0

စင်စစ်အားဖြင့် ပဋိပက္ခဖြစ်ရပ်များ ဖြစ်လာတိုင်း သွေးထွက်သံယိုမှုများ
ဖြစ်ပေါ်ကြသည် ။ နေအိမ်ဥပစာများ မီးလောင်ကျွမ်းမှုတွေ ဖြစ်လာကြသည် ။
လူအသေအပျောက်များ ရှိလာကြသည် ။ အဓိကရုဏ်းဖြစ်ချိန်အတွင်း
နယ်မြေခံလုံခြုံရေးများ ၊ မီးသတ်ဝန်ထမ်းများက ငြိမ်ဝပ်ပိပြားစေရန်အတွက်
ချက်ချင်း မထိမ်းသိမ်း မဆောင်ရွက်နိုင်သောအခါ စောဒကတက်ပြီး အပြစ်တင်ကြသည်
။ ဆူပူသောင်းကျန်းနေသောအချိန်တွင် နှစ်ဖက် လူအုပ်စုတို့ ကို ချက်ချင်း
ငြိမ်သက်စွာ ထိမ်းသိမ်းရေးမှာ အပြောလွယ်သလောက် လက်တွေ့ မှာ မလွယ်ကူချေ ။
      ပြသနာပဋိပက္ခကို စတင်ဖန်တီးသူများကြောင့် ကြီးကျယ်သော
ပဋိပက္ခများဖြစ်လာသည် ။ ယင်းပြသနာကြောင့် မြို့ ရွာ အနှံ့ နောက်ဆုံးမှာ
နိုင်ငံတော်အန္တရယ်အထိ ဖြစ်ပွါးလာတတ်သည် ။ သည်အခါ ပြသနာကို အဖြေရှာရာ၌
ဖန်တီးသူကို ဦးစွာမဆန်းစစ်ဘဲ နောက်ဆက်တွဲ ဖန်တီးသူများကို တရားခံအဖြစ်
စွပ်စွဲပြောဆိုကြတတ်ရာ စွပ်စွဲခံရသူများမှာ မခံချိ မခံသာ ဖြစ်ရသည် ။

ယင်းကြားထဲ လုံခြုံရေးဝန်ထမ်းများ ၊ မီးသတ်ဝန်ထမ်းများကို မဆီမဆိုင်
ဆွဲထည့်ပြီး ငြိမ်သက်အောင် မပြုလုပ်ရကောင်းလား ပြောဆိုသည်မှာလည်း
သဘာဝမကျလှပေ ။ အပြောကောင်းသော်လည်း တဖက်သူများမှာ ခံရသူများဖြစ်ကြရာ
နာမည်ပျက်ဖြင့် စွပ်စွဲခံရသူများအဖို့ 
သည်းညဉ်းမခံရပ်နိုင်ဖြစ်နေကြသည်ကိုလည်း တွေ့ ရသည် ။ ပို၍ဆိုးသည်မှာ
နောက်ကြောင်းပြန်လှည့်သွားနိုင်သည် ဆိုသော အစိုးရကို
တိုက်ရိုက်ရည်ညွှန်းပြီး ပြောဆိုခြင်းများကား မည်သို့ မျှ မအပ်စပ်ဟု
ထင်သည် ။
     အကြောင်းမှာ ယခုမြန်မာနိုင်ငံအစိုးရသည် စစ်ရိပ်စစ်ငွေ့ မကင်းသလို
မည်သည့်အချိန်မဆို စစ်ဥပဒေများဖြင့်
အာဏာပြန်သိမ်းနိုင်သည့်အစိုးရဖြစ်ကြောင်း ဥပဒေက ဖွင့်ဆိုထားပြီးဖြစ်သည်
။ သို့ သော် ယခုဖြစ်နေသော မိတ္ထိလာမြို့ ပြသနာသည် နောက်ကြောင်းပြန်လှည့်
သွားနိုင်သော အကြောင်းကို ဦးတည်စေမည့် လက္ခဏာများ မတွေ့ ရချေ ၊
အစိုးရကလည်း မည်သူမျှ မိတ္ထိလာမှာ ပြုလုပ်ခိုင်းသည်မဟုတ် ။
