ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟင်ရီကွီးကာ ပရီလက်စ်က ပြီးခဲ့သည့်လ သမ္မတရွေးကောက်ပွဲ ရလဒ်အပေါ် တရားဝင် စိန်ခေါ်လိုက်ပြီဖြစ်သည်။ နီကိုလတ်မာဒူရိုသည် ရွေးကောက်ပွဲရလဒ် ၁ ဒသမ ၄၉
ရာခိုင်နှုန်းဖြင့် နှာတစ်ဖျားကပ်နိုင်သွားခြင်းဖြစ်သည်။ သို့သော်လည်း
အတိုက်အခံ
ကိုယ်စားပြု ရှေ့နေများက တရားရုံးချုပ်သို့ ရွေးကောက်ပွဲ မသမာမှုများရှိ၍ ယင်းရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပေးရန် ဆော်သြလိုက်သည်။
မစ္စတာမာဒူရိုကမူ ယင်းရွေးကောက်ပွဲသည် တရားမျှတမှုရှိကြောင်း
ပြောကြားလိုက်သည်။ မာဒူရိုသည် ၁၄ နှစ်ကြာ အာဏာရယူထားသော သမ္မတ ဟူဂိုချာဗက်ဇ် မတ် ၅ ရက်က
ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးသည့်နောက် ၄င်း၏ နေရာတွင်
ဆက်ခံခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၄ ရက် ရွေးကောက်ပွဲ မဲရုံပိတ်ချိန်တွင် အာဏာပိုင်များက
မာဒူရိုအနိုင်ရကြောင်း ကြေညာခဲ့သည်။ ၄င်းသည် ငါးရက်အကြာတွင် ဗင်နီဇွဲလားသမ္မတအဖြစ်
ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
မစ္စတာ ကာပရီလက်စ်က ယင်းရွေးကောက်ပွဲရလဒ်ကို ရှုတ်ချလိုက်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပရန်
တောင်းဆိုလိုက်သည်။ (ဆင်ဟွာ)

Post a Comment