0
Smart Phone, Smart Watch နဲ့ ယခုနောက်ထွက်လာတာကတော့ Smart Ball ပါ။ စမတ်ဘောလုံးပေါ့။ သူ့ရဲ့  လုပ်ဆောင်ချက်က သာမန် ဘောလုံး တစ်လုံးထက် အများကြီး ပိုသွားတယ် ဆိုပါတော့။ Adidas ကပဲ ထုတ်ထား တာပါ။



အပြင်မှာ ကြည့်လိုက်ရင် သာမန်ဘောလုံး တစ်လုံးပါပဲ။ အတွင်းမှာ သေ ချာ ပြုလုပ်ထားတဲ့ စပရိန်ပါပါမယ်။ Bluetooth ပါမယ်။ မီတာ ပါမယ်။ အခြား စက်ကိရိယာ အချို့ ပါပါမယ်။ ဘာတွေ လုပ်ပေးမလဲဆိုတော့ ဘောလုံး တစ်ချက် ကန်လိုက်ရင်။ ကန်တဲ့အား၊ သွားတဲ့ နှုန်း၊ ရောက်တဲ့ အကွာအဝေး၊ လည်ကိန်း အစရှိသဖြင့် တွက်ချက် ပေးပါတယ်။

ပြီးတော့ Smart Ball ကနေ Bluetooth ကတစ်ဆင့် ကွန်ပြူတာပေါ်မှာ အချက်အလက် အားလုံး ပေါ်စေပါတယ်။ ကွန်ပြူတာမှာတော့ App သွင်းထား ရမှာပေါ့။ သူက iOS app ပဲ ထုတ်ရပါသေးတယ်။ ဒီတော့ Apple Device နဲ့ပဲ အဆင်ပြေအုံးမှာပါ။ ဘောလုံး အသင်းတို့ လေ့ကျင့်ရေးမှာ အသုံးးပြုဖို့အတွက် ရည်ရွယ်ပါသတဲ့။

ပယ်နယ်တီကစ်၊ ဖရီးကစ်တို့မှာ ပိုအသုံးဝင်မှာ ဖြစ်ပါတယ်။ ဘောလုံးကို Adidas miCoach Smart Ball လို့ နာမည်အပြည့်အစုံ ခေါ်ပါတယ်။ Adidas အစစ်ဆိုတော့ ဈေးကတော့ ကြိမ်းသေများမယ့် ဘောလုံး ဖြစ်ပါတယ်။


Pocketlint

Aung Kham (TSJ team)

Post a Comment

 
Top