0
အသက် ၆ နှစ်အရွယ်တွင် ပင် ရှာကွန်တာလာဒေ၀ီသည် သင်္ချာပါရမီရှင်အဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရသည်။ လျင်မြန်စွာ တွက်ချက်နိုင်မှုစွမ်းရည်ကြောင့် ကွန်ပျူတာဦးနှောက်လူသားဟူ၍ လည်းကောင်း၊ ဂဏန်းတွက်စက် ဦးနှောက်ဟူ၍လည်းကောင်း ခေါ်ဆိုခံခဲ့ရသည့် ရှာကွန်တာ လာဒေ၀ီသည် ဧပြီလ ၂၁ ရက် က ဘန်ဂလိုမြို့၌ ကွယ်လွန်သွား ခဲ့သည်။ ကွယ်လွန်ချိန်တွင် သူမ သည် အသက် ၈၃ နှစ်ရှိပြီဖြစ် သည်။
သူမသည် အတန်းပညာ သင်ကြားခဲ့ရမှုမရှိသော်လည်း သူ မ၏ သင်္ချာစွမ်းရည်ကြောင့် ကမ္ဘာ ကျော်ခဲ့သည်။ သူမသည် ကမ္ဘာ အနှံ့သွားရောက်ပြီး သူမ၏ သင်္ချာစွမ်းရည်ကို ပြသခဲ့သည်။


 ၂၀၀၈ ခုနှစ်က စင်္ကာပူနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ အိနိ္ဒယအပြည် ပြည်ဆိုင်ရာကျောင်း၌ အလွန် ကြီးမားသော ကိန်းဂဏန်းများ၏ သုံးထပ်ကိန်းရင်းကို စက္ကန့်ပိုင်း အတွင်း တွက်ပြနိုင်ခဲ့သဖြင့် လူ အများအံ့အားသင့်ခဲ့ရသည်။
၁၉၈၀ ပြည့်နှစ်တွင် လန်ဒန် အင်ပီးရီးယဲလ်ကောလိပ်၌ ပြောက်သောက်ရွေးချယ်ပေးလိုက် သော ဂဏန်း ၁၃ လုံးစီပါဝင် သည့် ကိန်းဂဏန်းနှစ်ခု (၇၆၈၆၃၆၉၇၇၄၈၇၀)နှင့် (၂၄၆၅၀၉၉၇၄၅၇၇၉)တို့၏ မြှောက်ရကိန်းကို ၂၈ စက္ကန့် အတွင်း အဖြေထုတ်ပေးနိုင်ခဲ့ သဖြင့် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစံ ချိန်တင်နိုင်ခဲ့သည်။
၁၉၇၇ ခုနှစ်ကလည်း အမေရိကန်တက္ကသိုလ်တစ်ခုတွင် ကိန်းဂဏန်းတစ်ခု၏ သုံးထပ် ကိန်းရင်းအား ကွန်ပျူတာထက် ၁၂ စက္ကန့်စော၍ စက္ကန့် ၅၀ အတွင်း အဖြေထုတ်ပေးနိုင်ခဲ့ သည်။
ရှာကွန်တာလာဒေ၀ီ ၆ နှစ် သမီးအရွယ်တွင် ဘန်ဂလိုမြို့ တောင်ဘက်ရှိ မိုက်ဆိုးတက္ကသိုလ် တွင် ပါမောက္ခများနှင့် ကျောင်း သားများရှေ့မှောက်၌ သင်္ချာညီ မျှခြင်းများကို ၂ နာရီကြာတွက် ချက်ပြသခဲ့သဖြင့် ကလေးသင်္ချာ ပါရမီရှင်အဖြစ် အသိအမှတ်ပြု ခြင်းခံခဲ့ရသည်။
လွန်ခဲ့သော နှစ်အနည်းငယ် က ရှာကွန်တာလာဒေ၀ီသည် နက္ခတ္ထဝေဒပညာရှင်ဖြစ်လာခဲ့ပြီး လူအများက သူမထံသို့ ဗေဒင် မေးမြန်းရန်လာရောက်ကြသကဲ့ သို့ သူမကလည်း ပြည်ပသို့ထွက် ခွာ၍ နယူးယောက်၊ လန်ဒန် အစရှိသည့် မြို့ကြီးများတွင် ဗေဒင်ဟောပြောခဲ့သည်။
ယမန်နှစ်က သူမသည် ကျန်းမာရေးချို့ယွင်းလာခဲ့ပြီး လွန်ခဲ့သော သီတင်းနှစ်ပတ်က အခြေအနေဆိုးဝါးလာခဲ့ကာ အသက်ရှူလမ်းကြောင်းနှင့် နှလုံး ရောဂါများကြောင့် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

ဥက္ကာအောင်

Post a Comment

 
Top