Published
On: Mon, Sep 23rd, 2013 ပြည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး
အော်ပရေတာပိုင်းဆိုင်ရာ ဆောင်ရွက်မှု နည်းဗျူဟာကို Ooredoo နှင့် Telenor တို့ ပူးပေါင်းဆောင်ရွက်မည်
Share This Add to Delicious Share on FriendFeed Digg submit to reddit Tags မြန်မာနိုင်ငံအတွင်း
ဆက်သွယ်ရေး ဝန်ဆောင်မှုများအား လုပ်ကိုင်ရာတွင် ဆောင်ရွက်မှု နည်းဗျူဟာကို Ooredoo နှင့်
Telenor တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း Ooredoo Myanmar ၏ CEO Mr. Ross
Cormack က ပြောသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူ ပြည်ပအော်ပရေတာနှစ်ခု အနေဖြင့် ပိုမိုလျင်မြန်သည့်
ဝန်ဆောင်မှုများအတွက် အခြေခံ အဆောက်အအုံများကို မျှဝေသွားမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်
ထိခိုက်စေမှုများကို ကန့်သတ်ရန်၊ သုံးစွဲသူများ ကုန်ကျစရိတ် သက်သာစေရန် လိုအပ်ကြောင်း
၎င်းက ပြောသည်။ “စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြားလုပ်ငန်းများကို မိုဘိုင်းဖုန်းကနေ
အချက်အလက်တွေ ရနိုင်အောင် အကောင်အထည် ဖော်နိုင်မယ်ဆိုရင် နောက်ငါးနှစ် အတွင်းမှာ များစွာ
တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 3G Network ကို အခြေခံသည့် ဝန်ဆောင်မှု အစရှိသည်တို့အား
အတူတကွ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်သွယ်ရေး လုပ်ငန်းတွင်
လျင်မြန်သည့် တိုးတက်မှုများကို ရရှိနိုင်ရန်အတွက် အတူတကွ လုပ်ဆောင်ရန် အလေးထားသည်ဟု
Mr. Ross Cormack က ပြောသည်။ “အခြေခံအဆောက်အအုံ တည်ဆောက်မှု အပိုင်းမှာ ပူးပေါင်း ဆောင်ရွက်သွားရမှာ
ဖြစ်ပြီး နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမယ့် ဆောင်ရွက်ချက်ကို အကောင်အထည် ဖော်သွားမှာ
ဖြစ်ပါတယ်” ဟု Telenor Myanmar ၏ CEO Mr. Petter Furberg က ပြောသည်။ ဟန်းဆက် ထုတ်လုပ်မှု
အပိုင်းနှင့် ပတ်သက်၍လည်း မည်သည့် စနစ်နှင့် အသုံးတည့်သည် ဆိုသည်ကို အများပြည်သူအား
နားလည်အောင် ပြောပြရန် လိုအပ်ကြောင်း Mr.Ross Cormack က ပြောသည်။ “ဟန်းဆက်တစ်ခုက စနစ်အားလုံး
သုံးနိုင်တယ်ဆိုတာ မရှိပါဘူး။ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ဟန်းဆက်တွေက သဟဇာတဖြစ်ဖို့ လိုတယ်”
ဟု ၎င်းက ပြောသည်။ အဆိုပါ ပြည်ပအော်ပရေတာ နှစ်ခုအနေဖြင့် ပြည်တွင်းတွင် ဈေးနှုန်းချိုသာပြီး
သုံးစွဲရ လွယ်ကူသော မိုဘိုင်း ဝန်ဆောင်မှုများမှ တစ်ဆင့် လူမှုအကျိုးပြု လုပ်ငန်းများ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် စီးပွားရေးအရသော် လည်းကောင်း၊ နည်းပညာအရသော်
လည်းကောင်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လုပ်ငန်းများမှ နည်းပညာမြင့်များကို
မြန်မာနိုင်ငံတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း Myanmar Connect 2013 တွင် ပြောကြားခဲ့သည်။
ထွန်းထွန်း Ref & Credit: Internet Joural