နောက်ကြောင်းပြန်လည့်ဖို့ နေနေသာသာ အစိုးရမှာ ဒီမိုကရေစီနိုင်ငံပါဟု ခဏခဏ
ထုတ်ဖေါ် ပြောနေရသေးသည်ကို ကြည့်က သိနိုင်သည် ။ ကျွန်တော် ပြောချင်သည်မှာ
နောက်ကြောင်းပြန်လှည့်ကာ အစိုးရမှ အာဏာသိမ်းမည်ဆိုသည်မှာ မဟုတ်ကြောင်း
ပြောသည်မဟုတ် ၊ သူတို့ မှာ ယခုလည်း စစ်ရိပ်စစ်ငွေ့ ဖြင့်
အုပ်ချုပ်နေဆဲပါဟု ပြောဆိုထားပြီးဖြစ်သည် ။ ယခုအရေးအခင်း ပြသနာသည်
သာမန်အရောင်းအ၀ယ် ကတောက်ကဆမှ မြန်မာလူမျိုးကို စော်ကားသော
မူဆလင်ကုလားလူမျိုးတို့ ၏ ရိုက်နှက်မှုကြောင့် ဖြစ်ပွါးခြင်းဖြစ်သည် ။
၎င်းတို့ ကို မကြေမနပ်ဖြစ်ရာမှ ဈေးဆိုင်များ နေအိမ်များကို
ဖျက်ဆီးကြသည့်အခါ မူဆလင်ကုလား လူမျိုးတို့ က ဗုဒ္ဒဘာသာ ရဟန်းသင်္ဃာတော်
တပါးကို ရက်ရက်စက်စက် ဓါတ်ဆီလောင်း မီးရို့ သတ်ဖြတ်လိုက်ကြသည် ။ ဤသည်မှာ
ငြင်းမရသော အချက်ဖြစ်သည်  ။
    ယင်းသတင်းကို ကြားသောကြောင့် ပြသနာများမှာ ထိမ်းမနိုင်
သိမ်းမရဖြစ်ကြသောအခါ မိတ္ထိလာမြို့ သည် နောက်ဆုံးမှာ အရေးပေါ်အခြေအနေ
ဥပဒေကို ထုတ်ပြန်ခဲ့ ရတော့သည် ။ ယခုမူ မိတ္ထိလာမြို့ အခြေအနေသည်
ငြိမ်သက်နေပြီဟု သတင်းများမှာ ကြားသိရသောကြောင့် စိတ်ချမ်းမြေ
့ခံစားရဖြစ်သည် ။ ပဋိပက္ခပြသနာများမှာ ပြီးဆုံးသောအခါ
ပြန်လည်ငြိမ်ဝပ်ပိပြားပြီး နဂိုရ်မူလအခြေအနေသို့  ပြန်လည်ရောက်ရှိအောင်
သက်ဆိုင်ရာအစိုးရဋ္ဌါနများမှ ဆောင်ရွက်ကြရတော့ရန်သာဖြစ်သည် ။
ဒုက္ခသည်များအား နေရာချထားရေး ။ ကျန်းမာရေး၊ စားဝတ်နေရေး စတာတွေအပြင်
နောက်ထပ်ပဋိပက္ခများ မဖြစ်ပွါးရအောင် တရားဥပဒေ၏ အကျိုးကျေးဇူးများကို
သိရှိနားလည်အောင် ဥပဒေရေးရာ ပညာပေးသင်တန်းများ ပေးအပ်ရန်လိုသည် ။
    ဥပဒေဆိုသည်မှာ အစိုးရထုတ်ပြန်ထားသည်ဆိုသော်လည်း ပြည်သူတို့ မှာ
မသိနားမလည်ကြသောကြောင့် ယင်းဥပဒေ၏ ဆိုးကျိုး ကောင်းကျိုးကို မည်သူမျှ
မသိရှိကြ၊ မသိရှိကြ၍ ပြစ်မှု ကျူးလွန်သောအခါ တရားဥပဒေ၏
ဆုံးဖြတ်ချက်များကို ခံယူရခါမှ ပြစ်ဒဏ်ကျခံရခြင်းသည်လည်း လက်ခံနိုင်စရာ
မကောင်းလှပေ ။ တနေ့ က လူငယ်နှစ်ဦးမှာ တားမြစ်ထားသောအချိန်ကို ကျော်ပြီး
