တားမြစ်ထားတဲ့ အဆီကျ ဆေးကို မှီဝဲခဲ့တာကြောင့် သေဆုံး သွားတယ်လို့ သိရပါတယ်။
သူမကို သူမရဲ့အိပ်ခန်း အတွင်းမှာ သေဆုံး နေတာကို တွေ့ရှိတာကြောင့်
စစ်ဆေး ကြည့်ရာ သူမဟာ အဆီကျဆေး ၃၈ လုံးကို သောက်သုံး ထားပြီး သူမရဲ့
သွေးထဲမှာ ဆေး တွေကို တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။ မသေ ဆုံးခင် တစ်ရက်
အလိုမှာ သူနေ မကောင်းဖြစ် ပြီး အပူချိန် တက်လာတာကို ဆရာဝန်နဲ့ ပြဖို့
ငြင်းပယ် ခဲ့ပါတယ်။
သူမ အနေနဲ့ DNT လို့ ခေါ်တဲ့ အဆီကျ ဆေးကို စိတ်ကျ ဝေဒနာ ပျောက်ဆေးနဲ့ အတူ
တွဲသောက် တယ်လို့ ဆိုပါ တယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကစပြီး အစာ
အလွန်အကျွံ စားလိုက်၊ အန်ထုတ်လိုက် တစ်လှည့်စီ ဖြစ်တဲ့ Bulimia
ရောဂါကြောင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ ပြသခဲ့ရပြီး သေဆုံးတဲ့
အချိန်မှာ အဲဒီရောဂါက သက်သာ သွားပြီးလို့ ဆိုပါတယ်။ DNP ဆိုတဲ့ ပိန်ဆေးဟာ
တားမြစ်ဆေးဝါး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ
ဘယ်လောက် ပမာဏအတွင်း အန္တရာယ် ကင်းတယ်ဆိုတာ မသိရှိလို့ပါ။ ဆေးဝါးရဲ့
အကျိုးသက်ရောက်မှု ကလည်း တစ်ယောက်နဲ့ တစ်ယောက် တူညီမှု မရှိပါဘူး။
ဆာရာရဲ့ ကိုယ်ထဲမှာ DNP နဲ့အတူ
စိတ်ကျပျောက်ဆေးတွေ ရှိနေတာကြောင့် DNP ရဲ့အကျိုးသက်ရောက်မှုကို
ဆိုးရွားစေပါတယ်။ DNP ဟာ ခန္ဓာကိုယ်တွင်း ပမာဏများစွာရှိနေရင်
ဆာရာမသေဆုံးခင်တစ်ရက်က ခံစားရတဲ့ ဝေဒနာလိုမျိုး ဇီဝဖြစ်ပျက်နှုန်း
မြင့်တက်လာကာ အပူချိန်တက်တာနဲ့ အသက်ရှူ မဝတာတွေ ဖြစ်ပြီး
နှလုံးခုန်နှုန်းလည်း မြင့်တက် လာတတ် ပါတယ်။ DNP ကို အဆီချဆေး အနေနဲ့
တားမြစ် ထားပေမယ့် ပိုးသတ်ဆေး(Pesticide) အနေနဲ့လည်း တရားဝင် အသုံးပြုနိုင်
တာကြောင့် စတိုးဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်တာ ဖြစ်ပါတယ်။
ဆာရာဟာ DNP ဆေးဝါးကို သူမ သောက်နေကျ
စိတ်ကျ ပျောက်ဆေးနဲ့ တွဲသောက် နေတာကို ဘယ်သူမှ မသိရှိကြဘူးလို့ ဆိုပါတယ်။
၂၀ဝ၈ ခုနှစ်ကလည်း အသက် ၂၆ နှစ်အရွယ် Selena Walrond သညိ ဆိုသူဟာ DNP ဆေးဝါး
သောက်သုံးပြီး နှလုံး တိုက်ခိုက် ခံရတာကြောင့် သေဆုံး ခဲ့ပါတယ်။ Sean
Cleathero ဟာလည်း DNP သောက်ပြီး သေဆုံး ဖူးပါတယ်။
ဒေါက်တာခင်မိုးမိုး
Subscribe to:
Post Comments (Atom)

Post a Comment