ကျွန်တော်တို့ မိသားစုလေး အေးအေး ချမ်းချမ်းလေးနဲ့ လုပ်ကိုင် စားသောက်
လာခဲ့ကြတာ အခုဆိုရင် နှစ်တွေတောင် အတော်ကြာပြီ။ အမေက ကျောင်းဆရာမ အဖေကတော့
လယ်သမား သိပ်တော့ မဟပ်ဆပ်ပေမယ့် လက်ထပ်လိုက်တော့ ဟပ်ဆက်သွားတာပေါ့။
အဖေကတော့ လူရိုးကြီး အမေကတော့ မိန်းမလည် အမေက အဖေ့ဆိုရင် အသေနိုင်တယ်။
ဒါပေမယ့် ကျွန်တော် အဖေနဲ့ အမေက ရန်မဖြစ်ဘူး။ စကားကတော့ ခဏခဏ များတယ်ဗျ။
ကျွန်တော်ကတော့ တစ်ဦးတည်းသော သား ပေါ့။ ကျွန်တော့်ဆို အဖေရော အမေရော
စပ်စပ်တုန်အောင် ချစ်တယ်။ ဒီလောက်ဆို ကျွန်တော်တို့ မိသားစု ဘဝလေးကို
အနည်းအကျဉ်းတော့ သိလောက်ရောပေါ့။
တစ်နေ့မှာတော့ ကျွန်တော်တို့ မိသားစုလေးဆီသို့ ကံကြမ္မာမုန်တိုင်း တစ်ခု
ဝင်ရောက် လာပါတော့တယ်။ ကျွန်တော့ အဖေက လယ်ထဲမှာ မြွေကိုက်တာကို
ခံလိုက်ရပါတယ်။ မြို့နဲ့ နဲနဲဝေးတော့ ဆေးရုံကို သွားရတာ အချိန်ကြာတာပေါ့။
ဆေးရုံကို ရောက်တော့ ကျွန်တော့် အဖေ အသက်ကို မကယ်နိုင်ခဲ့ဘူး။
အဖေဆုံးသွားတယ်။ ကျွန်တော် အဖေလို့ ရေရွတ်ရုံမှ တစ်ပါး
ဘာမှမပြောနိုင်ခဲ့ပါဘူး။
အရင်တုန်းက အရမ်းကို ပျော်ရွှင်စရာ ကောင်းခဲ့တဲ့ ကျွန်တော်တို့
မိသားစုလေး ခုတော့ တစ်စစီ ကျိုးပဲ့ သွားခဲ့ပြီ။ ဒီလိုနဲ့ ကျွန်တော့်
ရင်ထဲမှာ နေသားတစ်ကြတောင် ဖြစ်လာခဲ့တယ် ဆိုပါတော့ဗျာ။ ကျွန်တော့် အမေ့ကို
ပိုပြီး ဂရုစိုက် ချင်စိုက်တွေ ပိုလာတယ်။ ဘာလို့ဆိုတော့ အဖေသာ ဆုံးသွားတယ်
အဖေ့အတွက် ရေလေးတစ်ခွက်တောင် ခပ်မတိုက်ခဲ့မိဘူး။ အဖေ မရှိတော့မှ နောင်တတွေ
ရမိနေမိတယ်။
အမေကို ကျွန်တော် သေချာပြုစု စောင့်ရှောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သို့ပေမယ့် လက်တွေ့မှာတော့ အမေကသာ ကျွန်တော်ကို စောင့်ရှောက်နေတယ်။
အဖေမရှိသောသား လူဘုံအလယ်မှာ မျက်နှာငယ်ရမှာ ဆိုးလို့တဲ့လေ။ အဖေမရှိတော့
ပေမယ့် အမေပေးတဲ့ အနွေးဓာတ်တွေက ကျွန်တော် ဘဝအတွက် ဘာမှလိုလေစိတ် မရှိအောင်
လုံခြုံနွေးထွေးတယ်။
ဒါပေမယ့်ဗျာ။ အမေက ကင်ဆာရောဂါ ရှိတယ်ဆိုတာကို ကျွန်တော် အိမ်နားက
လူတွေပြောသံကြား လိုက်ရတယ်။ အမေရယ် ဘာကြောင့် ဒီရောဂါကြီးကို ဆေးမကု သဘဲ
ထားတာလဲလို့ သိချင်စိတ်တွေ ပေါ်လာတာပေါ့။ ညအိပ်ယာဝင်တော့ အမေရဲ့ဘေးနားလေးမှာ
အိပ်ပြီး အမေကို ဖွဖွလေးမေးလိုက်တယ်။
အမေဘာကြောင့် ကင်ဆာရောဂါကို မကုရတာလဲလို့ အမေက ပြန်ဖြေလိုက်တယ်။ "
ငါ့သားကို ကျောင်း ထားမပေးနိုင်မှာ ဆိုးလို့တဲ့လေ" ကျွန်တော် အဲဒီစကားကို
ကြားလိုက်ရတော့ ဘာဆို ဘာမှ မပြောတတ်လောက် အောင် ဆွံအ သွားတယ်။
မိဘမေတ္တာဆိုတာ အတော်ပဲ ကြီးမားကျယ်ပြန့် ပါပေတကား။
ဒါကြောင့် မိဘတွေ ရှိနေတုန်းမှာ ပြုစုစောင့်ရှောက်ပါ။ မိဘဆိုတာက ဘာနဲ့မှ
အစားထိုးလို့ မရတဲ့ အရာဖြစ်တယ်။ မိဘတွေ မရှိတော့မှ ငါ့ မိဘတွေကို ပြုစု
ချင်လိုက်တာလို့ ညဉ်းတွားနေရုံမှ တစ်ပါး ဘာမှ လုပ်လို့ မရဘူး။
တကယ်တော့ မိဘဆိုတာ သားသမီးတွေ အတွက်ဆို အရာအရာကို စွန့်လွှတ်ပြီးသာပါ။
အဲဒါတွေက အခုမှ မဟုတ်ပါဘူး သင် မမွေးခင် ဒီအမ္ဘာမှာ မိဘဆိုတဲ့ အရာ
စရှိကတည်းပေါ့။ ယခု လက်ရှိ အချိန်ဟာ သင့်မိဘကို ပြုစုဖို့ အကောင်းဆုံး
အချိန်ပါပဲ။
ကျော်လင်းနိုင်
ရိုးရာလေး
Subscribe to:
Post Comments (Atom)
Post a Comment