0







တရုတ်ပြည်အခြေဆိုက် China Time သတင်းဌာနမှ ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ ယင်း သတင်းက လာမယ့် ဇွန်လမှာ Apple ဟာ iPhone အသစ်နှစ်မျိုးလုံးကို တစ်ပြိုင်နည်တည်း ထုတ်ဖော် ပြသမယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။


တစ်မျိုးက iPhone 5 ကိုပဲ ထပ် မြင့်ထားတဲ့ iPhone 5S ဖြစ်ပြီး နောက် တစ်မျိုးကတော့ အရွယ်ခပ်ကြီးကြီး ဖုန်းများကို ယှဉ်ပြိုင်မယ့် iPhone 6 လို့ဆိုပါတယ်။ ဒီတော့ ယခု နှစ်အတွင်း ထွက်စရာ iPhone က တစ်လုံး တည်း မဟုတ်တော့ပဲ နှစ်လုံးတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

iPhone 5 က ၄.၈ လက်မ အရွယ်နဲ့ ထုတ်ပြီး နောက်တစ်လုံးက Sony Xperia Z, HTC M7 နဲ့ Samsung Galaxy S4 တို့ကို ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ ဒီတော့ ပေးထားတဲ့ နာမည်က iPhone Match သို့မဟုတ် iPhone plus တစ်ခုခုဖြစ်ကြောင်း သိရပါတယ်။
--မူရင်း-
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top