ပန်းခြံတွင် ညအချိန်မတော် သွားထိုင်မိ၍ ရဲက ဖမ်းဆီးသည် ။ မည်သည့်နေ့ တွင်
ရုံးတက်ရန် လာရမည် ဆိုသော စာရွက်တရွက်ကို ပေးခဲ့ သည် ။ ရုံးချိန်းနေ
့တွင် ရုံးတက်ရသည် ။ ရုံးတွင် နောင်ကို ပန်းခြံတွင်း၌ မထိုင်ရဆိုသည်ကို
ပြောပြီး ပြန်လွှတ်လိုက်သောအခါ အမေရိကန် နိုင်ငံ၏ ဥပဒေကို ကျွန်တော်
လေးစားသွားသည် ။ နယူးယောက်မြို့ ၌ နေ့ စဉ်ပြသနေသော ရုပ်မြင်သံကြားတွင်
ငွေချေးမိ၍ မဆပ်နိုင်သောအခါ တရားစွဲဆိုသည် ။ နှစ်ယောက်စလုံးက ရုံးတက်ရသည်
။ တရားသူကြီးက စစ်ဆေးပြီး ဆုံးဖြတ်ချက်ချပေးသည် ။ သို့ အတူ
အိမ်ထောင်ကွာရှင်းမည်ဆိုလျှင်လည်း ရုပ်မြင်သံကြား အစီအစဉ်တွင် မည်သို
့ကြောင့် ကွာရှင်းရသည်ကို နေ့ စဉ်ပြသနေသည် ။ ဤသည်မှာ အမေရိကန်ပြည်သူတို
့အား တရားဥပဒေမှ မည်သို့ ဖြင့် ဥပဒေပညာပေးများကို ပြည်သူတို့ 
နားလည်အောင် တိုက်ရိုက်ထုတ်လွှင့် ပညာပေးပြသနေခြင်းဖြစ်သည် ။
       ကျောင်းဆရာတဦးက ကျောင်းသားတဦးကို ရိုက်မိလျှင် မိဖဖြစ်သူက
ဆရာကို တရားစွဲနိုင်သည် ။ ရဲဝန်ထမ်းတဦးက အရပ်သားပြည်သူတဦးကို
ရိုက်သည်ဆိုလျှင် တရားစွဲခွင့်ရှိသည် ။ ဥပဒေက တင်းကြပ်ထားရာ မည်သူမျှ
တုပ်တုပ်မျှ မလှုပ်ရဲကြ ။ ယခုမိတ္ထိလာမြို့ မှာ မူဆလင်ကုလား လူမျိုးက
မြန်မာနိုင်ငံသား ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုး မိသားစုကို
ဂုဏ်သိက္ခာကျဆင်းအောင် ရိုက်နှက်ခြင်းမှာ တရားဥပဒေကို မကြောက်ရွံ့၍
ဖြစ်သည် ။ ယင်းသို့ ရိုက်နှက်၍ ရိုက်နှက်ခံရသူကလည်း ရဲထံတရားစွဲဆိုရာ၌
လုံလောက်သော ဥပဒေ၏ အကျိုးခံစားမှုကိုလည်း မရရှိသောကြောင့် ရဲတွင်
တရားစွဲဆိုရန် စိတ်ဆန္ဒမရှိကြ။ ထို့ ကြောင့် ဤကဲ့ သို့  ပြသနာများမှာ
နေရာဒေသအသီးသီးတွင် ဖြစ်ပွါးနေခြင်းဖြစ်သည် ။ ယခုပြသနာမှာ
ရဟန်းသင်္ဃာတပါးကို ဓါတ်ဆီလောင်းပြီး ရက်ရက်စက်စက် မီးရှို
့သတ်ဖြတ်လိုက်ခြင်းကြောင်း ကြီးထွားသွားခြင်းဖြစ်သည် ။
၎င်းရဟန်းသင်္ဃာတော်၏ မီးလောင်ကျွမ်းနေသော ကြွင်းကျန်ရစ်သည့်
