0
ကလေးမြို့နယ်တွင်း ကျောင်းများတွင်သတ်မှတ်ထား သော နှုန်းထားများဖြင့်သာ ကျောင်းအပ်လက်ခံကြေးတောင်း ခံကြရန်မြို့နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားစာ ပေးပို့ထားကြောင်း ကလေးမြို့(အထက-၁) ကျောင်း အုပ်ဆရာမကြီးမှ ပြောသည်။ မြို့ နယ်ရှိ ကျောင်းများတွင် သတ် မှတ်ကြေးထက် ကျောင်းသားမိ ဘများထံကောက်ခံနေသည့် ကိစ္စနဲ့ပတ်သက်၍ ကျောင်းအုပ် ဆရာမကြီးမှပြောကြားရာမှာ
သက်ဆိုင်ရာကျောင်းအားလုံးအား မြို့နယ်မှ ညွှန်ကြားချက်တွေ ပို့ ထားပြီးဖြစ်ကြောင်း (အထက-၁) ကျောင်းအုပ်ကြီးအနေဖြင့် ညွှန် ကြားချက် တစ်စုံတစ်ရာမှ ထုတ် ပိုင်ခွင့်မရှိကြောင်းနှင့် လက် အောက်ခံကျောင်းများအား စာ မေးပွဲကိစ္စမှလွဲ၍ ၀င်ရောက်စွက် ဖက်ခြင်းမရှိကြောင်းဆရာမကြီးမှ  ပြောသည်။ ကျောင်းတွင်းမဟုတ် ဘဲ ကျောင်းပြင်ပတွင် ကျောင်း အပ်လက်ခံခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ လုံးဝလက်မခံ ကြောင်းနှင့် ကျောင်းအပ်ပါက ကျောင်းအပ်လက်ခံချိန်အတွင်း သာ လက်ခံရမည်ဖြစ်ကြောင်း ကျောင်းသားဆရာလုကြသည့် ကိစ္စများနှင့် ပတ်သက်၍(အထ က-၁) အနေဖြင့် လုံးဝမဖြစ်စေ ရန်ထိန်းသိမ်းထားကြောင်း ဆရာ မကြီးမှ ပြောကြားသည်။ ကလေး မြို့နယ်တွင်းကျောင်းတစ်ချို့တွင် ကျောင်းသားမိဘများနှင့် ဆရာမ များကြား ယခုကျောင်းအပ်ရာသီ တွင် သဘောထားကွဲလွဲမှုအချို့ ဖြစ်ပွားခဲ့ပြီးနောက် ကလေးမြို့၏ ကျောင်းသားဦးရေအများဆုံး (အ ထက-၁) မှ ကျောင်းအုပ်ဆရာမ ကြီးမှ မြို့နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားချက်များဖြင့် လုပ် ဆောင်နေကြောင်း ပြောကြား လိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

မြစ်သာ(ကလေး)

Post a Comment

 
Top