ကာလာဘလိုင်းလည်း အရောင်စုံမြင်ရမည့် မျက်မှန်
ရည်ရွယ်ချက်ကတော့ ညအချိန်တပ်ရင်တောင် အရောင်တွေ ကို တောက်တောက်ပြောင်ပြောင် မြင်ရစေမယ့် နေကာ မျက်မှန် ဖြစ် ပါတယ်။ နေကာမျက်မှန်ဆိုရင် အများအားဖြင့် အစိမ်း၊ အနီ၊ အပြာတို့ လို ရောင်တွေကို လျော့လိုက်ပါတယ်။
ခု မျက်မှန်ကတော့ အဲ့လိုမဟုတ်ပဲ အစိမ်းရောင်၊ အပြာရောင်ကို အထူး အသား ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် နေရောင်စူးမှာကိုလည်း မစိုးရိမ် ရပါဘူး။ ပိုပြီး ထူးခြားတာ တစ်ခုက အရောင်စုံ မမြင်ရတဲ့ ကာလာ ဘလိုင်းတွေတောင် အရောင်စုံ ပြန်မြင်ရမယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ မျက်မှန်ဖန်သားပြင်မှာ ဘယ်လို နည်းပညာနဲ့ Element များ ရောစပ် ထည့် သွင်းလည်းတော့ မသိပါဘူး။ အရောင်ကတော့ စုံစုံလင်လင် မြင်ရမယ်လို့ ဆိုပါတယ်။
EnChroma Sunglasses လို့အမည်ပေးထားပြီး the First Lenses That Don't Block Color ဆိုတဲ့ စလိုဂန်နဲ့ Promotion စတင်နေပြီလို့ သိရ ပါတယ်။
--မူရင်း-
Ref: gadgets
Aung Kham (TSJ team)
Post a Comment