ရုပ်ကလပ်တော်အနားမှာ မည်သည့် တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်သည့်
ဗုဒ္ဒဘာသာဝင် နိုင်ငံရေးသမားများ ရောက်နေသည်ကို မမြင်ရသေး ။ ဤလူသတ်မှုကား
အလွန်တရာ ကြောက်မက်စရာ ကောင်းသည် ။ နောက် ဗုဒ္ဒဘာသာဝင် လူမျိုးများအဖို့ 
လွန်စွာစိတ်ကို ထိခိုက်စေသည် ။ ၄င်းကျူးလွန်သူများကို တိကျစွာ
ဖေါ်ထုတ်ပေးရန်လိုအပ်သည် ။ မြန်မာနိုင်ငံအစိုးရက ပကတိအဖြစ်အမှန်အတိုင်း
မကြေညာလျှင် နိုင်ငံတကာတွင် မူဆလင်ကုလားတို့ မှ
မီဒီယာလိမ်ညာနေခြင်းများအထဲ  အဖြစ်မှန်များ ပျောက်ကွယ်နေရမည်ဖြစ်သည် ။
      ယခုအရေးပေါ်ကြေညာချက် ဥပဒေပြဋ္ဌန်း ထုတ်ပြန်ထားပြီ ။
အဓိကရုဏ်းဖြစ်ပြီးနောက် ပုဒ်မ္မ-၁၄၄- ထုတ်ပြန်ရသည် ။ နောက်မဖြစ်ပွါးရအောင်
ထုတ်ပြန်သောကြောင့် ၄င်းဥပဒေကို မည်သူတစုံတယောက်ကမျှ တိတိကျကျ မသိရှိကြ ၊
ဤပုဒ်မ္မ-၁၄၄-ကလည်း မြန်မာနိုင်ငံမှာ ရိုးနေပြီ ။ ရိုးသာ ရိုးနေသော်လည်း
လူ-၅-ဦးထက် ပို၍ မစုရဟုသာ သိရှိပြီး စုလျှင် မည်သို့ မည်ပုံဖြစ်မည်ကို
ဥပဒေပညာပေး သင်တန်းများ ပေးထားခြင်းမရှိကြ ။ မြန်မာအစိုးရအနေဖြင့်
စစ်အစိုးရ မဟုတ်တော့ပြီဟု ကြေညာထားရာ ဆန္ဒပြခြင်းများနှင့် မကြာခဏ
ထိပ်တိုက် တွေ့  နေတတ်သည် ။ ယခုကဲ့ သို့  နယ်မြေဒေသမငြိမ်းချမ်း ဖြစ်ရသော
မိတ္ထိလာမြို့ ကဲ့ သို့ နောက်ထပ်ဖြစ်ပွါးလာလျှင် ဥပဒေကဲ့ သို့ သော
တည်သောအမိန့် များကို ထုတ်ပြန်လာရမည်ဖြစ်သည် ။ သည်အခါ ပုဒ်မ္မ-၁၄၄- ကို
ထုတ်ပြန်လာရဖွယ်ရှိသည် ။
     ပုဒ်မ္မ-၁၄၄- ဆိုသည်ကား မည်သည်ကို ဖွင့်ဆိုသနည်း ။ ပုဒ်မ္မ-၁၄၄-
ဆိုသည်မှာ ရုန်းရင်းဆန်ခပ် ပဋိပက္ခ လက်စွဲ စာအုပ်ပါအတိုင်း ပြောရလျှင်
ငြိမ်ဝပ်ပိပြားရေးအတွက် ပုဒ်မ္မ-၁၄၄- ကို ထုတ်ပြန်ခြင်းဖြစ်သည် ။
၎င်းဥပဒေတွင် အကယ်၍ ဥပဒေထုတ်ပြန်ပြီးသည်နှင့် လူအုပ်လူစုက ဆက်လက်
ရှိနေလျှင် ဤဥပဒေကို ကျင့်သုံးရန် ပြဋ္ဌန်းထားသည် ။ အကယ်၍ လူ-၅-ဦးထက်
ကျော်လွန်ပြီး ဆက်လက်ဆန္ဒပြ ရှိနေသည်ဆိုလျှင် ရှေးဦးစွာ မြင်းတပ်ဖြင့်
နှိမ်နှင်းဖြိုခွဲ ရမည်ဟုဆိုသည် ။ မြင်းတပ်မရှိပါက မျက်ရည်ယိုဗုံးဖြင့်
