0
မလေးရှားနိုင်ငံအခြေစိုက် Andaman Group အုပ်စုကိုလွန်ခဲ့သော ၂၀၀၅ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး
အိမ်ခြံမြေကဏ္ဍအပါအ၀င် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ဖြန့်ကျက်ဆောင်ရွက်ခဲ့သည်။ Andaman Group
ကတာဝန်ယူဆောင်ရွက်ပေးနေသော လုပ်ငန်းများမှာ အိမ်ခြံမြေတည်ထောင်မှု (Property Development)၊

ဆောက်လုပ်ရေးလုပ်ငန်း (Contruction Division)၊ အိမ်ခြံမြေစီမံခန့်ခွဲမှု(Property Management)၊
လုံခြုံရေးဝန်ဆောင်မှု(Securty)၊ ခရီးသွားလာရေးဝန်ဆောင်မှု (Travel and Tours)၊ ဓါတ်သတ္တုရှာဖွေရေး
(Mining) တို့ဖြစ်ကြသည်။ Andaman Group ၏အိမ်ခြံမြေတည်ထောင်မှုအပိုင်းကဏ္ဍတွင် ဆောက်လုပ်ပြီးစီး
သောစီမံကိန်းကဏ္ဍနှင့် ဆောက်လုပ်ဆဲစီမံကိန်းကဏ္ဍဟူ၍လည်းနှစ်မျိုးခွဲခြားထားသည်ကို တွေ့ရသည်။
ပြီးခဲ့သော၂၀၁၁ မှ ၂၀၁၂ ခုနှစ်အတွင်း Andaman Group ၏လုပ်ငန်းလည်ပတ်ငွေမှာ ရင်းဂစ် ၄.၆ ဘီလီ
ယံကျော်ရှိခဲ့ကြောင်းလည်းသိရသည်။ အထူးသဖြင့်မလေးရှားနိုင်ငံအတွင်း သင့်လျော်သောမြေနေရာ အကွက်
အကွင်းများ၊ စီးပွားဖြစ်လုပ်ကိုင်နိုင်သောအိမ်ခြံများကို ရောင်းဝယ်ငှားရမ်းခြင်း၊ အကျိုးဆောင်အဖြစ် တာဝန်ယူ
ဆောင်ရွက်ပေးခြင်းတို့ကြောင့် Andaman Group မှာတဖြည်းဖြည်းနာမည်ရအောင်မြင်လာခဲ့သည်။ Andaman
Group မှတာဝန်ယူဆောက်လုပ်ပြီးစီးသွားခဲ့သော စီမံကိန်းကြီးများမှာ USJ ၌ဆောက်လုပ်ခဲ့သော Casa Supang
Service Apartment ၊ Kota Damansara ၌တည်ဆောက်ခဲ့သော Cova Villa, Cova Square and Soho and
Cova Suites တို့ဖြစ်ကြသည်။ Andaman Group မှဆက်လက်တည်ဆောက်မည့်စီမံကိန်းတစ်ခုမှာ Meru Raya
၌တည်ဆောက်မည်စီးပွားရေးစင်တာအသစ်တစ်ခုဖြစ်သောTaipan City ပင်ဖြစ်သည်။ USJ ရှိ Casa Supang
ကွန်ဒိုတိုက်ခန်းတွဲမှာ စုစုပေါင်းရင်းဂစ်ငွေ ၁၄၂ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့ရပြီး၎ လအတွင်းတိုက်ခန်းအားလုံးရောင်း
ထွက်ခဲ့သဖြင့်အမြန်ဆုံး အရောင်းစံချိန်တင်ခဲ့သည့်စီမံကိန်းလည်းဖြစ်ခဲ့သည်။ ယင်းတိုက်ခန်းတွဲ၌မလေးရှားနိုင်ငံ၏
နာမည်ကြီးပညာရေးကောလိပ်နှင့် တက္ကသိုလ်များလည်းဝင်ရောက်အခြေစိုက်လျက်ရှိကြသည်။ Cova Villa အိမ်ရာ
စီမံကိန်းမှာမူ မလေးရှားရင်းဂစ်သန်း ၄၀၀ အထိသုံးစွဲခဲ့ရပြီး ကွန်ဒိုတိုက်ခန်း၏အဆင့်မြင့်လူနေမှုဘ၀ကို အကောင်း
ဆုံးပုံဖော်ပေးနိုင်ခဲ့သော စီမံကိန်းလည်းဖြစ်ခဲ့သည်။ လက်ရှိအချိန်အထိလည်း Cova Villa ၏လက်ကျန်တိုက်ခန်းများ
မှာရောင်းချနေရဆဲဖြစ်သည်။ ထို့အပြင်အိမ်ခြံမြေရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ Andaman Group သည်
၎င်းတို့ဆောက်လုပ်ပြီးစီးထားသော အိမ်ရာစီမံကိန်းများတွင်လည်းအကျိုးဆောင်လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်
ရှိနေသည်။ လုံခြုံရေးဝန်ဆောင်မှုတွင်လည်း Andaman Group သည်သာမာန်လုံခြုံရေးဝန်ထမ်းများ၊ လက်နက်
ကိုင်နှင့်ကိုယ်ရံတော်အစောင့်အရှောက် စသည့်အရည်အချင်းရှိ ၀န်ထမ်းပေါင်းများစွာကို လေ့ကျင့်မွေးထုတ်ပေး
လျက်ရှိသည်။ အဆိုပါဝန်ထမ်းများကို ပြည်တွင်းပြည်ပဖောက်သည် ကုမ္ပဏီများထံသို့လည်း စေလွှတ်ငှားရမ်းပေး
လျက်ရှိနေသည်။ ထို့အပြင်ခရီးသွားလာရေးဝန်ဆောင်မှုတွင်လည်း နိုင်ငံတကာအဆင့်မီ ယာဉ်မျိုးစုံကိုအသုံးပြု၍
ဝန်ဆောင်မှုအပြည့်အ၀ပေးလျက်ရှိသလို နာမည်ကြီးလေကြောင်းလိုင်းများဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေး
လျက်ရှိနေသည်။ Andaman Group ကုမ္ပဏီအုပ်စု၏အကြီးအကဲများအဖြစ် မန်နေးဂျင်းဒါရိုက်တာ Mr.Teoh
Seng Aun ကတာဝန်ယူထားပြီး အမှုဆောင်ဒါရိုက်တာများအဖြစ် Mr.Lin Chin Aik နှင့် Dr.Vincent Tiew တို့က
ဆောင်ရွက်လျက်ရှိနေသည်။ ၎င်းတို့လက်အောက်တွင်ဒါရိုက်တာများအဖြစ် Mr.Looi Kwai Fong, Mr.Cheng
Boon Poh နှင့် Mr.Abdui Rahman Harun တို့ကဆောင်ရွက်လျက်ရှိသည်။ Andaman Group ကုမ္ပဏီအုပ်စု
သို့ဆက်သွယ်ရန် လိပ်စာမှာမူ No.90, Jalan USJ Sentral 3, USJ Sentral, Persiaran Subang 1, 47600
Subang Jaya, Selangor.T+603 80233366, F+603 80237128, E:info@andaman.com.my ဟူ၍ဖြစ်သည်။

Post a Comment

 
Top