(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ
မန္တလေးတိုင်းဒေသကြီး မိထ္ထီလာ မြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်၊ သာစည်မြို့နယ်တို့ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ဒေသများတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိတော့သည့်အတွက်
ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါ ဒေသများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ တာဝန်ထမ်းဆောင်နိုင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူနိုင်မည် ဖြစ်ကြောင်း သိရပါသည်။
ူမူရင်းလင့်
Post a Comment