0
ဒီဇိုင်းပညာ ကျွမ်းကျင် ပညာရှင် အဆင့်အဖြစ် ရပ်တည်  အသက်မွေးလိုသူများ အတွက် ရည်ရွယ်၍ Professional Multi Designer သင်တန်း အမှတ်စဉ် ၃၃ ကို စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း  Myanmar WWW Institute (M3WI) မှ သိရသည်။


 အဆိုပါ သင်တန်းတွင် ဒီဇိုင်းပညာရှင် တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် အတွက် လိုအပ်သော အရုပ်ပိုင်း ဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ ပညာရပ်များ၊ ဟာမိုနီ ကာလာများ အကြောင်း၊ အလင်းအမှောင်နှင့် ဒီဇိုင်း အနေအထား တို့ကို သိရှိစေရန် ထိရောက်သော သင်ခန်းစာများဖြင့် ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် Vector Graphic နှင့် logo design များ ဖန်တီး ရေးဆွဲခြင်းအတွက် Adobe Illustrator အရည်အသွေးမြင့် Computer Graphic (CG) များ ဖန်တီးခြင်း၊ Poster များ ဖန်တီးရေးဆွဲခြင်း အတွက် Adobe Photoshop, 3D ရူခင်းများ၊ ရုပ်ပုံ ဖန်တီးရေးဆွဲခြင်း အတွက် Bryce ၊ လှုပ်ရှားမှုပုံရိပ် (Animation ) များ၊ Game များ ဖန်တီးရေးဆွဲခြင်း အတွက် Adobe Flash ၊ အသံပိုင်းဆိုင်ရာ တည်းဖြတ်မှုများ အတွက် ၊ ဂျာနယ် Layout Design များ အတွက် Adobe  Indesing, Electronic Publ ishing လုပ်ငန်းများအတွက် Adobe Acrobat စသည့် ဘာသာရပ်များကို လေ့လာ အသေးစိတ် သင်ကြားပေးမည် ဖြစ်သည်။ PMD သင်တန်း ပြီးမြောက် အောင်မြင်သူများသည် ဗွီဒီယို  ရုပ်သံ Editing လုပ်ငန်း၊ ဂျာနယ် မဂ္ဂဇင်း ဒီဇိုင်းလုပ်ငန်း၊ ဗီနိုင်း၊ လက်ကမ်းကြော်ငြာနှင့် Billboard ရေးဆွဲခြင်းလုပ်ငန်း၊ ဓာတ်ပုံ တည်းဖြတ်ခြင်း လုပ်ငန်း၊ Games ရေးဆွဲခြင်း လုပ်ငန်းများတွင် ကျွမ်းကျင် ပညာရှင်အဆင့်ဖြင့် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အပြင် နိုင်ငံတကာ အဆင့်မီ အွန်လိုင်း စာမေးပွဲ (ACE -Adobe Certified Expert) ဖြေဆိုလိုသူများ အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။


သင်တန်း ကာလမှာ ၃ လခန့် ကြာမြင့်မည် ဖြစ်ပြီး Design Software များနှင့်အတူ လက်တွေ့ လုပ်ငန်းခွင်များတွင် အသုံးပြုနေသည့် နည်းစနစ်များဖြင့် သင်ကြားပေးမည် ဖြစ်သည်။ အသေးစိတ် သိရှိ လိုသူများ အနေဖြင့် M3WI အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၂၈၈၊ ၅၂၁၁၂၅ သို့ဆက်သွယ်နိုင်သည်။


မိုးသူ

အင်တာနက်ဂျာနယ်

Post a Comment

 
Top