0
Foxconn ဆိုတာ အမေရိကန်အခြေဆိုက် Apple ရဲ့  ထုတ်ကုန်များကို ထုတ်လုပ်ပေးဖို့ ကန်ထရိုက်ရထား တဲ့ ထိုင်ဝမ်ကုမ္မဏီတစ်ခုပါ။

Apple က ပစ္စည်းတွေ တီထွင်ဖန်တီးပေမယ့် ထုတ်လုပ်မှုကိုကျ ကိုယ်တိုင် မလုပ်ပဲ ထိုင်ဝမ် ကုမ္မဏီဖြစ်တဲ့ Foxconn ကိုအပ်ပါတယ်။ တရုတ်ပြည်မကြီး က Foxconn မှာအများစု ထုတ်ပါတယ်။ ယခု ၂၀၁၃ ပထမ လေးလမှာ Foxconn တို့ အသားတင် ဝင်ငွေ ကျဆင်းရပါတယ်။ Apple လည်း ကျဆင်းပါတယ်။ ဒါကြောင့် Foxconn အနေနဲ့ Survive လုပ်လို့ရမယ့် နည်းလမ်း တစ်ခုအနေနဲ့ Apple ထုတ်ကုန်နဲ့ ဆက်စပ် accessory များကို ကိုယ်တိုင်ထုတ်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

Apple နားကြပ်နဲ့ USB ကြိုးက အစထုတ်လုပ်မှာပါ။ ပြီးမှ Apple ကို ပြန်ရောင်းမှာပါ။ အစကတော့ Apple ဆီကနေ နည်းပညာ အပြင်၊ လုပ်သား အင်အားပါ ပညာရှင်တွေအပိုင်းအထိ မှီခိုရပါတယ်။ အကယ်၍ Apple သာသူနဲ့ ဆက်မလုပ်ရင် Foxconn စီးပွားရေးကျမှာ ကြိမ်းသေတယ် လေ။ ဒါကြောင့် ကိုယ်တိုင် ဖန်တီးနိုင်ဖို့ ဆုံးဖြတ်လိုက်တာပါ။

နေ့စဉ် ပစ္စည်းထုတ်လုပ်နေလို့ ငွေပဲရပါမယ်။ ယင်း ပစ္စည်း ထုတ်လုပ်မှု အဆင့်ဆင့်နဲ့ နည်းပညာကို သိမထားရင် တစ်နေ့ကျ ကြိမ်းသေ စီးပွားကျမှာပါ။ ဒါကိုအကွက်မြင်တဲ့ Foxconn ကအမှီအခိုကင်းတဲ့ ကုမ္မဏီ တစ်ခုဖြစ်အောင် ကြိုးစားတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ် သတင်းတစ်ခုအနေနဲံ့ ကတော့ - ဇွန်လ ၁၀ ရက်နေ့ WWDC မှာ  Apple ဟာ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲအသစ်များ မိတ်ဆက် ဖွယ် ရှိကြောင်း သိရပါတယ်။
-
Ref: pocketint

Aung Kham (TSJ team)

Post a Comment

 
Top