ကမ္ဘာ့စီးပွားရေးဖိုရမ်အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် အကြို
အခမ်းအနားတွင် ဒေါက်တာကံဇော်က တုန့်ပြန်ပြောကြားခြင်းဖြစ်ပြီး
အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးစိုးသိန်း နှင့်
ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ အတူ တက်ရောက်သည်။ (ဓာတ်ပုံ-
ဆိုင်မွန်ရောက်ဂ်နင်း)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ် အစောပိုင်းတွင် ထောက်ပြဝေဖန်
မေးခွန်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်သူ
ဒေါက်တာကံဇော်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာမှ
အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံကြကြောင်းဖြင့်
ယနေ့ ကာကွယ်ပြောဆိုလိုက်သည်။
Post a Comment