ပါဝင်သည့် မြန်မာအဖွဲ့သည် ဇွန် ၁၁ ရက်က မလေးရှားနိုင်ငံသို့
သွားရောက်ခဲ့ခြင်း ဖြစ်သည်။
မေ ၂၉ ရက်က
စတင်ပြီး မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံရ
မှုများကြောင့် သေဆုံးဒဏ်ရာ ရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့ရာ မလေးရှားနိုင်ငံရှိ မြန်မာများမှာ
စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့ခဲ့ကြရကြောင်း ကိုယ်တွေ့ကြုံရသူများ၊ မလေးရှား သတင်းဌာနများ၏
ဖော်ပြချက်များ၊ Facebook စာမျက်နှာများမှ တစ်ဆင့် ဖော်ပြချက်များအရ သိရသည်။
မလေးရှားရောက်
မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ခံရပြီးနောက် ပြည်တွင်း မီဒီယာများတွင်
ဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်အား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
ခေါ်ယူတွေ့ဆုံပြီး မလေးရှားရှိ မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်၊ မလေးရှားရှိ
မြန်မာနိုင်ငံ သားများအား ထပ်မံအကြမ်းဖက်မှုများ မဖြစ်ပေါ် လာစေရန်နှင့် အကြမ်းဖက် သူများအား
ဥပဒေနှင့် အရေးယူဆောင်ရွက်ရန် သံတမန် နည်းလမ်းအရ သတိထောက်လွှာ ပေးခဲ့သည်။
ယင်းနောက်ပိုင်းတွင်
မလေးရှား ရဲများက အော်ပရာစီ စီမံချက် ပြုလုပ်ခဲ့ပြီး မလေးရှားရှိ တရားမ၀င် နေထိုင်သည့်
နိုင်ငံခြားသားများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သတင်းများအရ မြန်မာနိုင်ငံသား
၁၀၀၀ ၀န်းကျင် ဖမ်းဆီးစစ်ဆေး ခံခဲ့ရကြောင်း သိရပြီး မလေးရှားနိုင်ငံတွင် ဆက်လက်ဖမ်းဆီး
ခံထားရသူ ၁၉၆ ဦးနှင့် သေဆုံးသူ လေးဦးရှိကြောင်း မလေးရှားရဲများက ပြောကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၁၁ ရက်က ပြောကြားခဲ့သည်။
လက်ရှိတွင်
ကောလာဟလ သတင်းအချို့ ထွက်ပေါ်ခြင်းသာရှိပြီး ထပ်မံတိုက်ခိုက် ခံရမှုများ မရှိသေးကြောင်း၊
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ဆလာယန်း ဒေသတွင် ဘင်္ဂါလီအများစု နေထိုင်ကြောင်း
မလေးရှားရောက် The Daily Eleven သတင်းစာ၏ အကြီးတန်း သတင်းထောက်၏ သတင်းပေးပို့မှု များအရ
သိရသည်။
Eleven Media Group

Post a Comment