0

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရမှ ကူညီဆောင်ရွက်ပေးမှုနှင့် လက်ရှိအိမ်အပြန်လမ်းခရီးစဉ်တွေ စီစဉ်နေမှုအား မလေးရှားရောက် မြန်မာအလုပ်သမားများအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာတွင်…….
ဆာဒမ်းမှ ကိုကျော်နိုင်က ကျနော်တို့ Myanmar Dialy News ကိုအခုလိုပြောပါတယ်။

“ အခုလိုစီစဉ်ပေးတာ ကျနော်ကတော့ မြန်မာအစိုးရကို တကယ်ကျေးဇူးတင်တယ်ဗျာ၊ မလေးရှားရောက် မြန်မာတွေကို ပစ်မထားဘူးဆိုတာ သိရလို့ ၀မ်းသာမိပါတယ်၊ ကျနော်တို့လို တရားမ၀င်နေထိုင်နေတဲ့သူတွေကို လေယာဉ်နဲ့ ပြန်ခွင့်ရတာလည်းပါတာပေါ့။ စိတ်မကောင်းဖြစ်မိတာက အကြမ်းဖက်ခံလိုက်ရတဲ့ မြန်မာတွေကိုတော့ တကယ်စိတ်မကောင်းဖြစ်ရတယ်။ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်လို့ပဲ ပြောချင်တယ်” ဟု သူကပြောကြားခဲ့ပါတယ်။
ချားလမ်းက ကားဝပ်ရှော့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုသိန်းထွန်းကိုလည်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာတမှာတော့ အခုလိုပြောပါတယ်၊ “ ဘယ်လိုပြောရမလဲ သမိုင်းသစ်ရေးထိုးတယ်လို့ပဲ ပြောရမှာပေါ့နော်၊ အခုလိုစီစဉ်ပေးတာမျိုးက ရှားတယ်။ ပြောရရင် ကျနော်တို့ ပြည်ပရောက် မြန်မာတွေအတွက် ဘယ်လောက်ထိ အကျုံးဝင်တယ်ဆိုတာ သိသာမြင်သာမှုတွေရှိလာပြီလို့ ပြောရမှာပေါ့။ ပုဂိုလ်စွဲတော့မရှိဘူး။ ဒါပေမယ့် ကြုံတုန်း ပြောခွင့်ရတုန်းလေးတော့ ပြောချင်တယ်။ မြန်မာနိုင်ငံက ပါတီခေါင်းဆောင်တွေ ဒီအရေးမှာ နှုတ်ပိတ်နေတာကတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ အရင်ကလေးစားပြီး ပြည်ပမှာလည်း ကျနော်တို့တေါ သူတို့ကို အထင်ကြီးလေးစားနေခဲ့တာ အခုအရေးမှာ နှုတ်ပိတ်ပြီးနေတာတော့ စိတ်မကောင်းဖြစ်မိတယ်” လို့ Myanmar Dialy News မှ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။
ဂျိုဟိုးမှ မနန္ဒာစိုးကတော့ ကျနော်တို့ Myanmar Dialy News ကိုအခုလိုပြောပါတယ်။
“ ဒီဖက်မှာတော့ ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။ ဒါပေမယ့် ဘယ်နေ့လဲဆိုပြီး ကြောက်စိတ်တွေနဲပ နေနေရတာပေါ့။ ဒီကြားထဲ အင်တာနက်မှာလည်း ဟုတ်တဲ့ပုံတွေရော့။ မဟုတ်တဲ့ ပုံတွေပါ ရောတင်ပြီး မလေးရှားမှာပါ ဆိုပြီး တင်ပြလာတော့ ဈေးတောင်သွားမ၀ယ်ရဲတဲ့ အဖြစ်နဲ့ ကြုံရတယ်။ အခုလို စီစဉ်ပေးတာ အရမ်းကျေးဇူးတင်တယ်။ မြန်မာသံရုံးတာဝန်မဲ့တာကိုတော့ အစိုးရအနေနဲ့ အရေးယူသင့်တယ်” လို့ပြောပါတယ်။
ပူချုန်းမှ ကိုသက်နိုင်ထွန်းက အခုလိုပြောလာပါတယ်။ “ လက်ရှိ အစီအစဉ်နဲ့ ငွေကြေးကူညီတဲ့သူတွေကို တကယ်ပဲ ကျေးဇူးတင်တယ်လို့ပဲ ပြောချင်တယ်။ မလေးရှားကနေ ဒုက္ခရောက်နေတဲ့ မြန်မာတွေ ချောချောမောမောနဲ့ အိမ်ပြန်ခရီးစီစဉ်ပေးတာကိုပဲ ကျေးဇူးအထူးတင်လှပြီ။ လက်ရှိအစိုးရက ကျနော်တို့တွေရဲ့ ဘ၀ကို စာနာပေးလို့ ကျေးဇူးတင်တယ်။ မလေးရှားအခြေစိုက် မြန်မာတွေ မလေးရှားမှာ မတရားသေတာ မနည်းဘူး။ အဓိက ကမြန်မာသံရုံးက တာဝန်မဲ့တာတွေကြောင့် အခုလို မြန်မာတွေကို အသတ်ခံရတာ။ ပေါ့ပေါ့တွေးပြီး လူ့အသက်တစ်ချောင်းကို ကိုယ်ခံစားနေရတဲ့ စည်းစိမ်လောက် တန်ဖိုးမထားတတ်တဲ့ သူတွေလို့ ပဲမြင်တယ်။ အခွန်ဆောင်မယ်ဆို မြန်မြန်လာထား ဆိုတဲ့သူတွေတော့ ထိချက်နာမှာသေချာတယ်။ ပြည်တွင်းက ပါတီခေါင်းဆောင်ကြီးကိုလည်း ကျေးဇူးတင်တယ်…ဘာလို့ လဲဆိုတော့ မြန်မာတွေအသတ်ခံရတာ နှုတ်ပိတ်နေလို့ ..ဒါပေမယ့် ဖြေသိမ့်လိုက်ပါတယ် ၀စီပိတ်တရားစခန်းဝင်နေတာနဲ့ကြုံလို့ ဘာမှမပြောဖြစ်တာနေမှာပါဆိုပြီး။ ဘာပဲဖြစ်ဖြစ် မလေးမှ အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတဲ့ မြန်မာတွေအားလုံး အိမ်ပြန်ခရီးဆက်သွယ်မေးမြန်းချက်များအားပြောကြားသွားခဲ့ပါတယ်။
လက်ရှိ အစီအစဉ်အား မလေးရောက် မြန်မာများအားလုံး ကြိုဆိုကြသလို အိမ်ပြန်မယ့်သူများလည်း အများအပြားရှိနေကြပါတယ်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားအလုပ်သမား လေးသိန်းကျော်ရှိပြီး တရားဝင် အလုပ်သမား သုံးသိန်းရှိသည်ဟု ဆိုသည်။ UNHCR ရဲ့ ဒုက္ခသည်လက်အောက်ခံမြင့် နေထိုင်နေသူဦးေ၇ ကိုးသောင်းကျော်ခန်ပရှိပြီး တရားမ၀င် အလုပ်သမား လေးသောင်းကျော်ခန့် ရှိသည်ဟု သိရှိရသည်။
Myanmar Dialy News

Post a Comment

 
Top