ဗြိတိန်ဆန်းဒေးတိုင်းမ် သတင်းစာကထုတ်ပြန်သည့် နှစ် စဉ်သူကြွယ်စာရင်းတွင်
အသက် ၅၉ နှစ်အရွယ်ရှိ ရုရှားဘီလျံနာ သူဌေး အလီရှားအူစမာနော့ဗ်က
ကြွယ်ဝမှုစတာလင်ပေါင် ၁၃.၃ ဘီလျံဖြင့် ထိပ်ဆုံးမှရပ်တည်နေ သည်။
အူစမာနော့ဗ်သည် ပလတ် စတစ်အိတ်များထုတ်လုပ်မှုလုပ် ငန်းအား အစပြုခဲ့ပြီး
ယခုအခါ ရုရှား၏အကြီးဆုံး သံရိုင်းထုတ် လုပ်သည့် မက်တာလွိုင်ဗက်
ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီးအာ စင်နယ်ဘောလုံးကလပ်၏ ၃၀
ရာခိုင်နှုန်းနီးပါးကိုလည်း ပိုင်ဆိုင် ထားသည်။
၎င်းသည် ရုရှားနိုင်ငံ၏ အကြီးမားဆုံးအင်တာနက်ကုမ္ပဏီ တွင်လည်း
ပိုင်ဆိုင်မှုများရှိနေပြီး လန်ဒန်နှင့်မော်စကိုတွင်ရှိ မိုဘိုင်း
ဖုန်းဆက်သွယ်ရေးလုပ်ငန်းများ တွင်လည်း ပိုင်ဆိုင်မှုများရှိနေ သည်။
ယခင်က ၈ နှစ်ဆက်တိုက် သူကြွယ်စာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သည့်
အိနိ္ဒယနိုင်ငံ ဖွား သံမဏိသူဌေးလက်ရှ်မီမီ တားလ်သည် ယခုနှစ်စာရင်းတွင်
ချမ်းသာကြွယ်ဝမှု ၁၀ ဘီလျံဖြင့် အဆင့် ၄ သို့ရောက်ရှိသွားသည်။ ၎င်း၏ ယမန်နှစ်က
ချမ်းသာ ကြွယ်ဝမှုမှာ ၁၂.၇ ဘီလျံဖြစ် သည်။
မစ္စတာမီတားလ်၏ ပိုင်ဆိုင် မှုများရှိနေသည့် သံမဏိထုတ် လုပ်မှုကုမ္ပဏီ
အာစီလိုမီတားလ် ၏ ပိုင်ဆိုင်မှုမှာ ၂၈ ဘီလျံမှ ၅.၉၅ ဘီလျံသို့ ကျဆင်းသွားခဲ့
သဖြင့် ဗြိတိန်နှင့် အိုင်ယာလန်၏ ချမ်းသာကြွယ်ဝမှုစာရင်းတွင်
အကြီးမားဆုံးကျဆင်းမှုပင်ဖြစ် သည်။
ဒုတိယနေရာတွင်ရပ်တည်နေသူ မှာ ၀ါနာမြူစစ်ပိုင်ရှင် လင်းဘ လာဗတ်နစ်ဖြစ်ပြီး
၎င်းသည် ယမန်နှစ်က ပိုင်ဆိုင်မှု ၃.၄ ဘီလျံမှ ယခုနှစ်တွင် ၁၁ ဘီလျံ သို့
တက်လာသဖြင့် တိုးတက်မှု အများဆုံးပင်ဖြစ်သည်။
ယမန်နှစ်ကထုတ်ပြန်သည့် ဘီလျံနာသူကြွယ်စာရင်းတွင် ၇၇ ဦးရှိနေခဲ့ရာမှ
ယခုနှစ်ထုတ်ပြန် သည့် ၂၅ ကြိမ်မြောက်စာရင်း တွင် ၈၈ ယောက်ရှိလာကြောင်း
လည်းသိရသည်။
ဥက္ကာအောင်
Subscribe to:
Post Comments (Atom)

Post a Comment