Published On: Mon, Sep 23rd, 2013
ပြည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး
အော်ပရေတာပိုင်းဆိုင်ရာ ဆောင်ရွက်မှု နည်းဗျူဟာကို Ooredoo နှင့် Telenor
တို့ ပူးပေါင်းဆောင်ရွက်မည်
Share This
Add to Delicious
Share on FriendFeed
Digg
submit to reddit
Tags
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား လုပ်ကိုင်ရာတွင်
ဆောင်ရွက်မှု နည်းဗျူဟာကို Ooredoo နှင့် Telenor တို့ ပူးပေါင်း
ဆောင်ရွက်မည် ဖြစ်ကြောင်း Ooredoo Myanmar ၏ CEO Mr. Ross Cormack က
ပြောသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူ ပြည်ပအော်ပရေတာနှစ်ခု အနေဖြင့်
ပိုမိုလျင်မြန်သည့် ဝန်ဆောင်မှုများအတွက် အခြေခံ အဆောက်အအုံများကို
မျှဝေသွားမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုများကို ကန့်သတ်ရန်၊
သုံးစွဲသူများ ကုန်ကျစရိတ် သက်သာစေရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြားလုပ်ငန်းများကို
မိုဘိုင်းဖုန်းကနေ အချက်အလက်တွေ ရနိုင်အောင် အကောင်အထည် ဖော်နိုင်မယ်ဆိုရင်
နောက်ငါးနှစ် အတွင်းမှာ များစွာ တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
3G Network ကို အခြေခံသည့် ဝန်ဆောင်မှု အစရှိသည်တို့အား အတူတကွ
ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်သွယ်ရေး လုပ်ငန်းတွင် လျင်မြန်သည့် တိုးတက်မှုများကို ရရှိနိုင်ရန်အတွက်
အတူတကွ လုပ်ဆောင်ရန် အလေးထားသည်ဟု Mr. Ross Cormack က ပြောသည်။
“အခြေခံအဆောက်အအုံ တည်ဆောက်မှု အပိုင်းမှာ ပူးပေါင်း ဆောင်ရွက်သွားရမှာ
ဖြစ်ပြီး နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမယ့် ဆောင်ရွက်ချက်ကို အကောင်အထည်
ဖော်သွားမှာ ဖြစ်ပါတယ်” ဟု Telenor Myanmar ၏ CEO Mr. Petter Furberg က
ပြောသည်။ ဟန်းဆက် ထုတ်လုပ်မှု အပိုင်းနှင့် ပတ်သက်၍လည်း မည်သည့် စနစ်နှင့်
အသုံးတည့်သည် ဆိုသည်ကို အများပြည်သူအား နားလည်အောင် ပြောပြရန်
လိုအပ်ကြောင်း Mr.Ross Cormack က ပြောသည်။ “ဟန်းဆက်တစ်ခုက စနစ်အားလုံး
သုံးနိုင်တယ်ဆိုတာ မရှိပါဘူး။ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ဟန်းဆက်တွေက
သဟဇာတဖြစ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ပြည်ပအော်ပရေတာ
နှစ်ခုအနေဖြင့် ပြည်တွင်းတွင် ဈေးနှုန်းချိုသာပြီး သုံးစွဲရ လွယ်ကူသော
မိုဘိုင်း ဝန်ဆောင်မှုများမှ တစ်ဆင့် လူမှုအကျိုးပြု လုပ်ငန်းများ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် စီးပွားရေးအရသော်
လည်းကောင်း၊ နည်းပညာအရသော် လည်းကောင်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း
အပြည်ပြည်ဆိုင်ရာ လုပ်ငန်းများမှ နည်းပညာမြင့်များကို မြန်မာနိုင်ငံတွင်
အသုံးပြုသွားမည် ဖြစ်ကြောင်း Myanmar Connect 2013 တွင် ပြောကြားခဲ့သည်။
ထွန်းထွန်း
Ref & Credit: Internet Joural

Post a Comment