အာကာသ စက်ရုပ် SpaceJustin
ဘာလို့ SpaceJustin လို့အမည်ပေးလည်း မသိပါဘူး။ သေချာတာကတော့ ဂျက်စတင်ဘီဘာနဲ့ ဆိုင်မှာမဟုတ်ပါဘူး။
သူ့ကို လူက အဝေးကနေ ထိန်းချုပ်ပေးနေရမှာ ဖြစ်ပြီး လူခိုင်းစေတဲ့အတိုင်း အလုပ်လုပ်မယ့် အာသာက ယာဉ်မှူးများ ဖြစ်ပါတယ်။ ယာဉ်မှူးရယ်လို့ မဟုတ်ပါဘူး။ ကမ္ဘာ့အပြင်မှာ လွင့်တင်ထားတဲ့ ဂြိုလ်တစ်ခု တစ်လုံးလုံးက ချို့ ယွင်းသွားတဲ့အခါ လူလွတ်လိုက်ရင် အကုန်အကျ အင်မတန် များပြီး ယင်း လူအစား စက်ရုပ် တစ်ကောင် လွတ်လိုက်တာက ပိုပြီး သက်သာမယ်လို့ တွက်ချက်ထားကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မျက်လုံးမှာ ကင်မရာတပ်၊ ခြေရော၊လက်ရော၊ ခန္ဓာကိုယ် တစ်ခုလုံးကို ကမ္ဘာမြေပေါ်မှာ ရှိတဲ့ လူက ထိန်းချုပ်နေမှာ ဖြစ်ပါတယ်။ Xbox နဲ့ Wii ဂိမ်းဆော့နေရသလို ဖြစ်မယ်ထင်ပါတယ်။ ကိုယ်က လက်လှုပ်လိုက်ရင် ယင်းစက်ရုပ်ကလည်း ကမ္ဘာ့အပြင်မှာ လိုက်ပြီး လက်လှုပ်မှုာ ဖြစ်ပါတယ်။ သို့ပေမယ့် အသေးစိတ် ကျတဲ့ လုပ်ဆောင်ချက် များကျ နှေးကွေးတဲ့ စက်ရုပ်လက်က လုပ်နိုင်မလုပ်နိုင် တစ်ခု ရှိနေပါသေးတယ်။
ဘာပဲ ဖြစ်ဖြစ် ယင်းအဆင့်ကို ကျော်ဖြတ်ဖို့ နာဆာနဲ့ အခြား နည်းပညာရှင် တို့ စဉ်းစားနေပါတယ်။ မကြာမီ နှစ်များအတွင်း လူမပါတဲ့ အာကာသ ယာဉ်နဲ့ ပြင်ဆင်ရေး အင်ဂျင်နေယာ စက်ရုပ်များကို မြင်တွေ့ရတော့မယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--မူရင်း-
Ref: techblog
Aung Kham (TSJ team)
Post a Comment