အင်တာနက်အသုံးပြုသူတွေအတွက် မိမိတို့ရဲ့ Privacy, Securityကို ဂရုစိုက်ဖို့
လိုအပ်ပါတယ်။ မကြာမီက အမေရိကန်ရဲ့ National Security Agnecy က အင်တာနက်အသုံးပြုသူတွေ အပေါ်ကို စောင့်ကြည့်လေ့လာနေတဲ့ PRISM ဆိုတဲ့
Project ကိစ္စ လူသိရှင်ကြားဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက် အသုံးပြုရတာ လုံခြုံမှု
မရှိတော့ပါဘူး။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ Personal Data တွေကို ပေးပို့ရယူတော့မယ်ဆိုရင်
တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက သင့်ရဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်တယ်ဆိုတာ သတိပြုပါ။
အဲဒီအတွက် လုံခြုံစိတ်ချစွာ အင်တာနက် အသုံးပြုနိုင်မယ့် နည်းတွေကို ဒီဆောင်းပါးမှာဖတ်ပါ။
Emailကို
Encrypt လုပ်ပါ။
Email ကို
Encrypt လုပ်တယ်ဆိုတာ Emailကို Code တွေ အဖြစ်
ပြောင်းလဲလိုက်တာဖြစ်ပြီး သင်သတ်မှတ်ထားတဲ့ Password Key ကို အသုံးပြုမှသာ Email ကို
ဖတ်လို့ရမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အီးမေး ပေးပို့တော့မယ်ဆိုရင်
Encrypt လုပ်ပြီး ပေးပို့သင့်ပါတယ်။ Encrypt လုပ်ဖို့အတွက် Mailvelope ဆိုတဲ့
Browser Extensionကို သုံးနိုင်ပါတယ်။Secure Gmail ဆိုတဲ့ Extension ကို အသုံးပြုနည်းကိုလည်း
ရေးပေးထားပြီး လေ့လာဖတ်ရှုပါ။
Chat
Conversation တွေကို Encrypt လုပ်ပါ။
Chat Client တော်တော်များများက
Off-the-Record Messaging ဆိုတဲ့ Encryptionကို အသုံးပြုကြပါတယ်။ သင်ပေးပို့လိုက်တဲ့
Message တွေကို ဖတ်ဖို့ သင့်ရဲ့ Password Keyကို အသုံးပြုဖို့ လိုပါတယ်။ဒီလို အသုံးပြုဖို့အတွက်
Adium, Pidgin လို Chat Application တွေကို သုံးနိုင်ပါတယ်။
Cloud Storage တွေကို
လုံခြုံအောင် ပြုလုပ်ပါ။
Cloud Storage တွေမှာ
အရေးကြီးတဲ့ ဖိုင်တွေကို သိမ်းမယ်ဆိုရင်လည်း လုံခြုံအောင် ပြုလုပ်ထားသင့်ပါတယ်။ သင်အသုံးပြုတဲ့
Cloud Storage တွေ Hack ခံရရင် သင့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက်ပါ။
Dropbox ကို အသုံးပြုရင် SafeMonk ဆိုတဲ့ Applicationကို သုံးနိုင်ပါတယ်။ SafeMonk
က သင့်ဖိုင်တွေကို Encrypt လုပ်ပေးနိုင်ပါတယ်။
Password
Manager တွေ အသုံးပြုပါ။
Password
Managerတွေ အသုံးပြုရင် Master Password တစ်ခုသာ မှတ်ထားစရာလိုပြီး သင့် Passwords
အားလုံးကို မေ့ထားလို့ ရပါပြီ။ Browser တွေမှာ
Password Managerတွေ ပါရှိပါတယ်။ ဒါပေမယ့် Browser တွေရဲ့ Password Manager
တွေမှာအားနည်းချက်တွေ ရှိပါတယ်။ Browser တွေရဲ့ Password Manager တွေကို နှိုင်းယှဉ်ပြီး
Review လုပ်ထားတဲ့ ဆောင်းပါး မှာဖတ်ပါ။ LastPass လို Password Manager ကို အသုံးပြုရင်
သင့် Password တွေကို Encrypt လုပ်ပြီး သိမ်းထားနိုင်တဲ့အပြင် 2 Factor
Authentication တွေပြုလုပ်ပြီး LastPass အကောင့်ကို Password နှစ်ထပ်နဲ့ ကာကွယ်ထားနိုင်ပါတယ်။
ဒါ့အပြင် LastPass က Password Generator ပါရှိပြီး မှန်းဆရခက်တဲ့၊ ဖောက်ထွင်းရခက်တဲ့
Passwordတွေ ပြုလုပ်ပေးနိုင်ပါတယ်။
Two-Factor
Authentication ကိုအသုံးပြုပါ။
အင်တာနက်မှာ
Google, Facebook, Microsoft အပါအ၀င် Service အချို့က သင့်အကောင့်ကို Password နှစ်ထပ်နဲ့
ကာကွယ်နိုင်အောင် ပြုလုပ် ပေးထားပါတယ်။ Two-Factor Authentication or Multi-Factor
Authentication or 2-Step
Verification ပြုလုပ်နိုင်တဲ့ Service တိုင်းမှာ
အဲဒီ Security Featureကို အသုံးပြုခြင်းဖြင့် သင့်အကောင့်တွေကို ကာကွယ်နို်င်ပါတယ်။
Two-Factor Authentication တွေကို အသုံးပြုနိုင်တဲ့ Servicesတွေ အကြောင်းကို ဒီဆောင်းပါး မှာ လေ့လာပါ။ မကြာသေးခင်က Code တွေ Share လုပ်နိုင်တဲ့
၀က်ဆိုက်တစ်ခုဖြစ်တဲ့ GitHub ကလည်း Two-Factor Authentication ကို အသုံးပြုခွင့် ပေးလိုက်ပြီ
ဖြစ်ပါတယ်။
အထက်ပါနည်းတွေကို
အသုံးပြုပြီး သင့် Internet Lifeကို လုံခြုံအောင် ကာကွယ်နိုင်ပါပြီ။
Ref-Myanmar ICT
News
Post a Comment