လူစုခွဲရမည်ဖြစ်သည် ။ မျက်ရည်ယိုဗုံးဖြင့် လူစုခွဲ ၍ မရလျှင် အဆူပူဆုံး
လူအုပ်စုသို့  သေနတ်ဖြင့် ပစ်ခတ်ရမည်ဖြစ်သည် ။ ဆန္ဒပြလူအုပ်စုတွင်
အဆူပူဆုံးအုပ်စုနှင့် ရိုးရိုးဆန္ဒပြနေသော အုပ်စုများ ရှိနေတတ်ရာ
ဆူပူနေသော လူအုပ်စုသို့ သာ ပစ်ခတ်စေရန် အမိန့် ထုတ်ပြန်ပေးခြင်းဖြစ်သည် ။
ပစ်ခတ်သည့်အခါတွင်လည်း မိုးပေါ်ထောင်မပစ်ခတ်ရ ။
မိုးပေါ်ထောင်ပစ်ခတ်ခြင်းသည် ဆန္ဒပြ လူအုပ်စုအား ပို၍ သွေးကို
ဆူစေတတ်သောကြောင့် ဆူပူနေသော လူအုပ်စုထံ တည့်တည့် ပစ်ခတ်ရန် ဖြစ်သည် ။
     ယင်းသို့  ပစ်ခတ်ရမည့် အခြေအနေတွင် ရှိနေပါက ဆေးရုံတွင်
အရေးပေါ်တာဝန်ကျ ဆရာဝန်များ သူနာပြုများကို ချက်ချင်း တာဝန်ယူထားပေးရန်
ဖြစ်သည် ။ သေနတ်ကျည်ဆံမှန်၍ သေဆုံးသော လူများနှင့် ဒဏ်ရာရလူနာများအား
အရေးပေါ်လူနာတင်ကားဖြင့် ချက်ချင်းဆေးရုံသို့  ပို့ ဆောင်ပေးရမည်ဖြစ်သည်ဟု
ပုဒ်မ္မ -၁၄၄- တွင် ဖွင့်ဆိုထားသည် ။ ဤသည်မှာ ရဲအရာရှိများအတွက် သီးသန်
့လက်စွဲထုတ်ထားသော ရုန်းရင်းဆန်ခပ် ပဋိပက္ခ လက်စွဲစာအုပ်ပါ
အချက်အလက်များကို ဖေါ်ပြပေးလိုက်ခြင်းဖြစ်သည် ။ ယခုမိတ္ထိလာမြို့ 
အရေးအခင်း ပြီးဆုံးသွားနိုင်လောက်ပြီဟု ဆိုနိုင်သော်လည်း
နောက်ထပ်မဖြစ်ပွားရအောင် ဥပဒေပညာပေး သင်တန်းများကို
အမြန်ဆုံးပေးရန်လိုအပ်သည် ။ အထူးသဖြင့် ပြသနာတစုံတရာဖြစ်တိုင်း
အစိုးရကို အပြစ်တင် ပုံချရသည်မှာ လွယ်သော်လည်း တကယ်တန်း အစိုးရက ယင်းသို
့ မဟုတ်ခဲ့ လျှင် စွပ်စွဲသူသာ သိက္ခကျသွားနိုင်သည် ။ ယခုအချိန်တွင်
ယခုမိတ္ထိလာအရေးအခင်းသည် သာမန်မှသည် ကြီးကျယ်သော
ပြသနာမီးတောက်များဖြစ်နေသည် ။ မူဆလင်ကုလားတို့ ဖက်မှနေပြီး မီဒီယာတွေ
လိမ်ညာရေးသား နေကြသည်၊ ပုတ်ခပ်ရေးသားနေကြသည် ။ ဆရာတော် အရှင်ဦးဝီရသူကို
မြန်မာနိုင်ငံသား ဗုဒ္ဒဘာသာဝင်တချို့ က မူဆလင်ကုလားတို့ နှင့် ပတ်သက်၍
ဝေဖန်တိုက်ခိုက် ပုတ်ခပ်နေကြသည် ။ ဆရာတော်အရှင် ဦးဝီရသူမှာ ဗုဒ္ဒဘာသာ
သာသနာတော်ကာကွယ်ရေးနှင့် အမျိုးဘာသာ ချစ်မြတ်ရေးကို တရားဟောနေသူဖြစ်သည် ။
