0

General Electric(GE)မှ ဦးစီးပြီး လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဋ္ဌာန(MOEP)၏ ပူးပေါင်းပါ၀င်မှုနှင့် အတူ “Moving Forware To Power Up Myanmar”ဟူသည့် ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၄ရက်နေ့မှ ၁၇ရက်နေ့အထိ လေးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဓာတ်အားပေးစက်ရုံများနှင့် အဓိက စက်ပစ္စည်းကိရိယာတို့၏ လည်ပတ်ဆောင်ရွက် ပုံများကို MOEPမှ အင်ဂျင်နီယာများနှင့် အစီအစဉ်ရေးဆွဲသူများ အနေဖြင့် စီးပွားရေးရှုထောင့်နှင့် နည်းပညာရှုထောင့်မှ ပိုမိုနားလည် လာကြစေရန် ရည်ရွယ်ချက်ဖြင့် GEမှ ပထမဆုံးအကြိမ် အဆိုပါပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။


  
အဆိုပါ GEကုမ္ပဏီအကြောင်း ပိုမိုသိရှိလိုပါက www.ge.comတွင် ၀င်ရောက်လေ့လာနိုင်ပြီး GEမှ အကူအညီပေးရေး ဖောင်ဒေးရှင်းတစ်ခုကိုလည်း ထူထောင်ထားကြောင်း သိရပါသည်။ အဆိုပါ ဖောင်ဒေးရှင်းကိုတော့ www.gefoundation.com မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။




Ref-Myanmar ICT





Post a Comment

 
Top