Samsungနဲ့ အပြိုင်အဆိုင်
ဖြစ်နေတဲ့ တောင်ကိုရီးယား အခြေစိုက် LGကုမ္ပဏီရဲ့ Nexus 5စမတ်ဖုန်း ဓာတ်ပုံတွေ ထွက်ရှိလာပါတယ်။
အဆိုပါ စမတ်ဖုန်းမှာ နောက်ဆုံးထွက် Android OSဗားရှင်း ဖြစ်တဲ့ Android
4.4(KitKat)ကို အသုံးပြုနိုင်ဖွယ် ရှိကာ မျက်နှာပြင်အကျယ် ၅လက်မရှိတဲ့အပြင် ထူးခြားချက်အနေနဲ့
ကြိုးမဲ့အားသွင်း စနစ်ကိုပါ ဖုန်းရဲ့ကျောဘက်ထဲမှာ ထည့်သွင်း ပါ၀င်လာတယ်လို့ သိရပါတယ်။
ဒါကြောင့် အသုံးပြုသူအနေနဲ့ ဖုန်းကို အားသွင်းမယ် ဆိုရင် အရင်လိုမျိုး ကြိုးတွေ၊
Adapterတွေနဲ့ အလုပ်ရှုပ်မနေတော့ဘဲ Charging Stoneတစ်ခုပေါ် တင်ထားလိုက်တာနဲ့ အားသွင်း
နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် LTE
bandsတွေ ပါ၀င်လာကာ NFC, Bluetooth 4.0နဲ့ CDMA, EVDO, GSM, EDGEစတဲ့ ကွန်ရက်တွေ တော်တော်များများမှာ
ချိတ်ဆက် သုံးစွဲနိုင်မှာမို့လို့ မြန်မာပြည်နဲ့ ကိုက်ညီမယ့် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးလို့
ခန့်မှန်းမိပါတယ်။ ဖုန်းမှာ တပ်ဆင်အသုံးပြုထားတဲ့ Chipဟာ Snapdragon 800 SoCဖြစ်တယ်လို့
လည်းသိရပါတယ်။ ရရှိထားတဲ့ သတင်းတစ်ခုအရ Googleနဲ့ LGတို့ ပူးပေါင်း ထုတ်လုပ်မယ့် အဆိုပါ
Nexus 5ဟာ အောက်တိုဘာလ ထဲမှာ မိတ်ဆက်ပွဲထုတ် သွားနိုင်ဖွယ် ရှိပြီး ကုမ္ပဏီအနေနဲ့တော့
ဒါတွေကို ဘာမှ အတည်ပြု ပြောကြားမှု မရှိသေးပါဘူး။
Ref-Myanmar ICT

Post a Comment