ဂျော်ဂျီနာနိုင်ငံက နည်းပညာရှင်တို့ စမ်းသပ်လို့ရတဲ့ ရလဒ် ဖြစ်ပါတယ်။ Mac
ကစလို့ iPhone အဆုံး Apple ကုန်ပစ္စည်းအားလုံးကို လုံခြုံရေး ထိုးဖောက် လို့
ရကြောင်း သိရပါတယ်။
နည်းလမ်းကတော့ အားသွင်းတဲ့
ကြိုးကနေ ဖြစ်ပါတယ်။ အားသွင်းတဲ့ ဘက်ထရီကြိုး/ Connector ကနေတစ်ဆင့် Hack
တာ ဖြစ်ပါတယ်။ malicious charger ကို အသုံးပြုပြီး Apple ကုန်ပစ္စည်းအတွင်းက
အချက်အလက်များ ကို အလွယ်တကူ ယူလို့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်
Apple ရဲ့  USB connector နဲ့ ပက်သက်လို့ လုံခြုံရေး အားနည်းချက်ကို Apple
တို့ ပြန်လည် Upgrade လုပ်ရန်လိုအပ် တယ်လို့ အကြံပေးထား ကြပါတယ်။ ဇူလိုင်လ
၂၇ ရက်နေ့ Black Hat computer security conference မှာ Apple Device အား
Hack ပုံဟက်နည်းကို လက်တွေ့ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
မူရင်း သတင်း - http://goo.gl/F6RCY
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)
Post a Comment