လူမျိုးရေး မုန်းတီးရေးသမားမဟုတ် ၊ ဘာသာရေးမုန်းတီးရေးသမားမဟုတ်ကြောင်း
မိတ္ထိလာအရေးအခင်းတွင် ပဋိပက္ခအကြား ကြားဝင်ဖြန်ဖြေနေပြီး ငြိမ်းချမ်းစွာ
ရှိစေရေးအတွက် ဆော်သြနေသည်ကိုမြင်၍ သိသာနိုင်သည်  ။ ထို့ ကြောင့်
ယခုအချိန်မှာ ဆရတော် အရှင် ဦးဝီရသူကို အမြင်ကျဉ်းမြောင်းသူများအဖို့ 
သိရှိနားလည် သဘောပေါက်သင့်ပြီဟု ထင်သည် ။ မြန်မာနိုင်ငံသား
ဗုဒ္ဒဘာသာဝင်လူမျိုးများ အနေဖြင့် ရခိုင်အရေးအခင်းမှာကော
မိတ္ထိလာအရေးအခင်းမှာပါ စာနာထောက်ထားစွာဖြင့် မူဆလင်ကုလားတို့ ဖက်က လူ
့အခွင့်အရေးသမားတွေလို ပြောကြဆိုကြ ရေးသားနေသေးလိုလျှင်
ယခုယူတူးတွင်-RSO-အဖွဲ့ က မြန်မာအစိုးရအား စစ်ကြေညာနေသော
ရုပ်သံလွှင့်အစီအစဉ်ကို ကြည့်ပြီးမှ စာနာထောက်ထားကြပါလေဟု
ပြောဆိုရတော့မည်ဖြစ်သည် ။ မြန်မာနိုင်ငံအတွင်းရှိ
မည်သည့်ဗုဒ္ဒဘာသာဝင်လူမျိုးကမျှ တနည်းအားဖြင့် မြန်မာနိုင်ငံအစိုးရကလည်း
ယခုလို သေနတ်ကို ဘေးမှာချပြီး သေဆုံးသွးခဲ့ ပြီဖြစ်သော အိုစမာဘင်လာဒင်လို
ခြိမ်းခြောက်ပြောနေခြင်းကို မည်သူမျှ မတွေ့ ကြ။ သို့ သော် သေနတ်ပြ၍
ခြိမ်းခြောက်သော ဤယူတူး ရုပ်မြင်သံလွှင့်ခြင်းကိုကား မြန်မာအစိုးရကရော
မြန်မာတိုင်းရင်းသားလူမျိုးများကပါ သတိထား စောင့်ကြည့်ရန်လိုသည် ။ မည်သို
့ဆိုစေ နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့်
လုံခြုံရေးကဏ္ဍများကို မည်သို့ ဆောင်ရွက်ထားသည်ကို ဆောင်ရွက်ထားခြင်းဖြင့်
အကြမ်းဖက် မူဆလင်ကုလားတို့ ၏ နိုင်ငံတကာ မီဒီယာများမှာ
လိမ်ညာနေခြင်းများကို ပြန်လည်ချေပထားလိုက်ပြီးဖြစ်သည်ဟု ယုံကြည်သည်  ။
အဓိကအားဖြင့် မြန်မာနိုင်ငံမှ တရားဥပဒေစိုးမိုးရေးကော်မီတီသည်၎င်း၊ လူ
့အခွင့်အရေးကော်မီများသည်၎င်း ပြည်သူအများ နားလည်အောင်
ဥပဒေပညာပေးသင်တန်းများကို အမြန်ဆုံးပေးသင့်ပြီဖြစ်ကြောင်းပါဟုသာ
ပြောလိုက်ချင်ပါတော့သည်။

 ရုပ်သံကြည့်ရန်ဒီနေရာကိုနှိပ်ပါ


ခိုင်အောင်ကျော် ( နယူးယောက် )
မူရင်းလင့်-http://www.searchmyanmar.com/link/frame/cid/20426

Post a Comment

 
Top