0
ယခုရက်ပိုင်းများအတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံနေရသူများနှင့် အခက်အခဲတွေ့နေသော
 မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦး လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ အား Eleven Media Group မှတစ်ဆင့် မလေးရှားနိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ ဇွန် ၁၁ ရက်တွင် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ လိုအပ်ပါက ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

    ထို့ပြင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ  မြန်မာနိုင်ငံသားများအတွက် ဇွန် ၁၂ ရက်မှ စတင်၍ တစ်လတိတိကို MAI လေကြောင်းလိုင်း ခရီးစဉ်များတွင် လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်က မလေးရှားနိုင်ငံတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများအား လိုအပ်သည်များ ကူညီနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်များအား စေလွှတ်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဦးရေ (၁၀၀၀) စာ အတွက် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မလေးရှားရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဒေါ်လာ ၂၀၀၀၀ ကို Eleven Media Group မှတစ်ဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

Post a Comment

Top