0


ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာက ပြောတဲ့ မိတ္ထီလာမြို့က အခြေအနေတွေပါ။ ယမန်နေ့ည မြန်မာ စံတော်ချိန် ည ၈ နာရီ သတင်းအရ သေဆုံး သူ ၁၁ ဦး၊ ဒဏ်ရာ ရသူ ၃၉ ဦး ရှိကြောင်း သိရပါတယ်။

ပျက်ဆီးဆုံးရှုံးမှုကတော့  နေအိမ် ၁၅၂ လုံး၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီး မော်တော် ဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ဖြစ်ကြောင်း အစိုးရက အတည်ပြု ထုတ်ပြန်တာပါ။

ဒါကြောင့်ပဲ သမ္မတ ဦးသိန်းစိန်က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁ /၂၀၁၃ နဲ့ မိတ္ထီလာ ခရိုင်အတွင်းမှာ မတ်လ ၂၂ ရက်နေ့စွဲဖြင့် အရေးပေါ် အခြေအနေကြေညာခဲ့တာပါ။

Post a Comment

 
Top