0
စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်တွေ့ဆုံရာတွင် တင်ပြတောင်းဆိုခဲ့ကြောင်း စစ် တွေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့မိမြို့ဖအဖွဲ့မှ သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦတင်နိုင်သိန်းတို့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ မြို့မိမြို့ဖများ၊ မြို့နယ်၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် စစ်တွေ မြို့၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
"စစ်တွေတက္ကသိုလ်ကိစ္စ အပါအဝင် အချက်သုံးချက်တင်ပြခဲ့တယ်" ဟု ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။ စစ်တွေတက္ကသိုလ်သွားရာလမ်းတစ် လျှောက်တွင် ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်းသွားရခြင်းနှင့် ပတ်ဝန်းကျင်တွင် ဘင်္ဂါလီကျေးရွာ၊ ဒုက္ခသည်စခန်းများ ဝိုင်းရံတည်ရှိနေခြင်းကြောင့် လုံခြုံရေးအန္တရာယ်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံ များက ပြောကြားသည်။
"ကျောင်းတွင်းရော၊ အပြင်မှာပါ လုံခြုံရေးအပြည့်အဝ ချထားပါတယ်။ ရဲတပ်ရင်းအပြင် တပ်မတော် လည်းရှိပါတယ်"ဟုရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဝန်ကြီး နှစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ "အရင်လိုအုပ်ချုပ်ရေးအဖွဲ့ကို လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝမပေးတော့ဘူး။ မြို့မိမြို့ဖများနဲ့ တိုင်ပင်လုပ်ဆိုတဲ့ သဘောပါပဲ" ဟုမြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးသာပွင့်က ပြောသည်။

7Day Daily
No.146, SEP.17, 2013

Post a Comment

 
Top