ရွှေတိဂုံစေတီတော်မှရွှေအမှိုက်ထုတ်ခြင်းလုပ်ငန်းနှင့် ရွှေစင်သားပြန်လည်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက်
လုပ်ငန်းရှင်များကို အဆိုပြုလွှာခေါ်ယူထားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှသတင်းထုတ်ပြန်
ထားသည်။
ရွှေတိဂုံစေတီတော်အထက်ပစ္စယံအရန်စေတီများ၊ နောင်တော်ကြီးစေတီနှင့် အရန်စေတီများ၊
ပရ၀ုဏ်အတွင်းရှိစေတီပုထိုးဆင်းတုတော်များကို ရွှေသင်္ကန်းကပ်လှူပြီး ရရှိသောရွှေချွတ်၊ မှိုက်ချွတ်များကို
ဂေါပကအဖွဲ့၏ စောင့်ကြပ်ကြည့်ရှုမှုဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီးရွှေအမှိုက်ထုတ် လုပ်ငန်း၌အ
သုံးပြုရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများကို ဂေါပကအဖွဲ့မှထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်း
ဆောင်ရွက်လိုသူများအနေဖြင့် ရွှေစင်ရွှေသားရရှိမှုပေါ်မူတည်ပြီး နည်းပညာကျွမ်းကျင်မှုနှင့် လုပ်အားခအတွက်
မည်မျှရရှိလိုသည်ကို အဆိုပြုတင်သွင်းရမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထုတ်ပြန်ကြေညာ
ချက်များအရသိရသည်။ အဆိုပြုလွှာတင်သွင်းလိုသူများအနေဖြင့် အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင်
ငွေကျပ်တစ်သောင်းနှုန်းဖြင့် မေလ ၂ ရက်နေ့မှ ၃ ရက်နေ့အတွင်းဝယ်ယူတင်သွင်းနိုင်ကြောင်း၊ အသေးစိတ်အ
ချက်အလက်များသိရှိလိုပါက ဂေါပကအဖွဲ့ရုံး၊ ဖုန်း ၀၁ – ၃၈၃၅၁၁၊ လိုင်းခွဲ – ၂၈၂၊ ၀၁ – ၃၇၅၇၆၇ သို့ရုံးချိန်အ
တွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)

Post a Comment