မကြာသေးမီကမှ
Samsungက ထုတ်လုပ်လိုက်သည့် Galaxy Note 3 Phabletနှင့် Galaxy Gearစမတ်နာရီ တို့ကို
မြန်မာနိုင်ငံရှိ Samsung Brand Shopများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ သုံးရက်တွင် အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည် ဖြစ်ပြီး
ရန်ကုန်၊ မန္တလေးနှင့် Samsungအရောင်းဆိုင် ရှိသော အခြားမြို့ကြီးများတွင်ပါ တစ်ချိန်တည်း
၀ယ်ယူနိုင်မည် ဖြစ်သည်။ အဆိုပါ Galaxy Note 3တွင် မြန်မာစာ အသင့်ပါ၀င် စီစဉ်ပေးထားပြီး
Galaxy Note 3နှင့် View Coverကို ၇၁၅၀၀၀ကျပ်၊ Galaxy Note 3, View Coverနှင့်
Galaxy Gearစမတ်နာရီကို ၉၅၅၀၀၀ကျပ် သတ်မှတ်ထားကာ Galaxy Gearစမတ်နာရီ ၀ယ်ယူလျှင်တော့
၂၅၈၀၀၀ကျပ် ကျသင့်မည် ဖြစ်ပါသည်။
အဆိုပါ ဈေးနှုန်းများသည်
စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ သုံးရက်တွင်သာ သတ်မှတ်ထားသော ဈေးနှုန်းဖြစ်ကာ မြန်မာနိုင်ငံကွန်ရက်နှင့်
စစ်ဆေးထားခြင်း မရှိသည့် LTE Versionကိုမူ တင်သွင်းခြင်း မရှိကြောင်း သိရသည်။ 32GB
Model တစ်မျိုးတည်းသာ ရောင်းပေးသွားမည် ဖြစ်ပြီး လာမည့် စက်တင်ဘာ ၂၅ရက်နေ့တွင်လည်း
Samsungမှ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Junction Squareတွင် Galaxy Note 3နှင့်
Galaxy Gearတို့ကို ခင်းကျင်းပြသကာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
၀ယ်ယူလိုသူများ အနေဖြင့် အဆိုပါပွဲတွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။
Ref-Myanmar ICT

Post a Comment