အမေရိကန်နိုင်ငံ
ကယ်လီဖိုးနီးယား ပြည်နယ်တွင် ပြင်းထန်သော တောမီးလောင်မှုတစ်ခုကြောင့်
ယင်းပြည်နယ်၏ ပင်လယ်ကမ်းခြေ အဝေးပြေးလမ်းမကြီး တစ်နေရာကို
ယာယီပိတ်ထားလိုက်ရကြောင်း မေ ၃ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
လေပြင်းများ တိုက်ခတ်သဖြင့် အဆိုပါ တောမီးသည် လော့စ်အိန်ဂျလိစ်မြို့
ဗင်ကျူရာစီရင်စုရှိ တောင်ခြေများနှင့် နက်ရှိုင်းသော
ချောက်ကြီးများတစ်လျှောက် ပျံ့နှံ့လောင်ကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်
မြို့နှစ်မြို့မှ နေအိမ်များကိုပါ ခြိမ်းခြောက်နေသည်။ ထို့အပြင် ပစိဖိတ်
ကမ်းခြေအဝေးပြေး လမ်းမကြီး၏ ၁၀ မိုင်ခန့်ရှည်သော လမ်းပိုင်းတစ်နေရာကိုလည်း
ပိတ်ထားရကြောင်း သတင်းတွင် ဖော်ပြသည်။ ကယ်လီဖိုးနီးယားပြည်နယ်
တက္ကသိုလ်တွင်လည်း မီးခိုးငွေ့များကြောင့် သင်ကြားမှုများကို
ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။ မေ ၃ ရက် နံနက်ပိုင်းတွင် တောမီးလောင်မှု
တစ်ဟုန်ထိုး ပျံ့နှံ့လာခဲ့သဖြင့် ရာပေါင်းများစွာသော မီးသတ်သမားများ
ဝိုင်းဝန်းငြှိမ်းသတ်လုပ်ဆောင်ခဲ့သည်။ အဆိုပါ တောမီးကြောင့် ဧကပေါင်း ၆၅၀၀
ထက်မနည်း မီးဘေးသင့်ခဲ့သည်။ မီးသတ်သမား ၇၀၀ ခန့်က လေယာဉ်များဖြင့် အဆိုပါ
တောမီးလောင်မှုကို ၀ိုင်းဝန်းငြှိမ်းသတ်လျက်ရှိသည်။ (ဘီဘီစီ)
Subscribe to:
Post Comments (Atom)

Post a Comment