ပြီးခဲ့တဲ့ စက်တင်ဘာ
၁၀ရက်နေ့မှာ Appleက ၎င်းတို့ရဲ့ Mobile OSမျိုးဆက်သစ် iOS 7ကို တရား၀င် မိတ်ဆက်ပွဲထုတ်
ပြီးတဲ့နောက် ယခုအခါမှာတော့ iOS 7ဟာ တရား၀င် Updateပြုလုပ် နိုင်ပါပြီ။ Appleရဲ့ နောက်ဆုံးထွက်
Deviceတွေ ဖြစ်တဲ့ iPhone 5S, 5Cတို့သာမက iPhone 4, iPhone 4S, iPhone 5, တတိယမျိုးဆက်
iPad, စတုတ္ထမျိုးဆက် iPad, iPad 2, iPad Miniနဲ့ Fifth-gen iPod Touchတို့မှာ iOS
7ကို Updateပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို Updateလုပ်တော့မယ် ဆိုရင် သင့်ရဲ့
iDeviceမှာ Settings>General>Software Updateကနေ သွားရမှာဖြစ်ပြီး အဲဒီမှာ
“iOS 7 is available for download”လို့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
မြန်မာအိုင်စီတီမှာ
အစောပိုင်းက တင်ဆင်ခဲ့တဲ့ iOS 7ဆောင်းပါးမှာ ပါ၀င်ခဲ့တဲ့ ပုံစံတွေအတိုင်းပဲ ပြောင်းလဲသွားတဲ့
ပုံစံ၊ တောက်ပတဲ့ အရောင်အသွေးတို့နဲ့ အတူ သင့်ရဲ့ Deviceကို လုံး၀ ပြောင်းလဲသစ်လွင်
သွားစေမှာပါ။ iOS 7ကို Updateလုပ်လို့ ရခြင်းနဲ့အတူ App Storeမှာလည်း Updateလုပ်ထားတဲ့
Appတွေ များစွာ ထွက်ပေါ် လာပါတယ်။
အရေးကြီးဆုံး အချက်ကို
ပြောပါမယ်။ သင့်အနေနဲ့ iOS 7ကို Updateလုပ်တော့မယ် ဆိုရင် အရင်ဆုံး လုပ်ဆောင်ရမယ့်
အချက်တွေပါ။ နံပါတ်တစ်အနေနဲ့ သင့်Deviceထဲက Dataတွေကို iCloudပေါ်မှာ Backupလုပ်ထား
ရမှာဖြစ်ပါတယ်။ iOS 5နဲ့အထက် အသုံးပြုတဲ့ လူတွေအတွက်ကတော့ Backup Featureကို
Enableလုပ်ထားရင် သင့်ရဲ့ အရေးကြီး Dataအများစုကို Appleက အလိုလျောက် Backupလုပ် သွားမှာပါ။
Settings>iCloud>Backup & Storageကနေ သွားပြီး Backupလုပ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် iOSအသစ်ကို
Downloadမလုပ်ခင် Manual Backupလုပ်ဖို့ Suggestပေးလို ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်
အထက်က အတိုင်းပဲ Settings>iCloud>Backup & Storageကနေ သွားပြီး “Back Up
Now”ကို ရွေးချယ် လိုက်ရင် Backupလုပ် နေမှာ ဖြစ်ပါတယ်။ ဒါဟာ အချိန်တော့ အနည်းငယ်ကြာပါ
လိမ့်မယ်။ အရေးကြီး Dataတွေကို Backupလုပ်ပြီးပြီ ဆိုရင်တော့ သင်အသုံးမပြုတဲ့ Appsတွေကို
Uninstallလုပ်သင့် ပါတယ်။ iOS 7ကို Updateလုပ်ပြီး သုံးတဲ့အခါမှာ အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်
ဖြစ်စေဖို့ပါ။ ဒါ့အပြင် iTunesအပါအ၀င် သင်တကယ်သုံးမယ့် Appsတွေကိုလည်း နောက်ဆုံးဗားရှင်းအထိ
Updateလုပ်ထား သင့်ပါတယ်။ iOSရဲ့ အဓိက Versionတွေ ထွက်လာတိုင်း iOSအသစ်နဲ့
Compatibleဖြစ်တဲ့ Featureတွေ ထည့်သွင်း ပြင်ဆင်ထားတဲ့ iTunesလည်း ပါ၀င်လာမှာ ဖြစ်ပါတယ်။
အဲဒီလို iTunes
Updateလုပ်ဖို့ အတွက် သင့်Deviceမှာ ပါ၀င်တဲ့ iTunesရဲ့ Helpကနေ “Update”ဆိုတာကို ရွေးချယ်ရမှာပါ။
iCloudနဲ့ပဲ Backupလုပ်လုပ်၊ iTunesနဲ့ပဲ Backupလုပ်လုပ် အဓိက,က Backupလုပ်ထားဖို့
လိုအပ်ပါတယ်။ OSအသစ် Updateလုပ်တဲ့အခါမှာ တစ်ခုခုအမှားအယွင်း ဖြစ်ခဲ့ရင် Backupကနေ
ပြန်ပြီး Restoreလုပ်နိုင်ဖို့ပါ။ စမတ်ဖုန်းတွေကို Backupလုပ်ပုံလုပ်နည်း မြန်မာအိုင်စီတီမှ
တင်ဆက်ထားတဲ့ ဆောင်းပါးကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
Ref-Myanmar ICT

Post a Comment